ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လှပေါင်းဝေစည် ဧရာဝတီ

တို့တိုင်းဧရာ ဂုဏ်ယူစရာလို့ တို့တိုင်းဧရာ ကြည်နူးစရာလို့၊ပြောစမှတ်တွင်၊တွင်သမျှ မှတ်စရာ၊သမိုင်းခြေရာများနှင့် ၀င့်ကြွားကာ နေပါသည် ရွှေဧရာဝတီ-----

မြန်မာ့စပါးကျီ၊ဧရာဝတီလျှင်၊ရေကြည်မြက်နု၊အလှစုမို့၊လုယူနယ်ချဲ့၊သိမ်းပိုက်ခဲ့သည် ရိုင်းခဲ့ကြမ္မာ၊ထိုအခါတွင်၊ဧရာကမွေး ဧရာသွေးတို့၊စွေးစွေးနီရဲ တော်လှန်ပွဲလည်း၊မစဲဂုဏ်အင် သမိုင်းစဉ်၌၊ထင်ရှားထွတ်မြတ်၊စိုစမှတ်ညွှန်း ဗိုလ်မြတ်ထွန်း တဲ့ ။

တို့တစ်ခေတ်ဝယ်၊ပြည်သစ်တည်စဉ်၊တံတားထွင်၍၊ခေါ်တွင်ဂုဏ်ပြု၊ဂါရ၀ပြုသည်၊
ပြည်သူမော်ကွန်း၊ ဗိုလ်မြတ်ထွန်းတဲ့
သပြေနုချိန်၊ဖေ ပု ရှိန်ဟု၊ ဂုဏ်ပြုဖွဲ့ဆို၊ဟုမ္မရူးဆိုသည့်၊ကိုယ်ပိုင်အုပ်ချူပ်ရေး၊ထောင်ခဲ့သေးသည်၊
ရပ်ဝေးဘိလပ်၊စိတ်ထားမြတ်နှင့်ထွတ်မြတ်ဂုဏ်ရှိန်၊
ဦးထွန်းရှိန် လည်း ပုသိမ်မှာဖွား ဧရာသားတည့်။

မြန်မာပြည်သား၊လူငယ်များအား၊အမျိုးသားရေး၊နိုးကြားရေးတွက်၊သွေးထိုးလှုံဆော်၊
လူတော်လူကောင်း ဖြစ်စေကြောင်းလည်း၊လမ်းကြောင်းပြထား၊
သူ့စားများလျှင် ထင်ရှားလျက်ပင်၊ပညာရှင်ကား မြစ်ဖျားဝေစည် ဧရာဝတီမှ၊ရိက္ခာပေါစည် ဧရာဝတီမှ၊လှပေါင်းဖွဲ့သီ ဧရာဝတီမှ၊ ရိုးသားကြိုးစား၊အမျိုးသားပညာဝန် ဦးဖိုးကျားတည့်။

ဗေဒါလမ်းကဗျာ၊ဂုဏ်မြှင့်ကာဖြင့်၊ရှေးခေတ်ပုဂံပြည်၊ကဗျာကိုသီကာ၊
စာပေလမ်းကြောင်း၊ကောင်းလည်းကောင်းအောင်၊စာပေဂုဏ်ရောင်၊ပြောင်လည်းပြောင်အောင်၊စာပေဖူးသရစ်၊
ချစ်လည်းချစ်အောင်၊ကလောင်ကိုထမ်း၊အလှဖြန်းသည့်၊
ချစ်ကျွမ်းဝေစည် ဧရာဝတီမှ မွေးဖွားခဲ့သည်၊ဆရာဇော်ဂျီ။

ချစ်သောဧရာ၊ဂုဏ်ယူပါလော့၊သူ့စာသူ့စခန်း၊အလှပန်းတို့၊မနွမ်းဘယ်ခါ၊
ပြည်မြန်မာ၏၊ရတနာစစ်၊စာပေနှစ်ကို၊ခေတ်သစ်ရွှေပြည်၊နေရောင်ခြည်မှာ၊ဖူးကာပွင့်ကာ၊
ရနံ့ဖြာဆဲ၊ဝေဆာဆဲတည့်၊
အိုဘယ့်မြေမဟီ ဧရာဝတီ-----ရွှေရည်ရောင်ဆင်း လှပခြင်းနှင့် စိမ်းစိုနုထွားစိုက်ခင်းများနှင့်၊မြစ်ချောင်းအင်းအိုင်၊လှေပေါင်းပြိုင်နှင့်၊ရိက္ခာပေါများ၊
ဖွံဖွံထွားထွားနှင့်၊မျိုးချစ်စိတ်ဓာတ်၊လွန်မြင့်မြတ်နှင့်၊အမျိုးသားရေး၊စဉ်မြဲတွေးကာ၊မွေးဖွားပေးသည့် ဧရာဝတီ၊လှပေါင်းဝေစည် ဧရာဝတီ----

ဒေါက်တာနွယ်နွယ်စိုး(ပုသိမ်တက္ကသိုလ်)
ပုသိမ်တက္ကသိုလ် နှစ်(၅၀)ပြည့်ရွေရတုမဂ္ဂဇင်း

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ


4 comments:

  1. အစ်မပန်းကဗျာ.. (အစ်မထင်ပ)
    စာတွေ လာဖတ်ပါတယ်နော်။
    ဧရာဝတီတိုင်းထဲ မရောက်ဖူးပါ။
    ရေလမ်းခရီးကို ကြောက်လို့ပါ။
    ပုသိမ်က အမျိုးတွေဆီတောင် မသွားဘူး။

    ReplyDelete
  2. မှတ်သားစရာတွေအပြည့်ပါပဲဗျာ ဖတ်ရှုမှတ်သား
    သွားပါတယ်ဗျာ။

    ReplyDelete
  3. အမရေ ဧရာဝတီဆောင်းပါးလေး ဖတ်သွားတယ်နော်arg

    ReplyDelete
  4. အော်...လှပေါင်းဝေစည် ဧရာဝတီ ကိုဖတ်လိုက်ရတော့
    ၉၈ ရဲ့ ပုသိမ်ညများဆီ ရောက်သွားပြန်ရော.. ကန်သုံးဆင့်၊ ရေကြည်ဦးနဲ့ တကောင်း ဘုရားက ခြေရာတွေ...... ဘိုးဘွားရိပ်သာနားက နို့အေး/ ဒိန်ချဉ်ဆိုင်တွေ...... အားလုံး အားလုံး လွမ်းလိုက်တာဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။