ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

၂။သုမေဓာနှင့် သုမိတ္တာတို့ ဗျာဒိတ်ခံယူနေပုံ။

၂။ သုမေဓာ နှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူနေပုံ။

ဘုရားအလောင်း သုမေဓာရှင်ရသေ့သည် ဈာန်အဘိညဉ်ရ၍ ကောင်းကင် ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား ကြွလာတော်မူရန် "ရမ္မာ" မြို့သူမြို့သားတို့ လမ်းပြင် နေကြ သည်ကို မြင်ရ၍ ကောင်းကင်မှ ဆင်းသက်ကာ နေရာတစ်ကွက်ကို တောင်းယူ ပြင်ဆင် နေတုန်းမှာပင် ရဟန္တာများနှင့် အတူ ဘုရားရှင် ကြွလာတော်မူသောကြောင့် ပြင်၍ မပြီးသေးသော ရွှံ့ညွှန်ပေါ်မှာ မိမိကိုယ်ကို တံတားခင်း၍ မှောက်စင်းနေလေသည်။
ထိုအချိန်မှာ "သုမိတ္တာ" မည်သော အမျိုးသမီးကလည်း ကြာပန်း ရှစ်စီး တွင် ငါးစီးကို ဘုရားရှင်အား လှုဘို့ရန် ရသေ့၏ လက်သို့ ကမ်းလှမ်း၍ သုံးစီးကို မိမိကိုယ်တိုင် လှုဒါန်း လေသည်။ ဘုရားရှင်သည် ထိုသူ၂ယောက်၏ နောင်ရေး နောင်တာကို ဆင်ခြင်တော်မူကာ --- "ဤရသေ့သည် ဂေါတမဘုရား ဖြစ်လိမ့်မည်။ ဤ အမျိုးသမီးကား ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်။" ဟု ဗျာဒိတ်ပေးတော်မူသည်။


SUMEDHA AND SUMITARECEIVING A PROPHETIC DECLARATION

Hermit Sumedha, the Future Buddha, had attained thesix High Power.
While traveling by air he saw the townsfolk of Ramma clearing the pathway and came down to the ground, and asked to be permitted to clear a portion of the track on which the Buddha Dipankara was to travel. He was given a portion of it, and before he had cleared it, the Buddha Dipankara came along that way with a retinue of arahants. Sumedha spread himself out upon the mud with his face downwards, his body serving as a bridge so that the Buddha and the disciples following Him could tread on him.
At that moment a lady by the name of "Sumitta" arrived with eight branches of lotus flowers. She handed over to the hermit five of those bunches to be offered to the Buddha. The Buddha, with mind's eye of Buddha, saw that was in store for the these two persons in future, and made this prophetic declaration. "This hermit will become Gotama Buddha, and this lady will become his help-mate to help him fulfill the Perfections (Paramitas).

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

4 comments:

  1. ဂေါတမ မြတ်စွာဘုရားရှင် ရဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့် တဲ့ထဲမှာ မိမိကျောကို တံတားအဖြစ် လှူဒန်းတာလေးကို ဖတ်ရတဲ့အတွက် အင်မတန်ကြည့်နူးမိပါတယ် တီတီကဗျာရေ... အခုလို တင်ပေးတာ ကျေးဇူးပါနော်.. အာဝါးးးးးးးးးးးးးးးးးးးးးးးးးး နော်

    ReplyDelete
  2. သာဓုခေါ်ပါတယ်။
    ပြန်မျှဝေပေးလို့ အကျိုးထူးလှပါတယ်။
    ရသစုံလင်တဲ့ စာကြည့်တိုက်ဘလောဂ့်လေးကို
    ကျေးဇူးတင်ရှိပါ၏။

    ReplyDelete
  3. ပုံနဲ့ စာနဲ့ လိုက်ဖက်စွာနဲ့ ဖတ်သွားပါတယ်။
    ခုလို မျှဝေပေးလို့ ကျေးဇူးပါ။

    ReplyDelete
  4. ဟုတ်လား သိပါဘူးဗျာ ကျနော်ကြားဖူးတာတော့
    ဘုရားက ချစ်သားတဲ့ နင်ကျောညောင်းနေလို့
    ညာပြီး အနင်းခိုင်းတာ မဟုတ်လားတဲ့ အဲလို ကြားဖူးတာဗျ ဟီခုတော့ တလွဲတွေဖြစ်နေပြီပေါ့
    မှတ်သားသွားပါတယ်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။