ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မြို့နှစ်မြို့

မြို့နှစ်မြို့
မြို့ကြီးတစ်မြို့၏ အ၀င်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည်။
မြိုထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့် မိန်းမတစ်ယောက်ကို သူမေးသည်။
“ ဒီမြို့က လူတွေ ဘယ်လိုစိတ်သဘောထားမျိုး ရှိကြသလဲဗျ”
အမျိုးသမီးက ပြန်မေးသည်။" ရှင်ထွက်လာခဲ့တဲ့ မြို့က လူတွေကော ဘယ်လိုသဘော မျိုးရှိကြသလဲ”
"ဆိုးပဗျာ အင်မတန်မှ ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊လုံးဝလုံးဝ ယုံကြည်လို့မရတဲ့ လူတွေ၊ကောင်းကွက် ဆိုလို့ တစ်စက်ကလေးတောင်မှ မရှိတဲ့ လူတွေ "သူ က မဲ့မဲ့ ရွဲ့ရွဲ့ ပြန်ဖြေသည်။
"အင်း ဒီမြို့ က လူတွေလည်း ဒီအတိုင်းပဲ အဲဒီပုံစံ အတိုင်းပဲရှင့် တွေ့ရဦးမှာပါ "အမျိုးသမီးက ဆိုလိုက်တယ်။
များမကြာမီပင် အမျိုးသမီးအား နောက်ခရီးသည် တစ်ယောက်က မြို့ထဲက လူတွေအကြောင်း မေးပြန်သည်။သည်အခါ အမျိုးသမီးက ပထမခရီးသည် တုန်းကလို သူလာခဲ့သည့် မြို့ အကြောင်းမေးပြန်သည်။
"အင်မတန် စိတ်သဘောထား ကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ်၊ အလုပ်ကြိုးစားတယ်၊ သူမတူအောင်လဲ ရက်ရောကြတယ်၊ကျွန်တော် အဲဒီကထွက်လာတာ စိတ်မကောင်းဘူး "ဟု ဒုတိယခရီးသည်က လှိုက်လှိုက်လှဲလှဲ လေသံဖြင့် ဆိုလေသည်။
သည်အခါ ပညာရှိ အမျိုးသမီးက အဖြေပေးလိုက်သည်။
"ရှေ့က မြို့ထဲမှာလဲ အဲလိုလူမျိုးတွေပဲ ရှင်ထပ်တွေ့ရမှာပါ " ဟူ၍။

ဖေမြင့် (နှလုံးသားအာဟာရ ရသစာများ ၂)

အားလုံးကိုချစ်ခင်လေးစားလျှက်
ပန်းကဗျာ

6 comments:

  1. လူတိုင်း အပေါ် အကောင်းမြင်ဝါဒနဲ့ ကြည့်တတ်နိုင်ဖို့ ပညာပေးစာလေး ဖတ်သွားပါတယ်။

    ReplyDelete
  2. ပုသိမ်မြို့ ကိုကျနော် လာဦးမယ်။
    ကျနော်ထွက်ခဲ့တဲ့ မြို့ က အားလုံး ပါဖက်ထ်ဖြစ်အောင်ကို ကောင်းကြတာဆိုတော့....

    ReplyDelete
  3. မြို့နှစ်မြို့၊လူနှစ်မျိုး၊ ပညာရှိမိန်းမ၊ အင်း မှန်ဧ။်၊ ကောင်းလိုက်တာ

    ReplyDelete
  4. နှလုံးသား အာဟာရလေး ဖြည့်သွားတယ်။ ဖေမြင့်ရဲ့ အဲဒီ စာအုပ်လေးကိုတော့ ခဏ ခဏပြန်ဖတ် ဖြစ်တယ်။ ပထမ တစ်အုပ်တည်းကပဲ။ အရမ်းကောင်းတဲ့ စာလေးတွေပါ။ ဆက်လက် မျှဝေနိုင်ပါစေ။

    ReplyDelete
  5. မျှဝေပေးတာ ကျေးဇူးပါ
    အကောင်းမြင်ဝဒါလေးပေါ့

    ReplyDelete
  6. ဆရာဖေမြင့်ရဲ့ နှလုံးသားအာဟာရ စာအုပ်အတွဲ အားလုံး ဖတ်ပြီးသွားပါပြီ.. အရမ်းကြိုက်လို့ အပိုင်ဝယ်ထားပါတယ်... အခုတော့ အိမ်မှာကျန်ခဲ့တယ်... အခုလို ထပ်တင်ရင် လက်တို့လိုက်ပါဦးနော...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။