ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

* အကြီးအမှူးလူကြီးမိဘတို့၏ နာယကဂုဏ် (၆) ပါးသည်ကား. . . . .
(က) သည်းခံခြင်း
(ခ) နိုးကြားခြင်း
(ဂ) ထကြွလုံ့လရှိခြင်း
(ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း
(င) သနားကြင်နာခြင်း
(စ) အမြော်အမြင်ကြီးခြင်း . . . . . တို့ပေတည်း။

* Patience
* Alertness
* Tenacity
* Reasoning
* Compassion
* Farsightedness are the parental and leadership virtues.

* စကားကို ဗလောင်းဗလဲမပြောမဆိုရာ။
* ဟုတ်တိုင်းမှန်ရာ တည်ကြည်စွာလျှင် တသမတ်တည်း ပြောဆိုရာ၏။
* မင်းသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း၊ ပညာရှိ သူတော်ကောင်းတို့သည် လည်းကောင်း ဖြောင့်မှန်စွာလျှင် တသမတ်တည်းသာ စကားဆိုကြကုန်၏။
*ဤသဘောတရားသည်ကား ရှေးရှေးသူတော်ကောင်းတို့၏ လမ်းစဉ် လမ်းဟောင်း အကျင့်ကောင်းပေတည်း။

* Do not speak words in changing moods.
* Say truly in straight and consistent way.
* Kings, monks or the virtuous speak truly and consistently.
* This is the old traditional way of noble practice followed by ancient sages.

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

6 comments:

  1. လောကနီတိလေးတွေ အရင်က ဖတ်တော့ဖတ်ဖူးပါတယ်။ အဂ်လိပ်လိုတော့ မသိဘူး ။ အခုတော့ အဂ်လိပ်စာ ဗဟုသုတတိုးသွားပါပြီ

    ReplyDelete
  2. လာရောက်ပြီးတော့ ဖတ်မှတ်သွားပါတယ်ဗျာ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  3. မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ်။ တကူးတက ဖော်ပြပေးလို့ ၀မ်းသာတယ်။

    ReplyDelete
  4. လောကနီတိလေးတွေ နည်းနာယူသွားပါကြောင်း
    စာကြည့်တိုက်လေး အောင်မြင်ပါစေ

    ReplyDelete
  5. အဲဒီအချက်တွေက ကျနော်တို့ ဗိုလ်ချုပ်မှုးကြီး
    အတွက် ပြည့်စုံလို့ ကျော်တောင် ကျော်နေပြီဗျ
    အဟီးဟီး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။