ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ခံရချက်ဆိုးလိုက်လေ

လယ်သမားကြီးတစ်ယောက်က သူ့မြင်းကြီး နေမကောင်းလို့တိရစ္ဆာန်ဆရာဝန်နဲ့ သွားဆွေးနွေးပါတယ်။ တိရစ္ဆာန်ဆရာဝန် ကလည်း ဆေးမှုန့်လေးတွေပေးပြီး အကြံပြု ညွှန်ကြားပြောဆိုလိုက်တာပေါ့။
" ကဲ. . . ဒီဆေးမှုန့်လေးတွေယူသွား။ ပြီးတော့ ပိုက်တံလေးတစ်ခုထဲမှာထည့်။ ပိုက်တံရဲ့တစ်ဖက်စွန်းကို ခင်ဗျားမြင်းကြီးရဲ့ ပါးစပ်ထဲတပ်ထား။ ဒီနောက်မှ ခင်ဗျားက ကျန်တဲ့တစ်ဖက်စွန်းကနေ ပါးစပ်နဲ့မှုတ်ထဲ့လိုက်။ ဒါဆို ဒီဆေးမှုန့်လေးတွေ ခင်ဗျား မြင်းကြီးရဲ့လည်ချောင်းထဲရောက်သွားရောပေါ့။ ဟုတ်ပြီလား "
ဒီလိုနဲ့ဆေးညွှန်ကြားချက်ယူပြီး အိမ်ပြန်သွားတဲ့ လယ်သမားကြီးဟာ နှစ်နာရီလောက်ကြာ သွားတော့ တိရစ္ဆာန်ဆရာဝန် ဆီ ချောင်းတဟွတ်ဟွတ်၊ မျက်ရည်တရွှဲရွှဲနဲ့ ပြန်ရောက် လာပါလေရော။
" ဘယ်လိုဖြစ်တာလဲဗျာ။ ကျွန်တော်ပြောသလို ခင်ဗျားမြင်းကြီးပါးစပ်ထဲ ဆေးမှုန့်တွေ မှုတ်မထည့်ဘူးလား "
" ပြောချင်တော့ပါဘူးဆရာရယ်။ ဒီကောင်ကြီးက ကျွန်တော့်ပါးစပ်ထဲ အရင် ဦးအောင်မှုတ်ထည့်လိုက်တယ်ဗျာ "

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ..
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

6 comments:

  1. လယ်သမားကြီး နေကောင်း သွားပြီလား။ ဖတ်ရှု ရယ်မော သွားပါတယ် ခင်ဗျာ။ ဟာသကိုတော့ တကယ် နှစ်သက်မိ ပါတယ်..။

    ReplyDelete
  2. ကြည့်ရတာ လယ်သမားကြီး နေကောင်းသွားပုံရတယ်

    ReplyDelete
  3. နောက်ဆုံး ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွေးပြီးသားပါ။ ခုတော့ ခံပေအုန်းတော့ ကိုလယ်သမားကြီးရေ .. ..

    ReplyDelete
  4. ဒီလိုဘဲဖြစ်ရမှာပေါ့..:) ရယ်သွားပါတယ်

    ReplyDelete
  5. လာမှုတ်..အဲ..လာဖတ်၊ရီသွားတယ်

    ReplyDelete
  6. ဖြစ်ရမယ်.....

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။