ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ဓာတ်ရင့်သူ

စိတ်ဓာတ်ရင့်သူ

လူတိုင်းလူတိုင်းပင် မိမိစိတ်ဓာတ် အတော်ရင့်မာပြီဟု ထင်တတ်ကြလေသည်။ မိမိစိတ်ဓာတ်မည်မျှ ရင့်မာသည်ကို သေချာစွာ သိနိုင်ရန်အတွက် အောက်ပါ နည်းစနစ်များဖြင့် စစ်ဆေးကြည့်ပါလေ။

၁။ ........အဆွေသည် သူတပါးကို ကူညီထောက်ပံ့တတ်သလော။

၂။ ……..လေးနက်သော အကြောင်းအရာများကို ဆွေးနွေးတတ်သလော။

၃။ …….ငွေကို အကျိုးရှိအောင် သုံးစွဲတတ်သလော။

၎။ …….အကျိုးရှိ့မည့် စိတ်ပျော်သော အလုပ်များကို လုပ်ကိုင်တတ်သလော။

၅။ …….တိုးတတ်ရေးအတွက် စာဖတ်ပါ၏လော။

၆။ ……အနာဂတ်အတွက် ငွေစုပါ၏လော။

၇။ ……အများကောင်းစားရေးအတွက် ထောက်ပံ့ ပါ၏လော။

၈။……မိမိ၏ အလုပ်ကိစ္စများကို မိမိကိုယ်တိုင် စီစဉ်ပါ၏လော။

၉။……သူတစ်ပါးအားရှိအောင် အားပေးတတ်ပါသလော။

၁၀။…..အလုပ်လုပ်ရာ၌ ပင်ကိုယ်ဥာဏ် ကို သုံးပါ၏လော။

၁၁။……လူအများအတွက် အကျိုးရှိအောင် လုပ်နိုင်သည်ဟု စဉ်းစားပါ၏လော။

၁၂။……မိမိ၏အလုပ်များကို အစွမ်းကုန်လုပ်ကိုင်ပါ၏လော။

၁၃။……သူတစ်ပါး၏ အလုပ်အကိုင်များကို စီစဉ်လုပ်ကိုင်ပေးတတ်ပါသလော။

၁၄။…..အများကောင်းစားရေးအတွက် ရှေ့ဆောင်လမ်းပြပြုလုပ်တတ်ပါသလော။

ထိုအချက် ၁၄-ချက်အနက် ၈-ချက်မျှစုံလျှင် စိတ်ဓာတ်အတော်ရင်မာပြီဟု ဆိုရပေမည်။

အောင်မြင်ရေးနည်း ၁၀၈ (တက္ကသိုလ် ဆုမြိုင်)


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

7 comments:

  1. စိတ်ဓာတ်ရင့်သန်သူ တစ်ယောက်ဖြစ်အောင် အတင်းကိုပဲ (၈)ချက်နဲ့ ကိုက်ခဲ့ကြောင်းပါ။

    ReplyDelete
  2. လေ့လာမှတ်သားသွားကြောင်းပါ။

    ReplyDelete
  3. ဒါဆို စိတ်ဓာတ်ရင့်မာဖို့ သိပ်မလိုတော့ဘူးပဲ

    ReplyDelete
  4. စိတ်ဓာတ်ရင့်သန်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားရပါအုံးမယ်ဗျာ။ လေ့လာမှတ်သားသွားပါတယ်ဗျာ။

    ReplyDelete
  5. စိတ်ဓာတ်ရင့်တာတော့ ကောင်းပါရဲ့... ဒါပေမဲ့ ၁၄ချက်လုံးနဲ့ကိုက်နေရင် ပျင်းစရာကြီး.... :P

    ReplyDelete
  6. ကျနော်ကတော့ တခုမှကို မလိုက်နာနိုင်သေးဘူး
    ဗျာ။ ဟီး...။ မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ်ဗျာ။

    ReplyDelete
  7. အားလုံးကို လိုက်နာနိုင်အောင် ကြိုးစားနေပါတယ်...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။