ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဗျိုင်းနှင့်ဝံပုလွေ

တစ်ခါတုံးက ၀ံပုလွေတစ်ကောင်ဟာ မိထားတဲ့ အမဲတစ်ကောင်ကို စားသောက်နေတုံးမှာ ရုတ်တရက်ဆို အသားထဲပါရှိတဲ့ အရိုးငယ်တစ်ခုဟာ လည်မျိုမျာ စူးရောတဲ့၊ အရိုးကိုသူမျိုချမရဘူးလေ။
မကြာမီသူ့လည်မျိုဟာ အလွန်နာကြင်လာသတဲ့။ သူဟာ ညည်းညူရင်း၊ ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ အနာသက်သာဖို့ရှာကြံသတဲ့ကွယ်၊ တွေ့တဲ့သူတိုင်းကို လည်မျိုက အရိုးနုတ်ပေးပါလို့ တောင်းပန်သတဲ့။
" အရိုးကိုနုတ်ပေးရင် ဘာမဆိုပေးပါ့မယ် " လို့လည်းပြောသတဲ့။
နောက်ဆုံးမှာ ဗျိုင်းကလုပ်ပေးမယ်လို့ သဘောတူလိုက်သတဲ့။ ဒါနဲ့ဗျိုင်းက ၀ံပုလွေကို နံဘေးစောင်း အိပ်စေလိုက်ပြီး ပါးစပ်ကို အတတ်နိုင်ဆုံး ကျယ်ကျယ်ဟပါလို့ပြောတယ်။ ဒါနဲ့ ၀ံပုလွေရဲ့ ခံတွင်းထဲ ဗျိုင်းရဲ့လည်တံရှည် ဦးခေါင်းသွင်းပြီး အရိုးကို နုတ်ယူ တဲ့အခါ နောက်ဆုံး အရိုးထုတ်လို့ရသွားသတဲ့။
ဒါနဲ့ ဗျိုင်းက " ခင်ဗျားကတိပေးတဲ့အတိုင်း ကျွန်တော်လိုချင်တာပေးမယ်မဟုတ်လား " လို့ပြောသတဲ့။
ဒီအခါမှာ ၀ံပုလွေက သွားကိုဖြဲပြရင်း ပြုံးလျက်ဆိုလိုက်သတဲ့။
" ခင်ဗျားရဲ့ ဦးခေါင်းကို ၀ံပုလွေတစ်ကောင်ရဲ့ ခံတွင်းထဲသွင်းပြီးတော့ အသက်မဆုံးရှူံးဘဲ နေရပြီပဲ၊ ဒါဟာခင်ဗျား အဖို့ ဆုအဖြစ် ကျေနပ်လိုက်ပါ " လို့ပြောလိုက်သတဲ့။

"လောဘကြီးသူသည် ကျေးဇူးတရားကိုမသိတတ်ပေ "

လင်းထွန်း (အီစွတ်စကားပုံများနှင့်ပုံပြင်များ )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

6 comments:

  1. တော်2 မုန်းဖို့ကောင်းတဲ့ ၀ံပလွေပဲ
    အင်းလေ လောဘကြီးသူဆိုတော့ ကျေးဇူးတရား ဘယ်သိတက်ပါ့မလဲ ( ဒါက အပြင်လောကမှာလည်း ရှိတယ်နော် )

    ReplyDelete
  2. လက်တွေ့မှာလည်း ၀ံပုလွေလိုလူမျိုးတွေ အများကြီးရှိပါတယ်.. ကူညီမိတာကိုက ဗျိုင်းအမှားလို့ပြောရတော့မလိုတောင်ဖြစ်နေတယ်

    ReplyDelete
  3. ပညာပေးလေးဖတ်သွားပါတယ်ဗျာ လောဘကြီးသူတိုင်းဖြစ်တတ်တယ်ဆိုတာလေးကိုပြောပေးသွားတဲ့အတွက်မှတ်သားသွားပါတယ်ဗျာ။

    ReplyDelete
  4. အင်း... အဲလို လူစားလောက ကြီးမှာ အများကြီး
    ပါပဲ။ ထိမိတဲ့ ပုံပြင်လေးပါပဲဗျာ။

    ReplyDelete
  5. ပညာပေးပုံပြင်လေးတွေ ဖတ်သွားပါတယ် ..ဘယ်အရာမဆို ကောင်းတာရှိသလို မကောင်းတာလည်း ရှိမယ်လို့ထင်ပါတယ်..အဆင်ပြေပါစေဗျာ

    ReplyDelete
  6. အီစွတ်ပုံပြင်လေးတွေကို ဘယ်အချိန်ပြန်ဖတ်ဖတ် မရိုးနိုင်ပါဘူး။ ငယ်ငယ်က မင်းယုဝေနဲ့ ငွေတာရီ ရေးတဲ့ အီစွတ်ပုံပြင်များ စာအုပ်ကို သိပ်သဘောကျခဲ့တာ။ ဆရာကြီး ပန်းချီဦးဘကြည်လက်ရာ သရုပ်ဖော်ပုံလေးတွေကလည်း အသက်ဝင်လွန်းတယ်။ ပြန်လွမ်းမိပါတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။