ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

၃။ အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက


အလောင်းတော်နတ်သားကို နတ်ဗြဟ္မာများက
တုသိတာနတ်ပြည်မှ စုတေဘို့ရန် တောင်းပန်နေပုံ။

ဘုရားအလောင်းတော်သည် လေးင်္သချေနှင့် ကမ္ဘာတစ်သိန်းတိုင်အောင် ပါရမီကုသိုလ်များကို ဖြည့်ကျင့်၍ ဘုရားမဖြစ်မီ တစ်ဘ၀၌ တုသိတာနတ်ပြည်ဝယ်။သေတကေတု မည်သော နတ်မင်းဖြစ်လေသည်။ ထိုနတ်မင်းသည် နတ်အသက်စေ့၍ စုတေဘို့ရန် အချိန်နီးလတ်သော် စကြာဝဋ္ဌာ ကမ္ဘာတစ်သောင်းမှ နတ်ဗြဟ္မာတို့သည် ဘုရားအလောင်းစံရာ တုသိတာနတ်ပြည်သို့ စုပေါင်းလာရောက်၍ တောင်းပန်ကြသည်မှာ-
အရှင်နတ်သား အရှင်သည် လူနတ်စည်းစိမ်ကို ခံစားဘို့ရာ ပါရမီတို့ကို ခံစားဘို့ရာ ပါရမီတို့ကို ဖြည့်ကျင့် ခဲ့သည် မဟုတ်ပါ။ သတ္တ၀ါတို့ကို ကယ်တင်နိုင်သော ဘုရားဖြစ်ဖို့ရာ ဖြည့်ကျင့်ခဲ့ပါသည်။ယခုအခါ ဘုရားဖြစ် ရန် အချိန်တန်ပြီ ဖြစ်ပါ၍ နတ်ပြည်မှ စုတေပြီးလျှင် လူ့ပြည်၌ ပဋိသန္ဒေနေတည်နေတော်မူပါ ။ဤသို့ တောင်းပန်ကြသဖြင့် လူ့ပြည်၌ ပဋိသန္ဒေ နေဖို့ရန် ၀န်ခံတော်မူလေသည်။

THE HIGHER AND LOWER GODS BESEECHIN THE FUTURE BUDDHA TO LEAVE TUSITA HEAVEN TO BE REBORN AS A MAN

The Future Buddha fulfilled the Ten Perfection in his many existences over a period of four Incalculables (asankhayeyas) and one hundred thousand world. In one life before the life when he became the Buddha.he was born as one of the chief gods and know as "Setaketu" in the celestial city of the Tusita gods. When the span of his life there as a god was fast approaching its end, the higher and lower gods of all ten thousand worlds came into one place in Tusita heaven and approached the Future Buddha you fulfilled the ten Perfections; but it was to become a fully enlightened Buddha in order to save the world, that you fulfilled them. Sir, the time and fit seasons for your Buddha has now arrived. Be so good as to depart from the world of gods and take conception in the womb of a human mother in the world of men. The Great Being assented to their wish.


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

2 comments:

  1. တခါမှ မကြားဖူးဘူးဗျ။ ခုမှပဲ ကြားဖူးတာဗျ။
    အင်းနော် တမျိုးကြီးပဲ စုတေဖို့ ၀ိုင်းတောင်းပန်တယ်ဆိုတော့ သာမန်နတ်သားတယောက်သာဆိုရင် သူ့ကြည့်
    မရလို့ အတင်း စုတေခိုင်းတယ် ထင်မှာ အမှန်ပဲ
ှဗျ။ ဟီ တွေးမိတာလေး ရေးလိုက်တာပါနော်။

    ReplyDelete
  2. ဦးဦးအိမ်ကတော့လေ..... သူတွေးမိတာကလည်း.....
    မမရေ... စုတေဖို့ တောင်းပန်တယ်ဆိုတာ ဘုရာလောင်းနတ်သားတိုင်း ကြုံတွေ့ရတာပဲဟာနော်....
    သူ့အချိန်သင့်မှ တောင်းပန်မှ စုတေပြီး ပဋိသန္ဓေတည်ရတာပဲဟာနော်.....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။