ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အခုတစ်လော....
ရိုးသားကြိုးစား ဧရာဝတီသား ရဲ့ တက်ဂ်ပိုစ့်လေး ကို ရေးပေးမယ်နော်။ ရင်တွင်းဖြစ်တွေပေါ့။ အဟိ...
အစ်မငယ် နေကောင်းပါတယ်။ စိတ်လည်း နေကောင်းပါတယ်။ စီးပွားရေး လည်း ပုံမှန်ပါပဲ။(လစာပဲရတာကိုး) :P
အစ်မငယ် may16 အခုတစ်လော....
တွေးနေမိတာက
အင်း...ခန္ဓာရတော့ အိုရအုံးမယ်၊ နာရအုံးမယ်၊ သေရအုံးမယ်။
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မင်းက တရားမှ မရှိပဲကွာ....။
ကျန်းမာရေး
ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး။ အခုတော့ မျက်နှာ တခြမ်းရောင်နေတယ်။ (သွားကိုက်နေလို့)
ဖတ်ဖြစ်တဲ့စာအုပ်က
မြတ်ဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒများကို ဖတ်မှတ် ထုထောင်း ထည့်နေတယ်။
ရောက်နေဖြစ်တာက
ရောက်ဖြစ်နေတာက လူ ဘ၀။ လိုချင်တာ က နိဗ္ဗာန်(ဆုတောင်းနေယုံနဲ့တော့မရ)
ရေးဖြစ်နေတာက
ကိုယ်တိုင်ကူးရေးလေးတွေ ပေါ့။ ( အများတကာ ကိုယ့်လိုပါ...သုတ ရစေချင်)
နားထောင်ဖြစ်နေတာက
စုံစီနဖာ ဟိုစပ်စပ်ဒီစပ်စပ်...အကုန်..လာထား။
ရွတ်နေမိတာက
မနေရလို့ သေကြတဲ့အခါ
ကိုယ့်နောက်ကိုကား ဘာများပါမှာ။
ပစ္စည်းဟူက မြူမျှမပါ၊
ကိုယ်ပြုထား ကံများ ကိုယ့်နောက်ပါ။
ဖြစ်ချင်နေတာက
ဈေးနားနီးနီး တိုက်ကြီးကြီးနဲ့။ (တရားမရှိတာ...လောဘတွေ)
စားဖြစ်နေတတ်တာက
မနက်Coffee၊ ည Coffee
သနားနေမိတာက
ငါ့ဥစ္စာ ငါ ငါ ငါ ကိုယ်ပါ
ပြောတာ ခွေးအော်ပမာမည်။
လွမ်းနေမိတာက
အရင်းမှ အဖျားတိုင်အောင် ချိုသော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။
မေ့လျော့ပစ်နေမိတာက
ငါသည် မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်(မိုးကုတ်ဆရာတော်ဘုရားကြီး)
ခါးသက်နေမိတာက
အရင်းပိုင်းသာချို၍ အဖျားရောက်သော် ရသာပေါ့ပျက် အချိုရည်မထွက်သော ကြံ၏ သဘောနှင့်တူသော မိတ်ဆွေ။
တမ်းတနေမိတာက
ငယ်ဘ၀ ( လွတ်လပ် အေးချမ်း တွေးတောမှုမရှိ)
ကြိတ်ပြီးချီးကျူးနေမိတာက
သူတော်ကောင်းတရား ကျင့်ကြံအားထုတ်နေသူတွေ။
ဆန္ဒမရှိတဲ့နေရာ
၎ပေ၊ ၆ပေ တွင်း။
ဆန္ဒရှိနေတဲ့ကိစ္စ
အရာရာကို အကောင်းအတိုင်း ရှိစေချင်။
မုန်းတီးနေမိတာက
မရှိပါ။
စွဲလန်းနေမိတာက
ကော်ဖီ( ကော်ဖီသောက်တိုင်းလွမ်းတယ်)
လိုအပ်နေတာက
လိုအပ်နေတာ..............(blank)
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
လူဖြစ်ရတဲ့ ဒုက္ခ....( မင်းက တရားမှ မရှိဘဲကွာ)
တလက်စတည်း အခုတစ်လော....ဘာတွေလုပ်လို့ ...ဘာတွေဖြစ်....သိချင်သေးတယ်။ ဆက်..တက်ဂ်မယ်နော်
(၁)ကျမအတွက် ပင်လယ်ကအပြန် ကျောက်ခဲကောက်လာပေးလို့ ကျေးဇူးရှိတဲ့ မောင်ငယ် နေမင်းသံစဉ် (သူ့ကိုပစ်ဖို့ကောက်ပေးတာနေမှာ)
(၂)တစ်မြိုတည်းသားချင်း ဖြစ်တဲ့ အမေ့လက်ရာ (မအားဘူး မပြောပါနဲ့)
(၃) ခေါက်ဆွဲကြော် တ၀က် ကျွေးမယ် ဆိုတဲ့ ကျေးဇူးရှင် ကိုတိုးလေး (ကျေးဇူးကြီးတယ်)
ရေးပေးပါလို့ အနှုးအညွတ်တောင်းပန်ရင်း.......။
အားလုံးလေးစားလျှက်...
