ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ကြည်လင်ချမ်းသာမှု သဘောတရားများ

စိတ်ချမ်းသာမှုဆိုတာ အလုပ်လုပ်နေတာပဲ။ စိတ်ချမ်းသာမှုဟာ စီးဆင်းနေသော စမ်းချောင်း နှင့်တူတယ်။ကြည်လင် သန့်ရှင်းနေတယ်။ ညစ်ပတ်နေတဲ့ ရေအိုင် မဟုတ်ဘူး။
စိတ်နှလုံးကောင်းနှင့် ပြောဆို လုပ်ကိုင်နေသော သူတွေရဲ့ နောက်ကို ချမ်းသာခြင်းနဲ့ စိတ်ကောင်းတွေက အရိပ်ပမာ လိုက်လာတာပဲ။ စိတ်နှလုံးကောင်းက အရေးကြီးလှတယ်။
စိတ်ဟာ ကံတရားကို ဖန်တီးတဲ့ အရှင်သခင်ပဲ။လူ့စိတ်ဟာ ကံတရားကို ဖန်တီးပါတယ်။ ကံတရားကို ဖန်တီးတဲ့ အတွက် ကုသိုလ်၊အကုသိုလ်ကိုလည်း ဒီကံတရားကပဲ ဖန်တီးသွားတယ်။
စိတ်ကောင်းရှိဖို့ ပထမ လို့ ကျေးဇူးရှင် မဟာဂန္ဒာရုံ ဆရာတော်ကြီး ရှင်ဇနကာဘိဝံသက အထပ်ထပ် မှာကြား ဆိုမိန့်ခဲ့တယ်။
အကုသိုလ်စိတ်တွေ များလာရင် လူတွေ ရောဂါများကြတယ်။ အသက်တိုကြတယ်။ စိတ်ဆင်းရဲ ကြတယ်။
စိတ်ဆင်းရဲတယ် စိတ်ဆင်းရဲတယ်နဲ့ ညဉ်းတွားနေခြင်းက စိတ်ကို ပိုပြီး ဆင်းရဲစေပါတယ်။
စိတ်ဆင်းရဲရင် စိတ်ကို ပြင်ရမှာဖြစ်တယ်။စိတ်အာရုံကို ဇွတ်အတင်းပြောင်းရမှာ ဖြစ်တယ်။ ညစ်နေတဲ့ အာရုံကနေ သစ်တဲ့ အာရုံကို ပြောင်းရမယ်။
ကိလေသာတွေကို အရာမ၀င်ပါနဲ့။ အရောဝင်ရင် အရိုအသေတန် ရောင့်တက်လာပြီး အကုသိုလ်စိတ် ၀င်လာ ပါလိမ့်မယ်။ သောက ၊ဒေါမနဿ၊ပရိဒေ၀၊ဥပယာသ တရားတွေဟာ စိတ်ကို ထုနှက်ချေမှုန်းတဲ့ လက်နက်တွေပါ။ အဲဒီစိတ်ထု လက်နက်ကိုင်စွဲရင် အကုသိုလ်စိတ်တွေ ၀င်ပါ တယ်။
လူတိုင်းဟာမှားတတ်ပါတယ်. အမှားနဲ့ကင်းတဲ့လူဆိုတာမရှိပါဘူး။ စိတ်ကျန်းမာရေး မကောင်းသူတွေမှာ မနာလိုစိတ်တွေပိုပြီး ပြင်းထန်အားကြီးတယ်။ မနာလိုစိတ်ဟာ ဆင်းရဲသူမှာရော ချမ်းသာသူမှာရော ရှိတယ်။ပညာတတ်သူရော ပညာမတတ်သူ မှာရော ရှိတယ်။မနာလိုစိတ်ဟာ ကိုယ်တိုင်လည်း နိမ့်လျှောကျဆင်းဖို့ ရှေ့ပြေးစိတ်ဖြစ်ပါတယ်။
ဒါကြောင့်စိတ်ကို တန်ခိုးကြီးကျယ်အောင် ထူထောင်မွေးမြူရမယ့် အချက်ငါးချက်များကို ဖော်ပြလိုက်ပါတယ်..
၁။စူးစူးစိုက်စိုက် ယုံကြည်ခြင်း။
၂။အစွဲအမြဲထင်ခြင်း။
၃။ရည်မှတ်ကြံရွယ်သော အတိုင်း ပြီးစီးထမြောက်အောင် အဓိဋ္ဌာန်ခြင်း။
၎။အမှန်ကိုသာ ပြုလုပ်ပြောဆိုလေ့ရှိခြင်း။
၅။စိတ်၏ တည်ကြည်ခြင်း
ဆိုတဲ့ အချက်ငါးချက်ဖြစ်တယ်။
ဘယ်လိုပဲထက်မြတ်တဲ့ဓားဖြစ်ပါစေ. စိတ်ရဲ့ထက်မြက်မှုကိုတော့မမှီပါဘူး။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာပြီး ကြည်လင်ပြတ်သားတဲ့ အတွေးများနှင့် နေထိုင်ပြုမူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါကြောင့်စိတ်ကြည်လင်ချမ်းသာမယ့် အတွေးများကို တွေးပြီး စိတ်ကောင်းရှိအောင် နေထိုင်ပြော ဆိုပြုမူမယ်ဆိုရင် လောကကြီး တစ်ခုလုံးဟာ သာယာလှပနေမှာမလွဲဖြစ်ပါတယ်ရှင်…

သုတေသီဘုန်းမြင့်သွေး ( ထူးချွန်ချင်တဲ့စိတ်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

4 comments:

  1. မှန်တယ်.ဒီလိုလေးဝေမျှတာကျေးဇူး...
    စိတ်နဲ့ပါတ်သတ်တာဆိုစိတ်ဝင်စားတယ်...
    စိတ်ကအဓိကပဲလေလူတကိုယ်မှာ..
    နောက်လဲအခုလိုဝေမျှပါအုံး

    ReplyDelete
  2. စိတ်ချမ်းသာရင် ဘဝကလည်းချမ်းသာနေမယ်၊ ကိုယ့်စိတ်သာ ကြည်နေတယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလည်း သာယာလှ ပ နေ ပ်ါတယ်။ ကိုယ့်စိတ်မကြည်ရင် ကိုယ်ချစ်တဲ့သူကိုတောင် အပြစ် မြင်လာမိတယ်လေ။ မျှဝေပေးတာကျေးဇူးပါပဲ

    ReplyDelete
  3. ထပ်ဆင့်ဝေမျှပေးလို့ ၀မ်းသာတယ်။
    ဒီလို တကူးတက တင်ပေးတာကိုက
    ဗဟုသုတရစေတာမို့ ကျေးဇူးအထူးပါ။

    ReplyDelete
  4. ဖတ်မှတ်သွားပါတယ်ဗျို့။ လေ့လာမှတ်သားစရာတွေ အများကြီးပါပဲဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။