ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အင်ချပ်ကြီးနှင့်ဝေဠုကျော်
ဆောက်လုပ်ရေး ဆိုဒ်တစ်ခုတွင် အလုပ်လုပ်ခဲ့စဉ်က ပျော်ပျော်ရွင်ရွင် နေထိုင်ပြောဆိုလေ့ ရှိသော ဗဟုသုတ အတန်အသင့် ပြည့်စုံသော အင်ချပ်ကြီး ဦးမောင်မောင်ကို တွေ့ခဲ့ရသည်။ အင်ချပ်ကြီးက ပြောဆို ဆက်ဆံရာတွင်လည်း ဖော်ရွေပျုငှာ ခင်မင်စရာ ကောင်းသည်။
တစ်နေ့ ထမင်းစားချိန်တွင် မိန်းခလေး အလုပ်သမား တစ်ဦးက မေးရာ. . . .
"အင်ချပ်ကြီး ဒီနေ့ဘာဟင်းလဲ . . . . "
အင်ချပ်ကြီးက . . . . . "တို့က ခြေလေးချောင်း မစားဘူး" ဟု ဆို၏။
အလုပ်သမားကလေးက အင်ချပ်ကြီး ထမင်းချိုင့် အဖွင့်မှာ လှမ်းကြည့်လိုက်တော့ အဆီတစ်ဝင်းဝင်းနှင့် ၀က်သားဆီပြန် ဟင်းကို တွေ့ရလေသည်။
"ဟင်း အင်ချပ်ကြီးက သူ့ဝက်သားကို စားမှာ စိုးလို့ လိမ်ပြောတာနေမှာ" ဟု မျက်စောင်းထိုး၍ ခနဲ့လေသည်။ထိုအခါ အင်ချပ်ကြီးပြန်ပြောသော စကားကြောင့် ဆိုဒ်အတွင်းရှိ အလုပ်သမားလေးအားလုံး ပြုံးစိစိဖြစ်ကြလေသည်။
"မလိမ်ပါဘူးဟယ် ငါအမှန်အတိုင်း ပြောတာပါ။ငါက ၀က်ဆိုရင် ခြေထောက် လေးချောင်းကို မစားဘူး။ ခြေထောက်တွေက ဟိုသွားဒီသွားနဲ့ ရွံစရာကြီးဟ၊ ဒါကြောင့် အသားပဲ စားတယ်။"
တဖြည်းဖြည်းနှင့် အင်ချပ်ကြီးအကြောင်းကို သိကုန်သော အလုပ်သမားများမှာ ဘာဟင်းလဲ မေးလျှင် တို့က "ခြေနှစ်ချောင်းမစားဘူး" ဆိုက ကြက်သား သို့မဟုတ်ဘဲ ။ "ခြေထောက်ရှိတဲ့ အသားမစားဘူး ဆိုလျှင် ငါးဟင်း၊ "တောင်ပံပါရင် မစားဘူး" ဆိုလျှင် ဘဲဥ၊ကြက်ဥ စသည်ဖြင့် သိနေကြပြီ ဖြစ်သည်။တစ်နေ့တော့ --
"အင်ချပ်ကြီး ဒိနေ့ဘာဟင်းလဲ . . . . . . . .ဝေဠုကျော်"
"ဟာ ဒီနေ့ အင်ချက်ကြီးဟင်းက အဆန်းပါဘား "
ဟုဆိုကာ ထမင်းချိုင့် ဖွင့်လျှင် ၀ိုင်းအုံကြည့်ကြလေသည်။
အင်ချပ်ကြီးက
"ငါက အနုပညာသည်တွေကို သံယောဇဉ် သိပ်ကြီးတာ၊ထမင်းစားတာတောင် အနုပညာရှင် တစ်ယောက်ပါမှ စားတတ်တာဟ" ဟု ဆိုနေပြန်သဖြင့် ပိုပြီး စိတ်ဝင်စားနေကြသည်၊ အင်ချပ်ကြီး ထမင်းချိုင့် ကို ဖွင့်သောအခါ ---
"၀ါးကို ပါဠိ လို ဝေဠု လို့ခေါ်တယ်လေ၊ မျှစ်ဆိုတာ ၀ါးနုကလေးတွေပဲဟ၊ ဝေဠုကြော်ဆိုတာ မျှစ်ကြော်ပေါ့ "သည်တော့မှ အလုပ်သမားတွေ မပြုံးဘဲ ၀ါးလုံးကွဲရယ်ကြလေတော့သည်။
မောင်ဆင့်(ဆင်မင်း)(ရယ်စရာ မဂ္ဂဇင်း)
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
8 comments:
  1. ဝေဠုကြော်စားချင်တယ်
    ကြော်ကျွေး .... ကြော်ကျွေး
    :P
    ညီမလေး
    ပန်းခင်း
    ReplyDelete
  2. ဝေဠုကျော်ကို ခြေလေးချောင်းအလွတ်နဲ့ ကျော်စားသွားတယ်။
    ReplyDelete
  3. ဝေဠုကို သနားလို့ ပဲနဲ့ တွဲကြော် စားလိုက်တယ်။ လာမြည်းလှည့်ပါဦး။
    ReplyDelete
  4. အဟဟ ဝေဠုကြော် တဲ့ ရယ်ရတယ် ဘာများလဲလို့
    မျှစ်ကြော်ဆိုရင်
    ReplyDelete
  5. ဟားဟား.... ရယ်ရတယ်... ဝေဠုကျော်ဘာများဖြစ်လဲလို့လာဖတ်တာ... လတ်ဆက်သက်တော့မျှစ်ကြော်ကိုး :P
    ReplyDelete
  6. ဟားဟားဟား
    မှတ်သားစရာ..ဝေဠုကြော်ရယ်..
    ReplyDelete
  7. ဟားