ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • ပထမအရွယ်ပညာရှာ၊
  • ဒုတိယအရွယ် ဥစ္စာရှာ၊
  • တတိယအရွယ် တရားရှာ။

  • Pursue education in early age.
  • Pursue wealth in middle age.
  • Purse Dhamma in old age.

  • အတတ်ပညာ မရှိသူသည် သူတစ်ပါး၏ ၀န်ကိုထမ်းရ၏။
  • အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရ၏။
  • ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင်ကြိုးစား သင်ယူပါလော့။

  • One without knowledge has to carry other's burden.
  • One who has knowledge is honoured by others.
  • So strive daily to get knowledge.

  • မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရ၏။
  • အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့ အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့ ပရိတ်သတ်ဗိုလ်ပုံ အလယ်၌ မတင့်တယ်ဖြစ်ရာ၏
  • အတတ်ပညာ ကင်းမဲ့သောကြောင့် သားနှင့်သမီး မိဘတို့သည် ရန်သူသဖွယ် ဖြစ်လာရ၏။

  • Parents must educate the children while young.
  • If not, they will be unbecoming-bird is unbecoming among hams as.
  • For not being educated, son and parents can turn out to be an enemy.


အားလုံးကိုချစ်ခင်လေးစားလျှက်..


may16

9 comments:

  1. လောကနီတိ တွေ ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်
    စာအုပ်ဘေးနားရှိပီး မဖက်ဖြစ်တာ ခုလို ကြုံကြိုက်လို့ ဖက်သွားတယ်နော်

    ReplyDelete
  2. အတတ်ပညာများ လေ့လာဆည်းပူး သွားတယ်။ အတတ်ပညာ၊ အသိပညာ မရှိကြရင် သားသမီးနဲ့ မိဘတို့ ရန်သူသဖွယ် ဖြစ်သွားနိုင်တယ် ဆိုတာလေး အတွေး ရစေတာ ကျေးဇူးပါပဲခင်ဗျာ။ ဆက်လက် မျှဝေမှုလေးတွေကို အားပေးနေလျက်။

    ReplyDelete
  3. လက်တွေ့ဘ၀မှာ ပညာရှာတာနဲ့ တရားရှာတာကတော့ အရွယ်ရွေးနေဖို့ လိုမယ်မထင်ပါဘူး။

    ReplyDelete
  4. လက်တွေ့ကျကျ စဉ်းစားကြည့်ရင် တရားကို တတိယအရွယ်မှ သွားရှာမယ် ဆိုရင်တော့ ဇီဝကမ္မဗေဒအရ စိတ်ပိတ်ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါ တော်တော်ကို ယိုယွင်းကျဆင်းလာတဲ့အရွယ် ဖြစ်သွားပြီမို့ တော်တော်ကို နောက်ကျသွားပြီလို့ ထင်တယ်။ ဆောရီးပဲ မေ့ကျန်ခဲ့လို့ ပြန်ထည့်ရတာ။

    ReplyDelete
  5. Nge Naing ပြောတာထောက်ခံပါတယ်။

    ဆရာတော်ဦးကောသလ ဟောတာလေးပြောပါရစေ။

    " ပထမအရွယ်ပညာရှာ၊
    ဒုတိယအရွယ် ဥစ္စာရှာ၊
    တတိယအရွယ် အိုသေ၊ ဘယ်အချိန် တရားသွားရှာ မလဲတဲ့။ "

    ReplyDelete
  6. တန်းဖိုးရှိတဲ့ ပို့စ်လေးပါပဲဗျာ။ ဖတ်မှတ်သွားပါတယ်။ ခုလို လိပ်လိုပါ ရေးပြထားတော့ အလွန်ပဲ မှတ်သားသင့်တဲ့ ပို့လေးပါဗျာ။

    ReplyDelete
  7. ကူးသွားပြီနော... ကျေးဇူးအများကြီးတင်ပါတယ်...

    ReplyDelete
  8. မြန်မာလို သိပေမယ့် အင်္ဂလိပ်လို တစ်ခါမှ မပြန်မိ တော့
    ခု လို လေး ဖော် ပြ ပေးတာ ကျေးဇူး ဗျာ..။

    ReplyDelete
  9. သော်ထိုက်April 18, 2009 at 1:32 PM

    ကူးသွားပါဘီ
    မပြောပဲကူးလို့ ခွင့်လွတ်ပါ
    အများသူငါဖတ်၇အောင်ဆက်လက်ဖြန့်ဝေမလိုပါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။