ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကျစ်လစ်သွယ်လျ အဆီကျဖို့

ဆွဲဆောင်မှုရှိစေဖို့ မော်ဒယ်တွေလောက် မပိန်ရင်တောင် ကျစ်လျစ်သွယ်လျတဲ့ ခန္ဒာကိုယ် အချိုးအစားကို ပိုင်ဆိုင်သင့်ပါတယ်။အခု ခေတ်စားတဲ့ ဖက်ရှင်တွေကလည်း ကောက်ကြောင်း အသားပေးပုံစံတွေ ဆိုတော့ ခေတ်နဲ့အညီ အမီလိုက်ဖို့ သင့်ဘော်ဒီကလည်း လန်းနေမှာ ဖြစ်မှာနော်။

၁။ တစ်နေ့ကို မိနစ် ၂၀လောက်သင့်တင့်တဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ် ပေးသင့်ပါတယ်။တစ်ပတ်ကို နှစ်ကြိမ်လောက် အလေးနဲ့ ကစားရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရင်တော့ ပိုပြီးထိရောက်ပါတယ်။
၂။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်ရင် နည်းနည်းစီနဲ့ တစ်နေ့ ငါးကြိမ်လောက်စားပါ။သူတို့က ကယ်လိုရီနည်းတယ်လေ။
၃။ ညစာမစားဘဲနေတာလည်း အလေ့အကျင့်ကောင်းတော့ မဟုတ်ပါဘူး။ တစ်ထိုင်တည်း အများကြီးစားမယ့် အစားနည်းနည်းစီ ခွဲစားထားတော့ ပိုသင့်လျော်ပါတယ်။
၎။ အစားအစာတွေမှာ ပါဝင်တဲ့ ကယ်လိုရီပမာဏတွေကိုလည်း သိထားဖို့လိုပါတယ်။ဒါမှ ကယ်လိုရီများတဲ့ အစားအစာတွေကို အများကြီး မစားမိအောင် ရှောင်နိုင်မှာပါ။
၅။ အချိုကဲတဲ့ဖျော်ရည်တွေကလည်း သင့်ရဲ့ ပယ်စာရင်းထဲမှာ ထိပ်ဆုံးက ပါပါတယ်။ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ အချိုရည်တွေကို သောက်မယ့်အစား တစ်နေ့ ရေရှစ်ဖန်ခွက်လောက် သောက်ပေးတာက သင့်အတွက် အကျိုးရှိပါတယ်။
၆။ အမြန်စားနိုင်တဲ့ ရယ်ဒီမိတ် အစားအစာတွေကိုလည်း သင့်ရဲ့ ဝေးဝေးရှောင် စာရင်းထဲ ထည့်ရမှာပါ။တတ်နိုင်ရင် လတ်ဆတ်တဲ့ အစားအစာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပြီးစားပါ။
ရ။ အပြင်ထွက်စားပြီဆိုရင် ကိုယ်မှာထားတာကို မကုန်မချင်း စားရမယ်လို့ ဘယ်သူကမှ မသတ်မှတ်ထားပါဘူး။ နိုင်သလောက်ပဲစားပါ။ နှမြောတယ် ဆိုရင်လည်း အိမ်ကိုပြန်ထုပ်ယူ သွားနိုင်တာပဲ။

စာဖတ်သူများအားလုံး ကျစ်လစ်လှပတဲ့ ခန္တာကိုယ် .အလှပိုင်ရှင်လေးများဖြစ်ပါစေ...
(ဒီပို့စ်ကို . . ကျွန်မသူငယ်ချင်း ရန်ရန်အတွက်အထူး. . . ဖော်ပြပေးလိုက်ပါတယ်. )

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

အားလုံးကိုချစ်ခင်လေးစားလျှက်...

5 comments:

  1. လေ့ကျင့်ခန်းလဲ မလုပ်ဖြစ်တာ ကြာပြီ။ အစားကလဲ ကြုံသလို ဖြစ်သလို..။ ကျေးဇူးပါပဲဗျာ။ ဘာပဲ ဖြစ်ဖြစ် အလေးထား လိုက်နာ သင့်တာတွေပဲ။ အကျိုးရှိတဲ့ ပို့လေးတစ်ပုဒ်ပါ။ ထမင်းသွားစားတော့မှာမို့ အသီးအရွက် တော့ များများ စားခဲ့မယ်။ :P နောက်တာပါ။ အဆင်ပြေပါစေ။

    ReplyDelete
  2. အားလုံးကို လုပ်နိုင်ပါတယ်.. တစ်ခုပဲ... ကော်ဖီတော့ မသောက်ပဲ မနေနိုင်ဘူးဗျာ... ဟီး...

    ReplyDelete
  3. အဲ ကောင်းလိုက်တဲ့ပိုစ့်
    ညခင်းကတော့ တော်လေးဝ ဖြစ်နေပါပြီ။
    တော်တော်လေးဝ နေတာပြောတာ ...ဟဟ

    ReplyDelete
  4. ကျွန်တော်ကတော့ ပိန်ပြီးသားဖြစ်လို့
    လိုက်နာစရာမလိုဘူးဗျး)

    ReplyDelete
  5. အသင့်စား လို့ ရတဲ့ အစားအစာတွေတော့ ဝေါင်ဝေါင်
    ရှေးလို့ ရဘူးနော်.. ၀က်ပုပ်ကြိး ပဲလုပ်တော့မယ် ဗျာ.. ဒီမှာ ကိုယ့်ဘာသာ ချက်ချက်စားနေ ရလို့ ညစ်ပါ တယ်ဆို မှ ..ဘာမှန်းလည်း သိဘူး...

    ကော်ဖီဆို ရင်ပို ဆိုး .. ပြီ
    :(
    တော် ပြီ ၀က်ပုပ်ကြီးပဲလုပ်တော့မယ်။။။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။