ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စကားအင်္ဂါ (၁၀)ပါး

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေးကျင့် ပေးသင့်ကြရပါမည်. . . .
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

ဒေါက်တာမတင်ဝင်း
(သီတဂူဆရာတော်ဘုရား၏ တရားတော်များထဲမှ ထုတ်နှုတ်တင်ပြပါသည်)

အားလုံးကိုချစ်ခင်လေးစားလျှက်...

7 comments:

  1. မှန်ပါတယ် .. ဗျာ
    ကျွန်တော်နဲ့မကိုက်တာတွေတော့ တော်တော်လေးတွေ့တယ်
    ဘာတွေလည်းတော့ပြောတော့ဘူးနော်
    ကျွန်တော်ဘာသာ ပြင်နိုင်အောင်ကြိုးစားကြည့်လိုက်ဦးမယ်
    ရသွားမှကျေးဇူးထပ်လာတင်ဦးမယ်

    ReplyDelete
  2. ဒီလိုတင်ပြပေးတော့ ဖတ်ရမှတ်ရတာပေါ့။
    အကုန်ပြည့်စုံတယ်လို့ ပြောမသွားတော့ပါဘူးလေ။ :D

    ချမ်းမြေ့သာယာရှိပါစေ။

    ReplyDelete
  3. သုဂတော ဂုဏ်တော်နဲ့ ပြည့်စုံတော် မူသော ဗုဒ္ဓ မြတ်စွာဘုရားအား ပို၍ကြည်ညိုစိတ်ဖြစ် မိပါ တယ် မျှဝေတဲ့ အတွက် ကျေးဇူးတင်ပါ တယ် အေးမြသာယာပါစေ .....

    ReplyDelete
  4. စကားအချက် ၁၀ ချက်ကို လေ့လာမှတ်သားသွားပါတယ်။

    ReplyDelete
  5. မှတ်သားစရာ လေးမို. အထပ်ထပ်ကို
    ဖတ်မိသွားတယ်ဗျာ ...

    ReplyDelete
  6. စကားအင်္ဂါ၁၀ပါးကို သေသေချာချာ မှတ်သားသွားပါတယ် .. အခုလို ဖော်ပြပေးတာ
    ကျေးဇူးကမ္ဘာပါ ..

    ညီမလေး

    ပန်းခင်း

    ReplyDelete
  7. မှတ်သားသွားပါတယ်ဗျား.. ဒါနဲ့ မသိလို့မေးဦးမယ် ဒီဘလော့လာတိုင်း သူများရေးထားတာချည်းပဲ ဖတ်နေရတယ် ကိုယ်တိုင်ရေးတာလေးလဲ လုပ်ဦးဟ.. ကြားဖူးတာလေး ပြောပြမယ် လူတယောက်ပေါ့ သူစကားပြောတိုင်း ဘယ်သူ့ အဆိုအမိန့်၊ ဘယ်ဝါ့ အဆိုအမိန့်၊ ဘယ်သူဆို ဘယ်လိုလုပ်ခဲ့တာ ဘာညာနဲ့ တနေ့တော့ သူ့သူငယ်ချင်းက မေးတယ်... မင်းနှယ်ကွာ ပြောလိုက်တိုင်း ဘယ်သူ့ အဆိုအမိန့် ဘာညာနဲ့ မင်းကိုယ်တိုင်ရဲ့ အဆိုအမိန့်လေး တခါတလေ ပြောပါဟ ဆိုတော့ အဲဒီလူက ငါကိုယ်တိုင်က ဘာမှ မသိလို့ သူများ အဆိုအမိန့်တွေချည်းပြောနေရတာဟ လို့တော့ မလုပ်နဲ့နော်... အဟဲဟဲဟဲ... မသိမသာလေး ဖဲ့တယ်တော့ မထင်စေချင်ပါဘူး.. ဟဲဟဲဟဲ ဖတ်ချင်လို့ပါနော်..။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။