12 comments:
  1. အစ်မငယ် ရေ၊ ရေးပေးတာ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။ နေကောင်းကျန်းမာကြောင်း သိရလို့ဝမ်းသာ ပါတယ်။ သွားကိုက်နေတာလည်း အမြန်ဆုံး သက်သာ ပျောက်ကင်းပါစေဗျာ။
    ကော်ဖီတော့ လျှော့သောက်ပါလား ဟင်။ မနက်ကော်ဖီ၊ ညကော်ဖီ နဲ့ များလွန်းရင် မကောင်းဘူးလေ။
    အဲ ... မိတ်ဆွေတွေ ကို လွမ်းတိုင်းတော့ ကြံတွေချည်း စားမနေနဲ့ဗျ။ (သွားထပ်ကိုက်မှာ ဆိုးလို့ :P)
    တရား မရှိမှန်း သိတယ့် အစ်မငယ် က ကျွန်တော်တို့ထက် အများကြီးပို တရားရှိပါတယ်။
    အဆင်ပြေ ပျော်ရွှင်ပါစေဗျာ။
    ခင်မင်လျက်
    ReplyDelete
  2. မမေ16 ရေ
    ခုတလောလေးကို ဖတ်သွားပါတယ်
    ပျော်ရွှင်အေးချမ်းပါစေဗျာ
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  3. ဆန္ဒမရှိတဲ့နေရာကို မတွေးချင်သေးဘူး (မင်းကတရားမှ မရှိဘဲကွာ)
    မုန်းတီးနေတာမရှိလို့ ချီးကျူးရမယ် အနည်းငယ်တော့ စိတ်အေးချမ်းခွင့်ရမှာပဲလေ..။
    ReplyDelete
  4. ဆန္ဒမရှိတဲ့နေရာ
    အတော်ဝလားဟင်.....:D
    ရောင်နေတဲ့ ပါးတစ်ချမ်း မြန်မြန်ပိန်ပါစေ။
    ReplyDelete
  5. အရင်းမှ အဖျားတိုင် ချိုသော မိတ်ဆွေများ အနားမှာ ၀ိုင်း၇ံခစားပါစေသား..ဗျာ။ ကျနော်လဲ ငယ်သူငယ်ချင်းတွေ လွမ်းတယ်ဗျ။
    ReplyDelete
  6. အလည်ရောက်တုန်း “ ခုတလော ”ကို ဖတ်သွားပါတယ် ဘာသာတရား နဲ့ ထုံးမွှန်နေ တာကို တွေ့ ရလို့ အားကျလေးစားမိပါတယ် ..... သွားကိုက် အမြန်ပျောက်ပါစေ ..... :D
    ReplyDelete
  7. အမ မေ ဘဲ ရှိသေးတယ် နော် အမပန်းကဗျာကျန်သေးတယ် သူကိုလည်း ရေးပါလို့ ကျနော် ကပြောတယ်နော် ဒီကနေဘဲ တဂ်တယ် ဟဲဟဲ
    ဘယ်ရမလဲ ဒီလို ရှောင်ချင်လို့ :P
    ရေးပေးပါ့မယ် မကြာမီလာမယ် နော်..
    ReplyDelete
  8. ဟား..နာမပါဘူး တော်သေးတယ် ဟဲဟဲဟဲ..။
    ပြောလိုက်လို့လား မသိ ကိုယ်ပိုင် အတွေးအရေးတွေ ချလာပြီဟ..။ ဒါတောင် မလွတ်ဘူးနော် သူများ အတွေးတွေ ပါနေသေးတယ် အဟီးဟီး....။
    ReplyDelete
  9. ကိုတိုးလေးAugust 15, 2009 at 9:08 AM
    အစကတည်းကခေါက်ဆွဲကြော်တစ်ဝက်ပဲကျွေးမှာလေ အခုတော့ကျွန်တော့်ကို တဂ်ထားလို့မကျွေးတော့ဘူးရယ်။..... အင်းနောက်တော့ရေးပေးပါ့မယ်နော်အမရေ အဆင်ပြေပျော်ရွှင်ပါစေနော်အမ။
    ReplyDelete
  10. တက်ဂ်တဲ့မောင်လေး ဧရာဝတီသားလည်းကျေးဇူးပါ။
    ကွန်မန့်ပေးတဲ့မောင်နှမတွေလည်းကျေးဇူးပါ။
    ကိုအိမ်ရေ...သူများအဆိုတွေပါတယ်ဆိုတာက...ကို ထက်တော်သူတွေရဲ့ စကားဆိုတာ လိုက်နာကျင့်သုံးကောင်းပါတယ်။ ယူသုံး ယူမှတ် ယူကျင့်ခဲ့ ကြလို့လည်း ဒီအဆိုတွေက အခုထက်ထိရှိသေးတာပေါ့။ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့နော်။ ခေတ်စကားနဲ့ပြောရင် ကိုယ့်စတိုင်နဲကိုယ့်ပေါ့နော့်။ အဟ...
    အားလုံးအောင်မြင်ပျော်ရွင်ပါစေ။
    မေ၁၆
    ReplyDelete
  11. မဟုတ်ရပါဘူး အန်တီရယ်....... မရေးဖြစ်တာပါ။
    ကော်ဖီ ကော်ဖီ အနော်တော့ ဖြတ်ထားတာ ကြာပြီလို့ ပြောမို့.. အရင်ကဆို တနေ့ကို အနည်းဆုံး တအိုးပဲ (ရာဝင်အိုးဟုတ်ဘူးနော်)။ နှလုံးဖောက်လာလို့ ဖြတ်ပစ်၏။ အင်း ဆန္ဒမရှိတဲ့နေရာ ကတော့ နဲနဲ လွဲနေတာ။ အနော်ကတော့ နေသင့်သလောက်ထိ နေချင်တာပဲ၊ ၁၀၀ ကျော် ၁၀၀ နီးပါးတော့ မနေချင်။ ပျင်းစရာကြီး ဟီးဟီး.............
    ReplyDelete
  12. မနက်ကော်ဖီ ညကော်ဖီ နေ့လည်ခင်းလည်း ကော်ဖီ
    အကြိုက်တူတယ်
    တရက်ပဲ ကွာတာကိုးနော့း)
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။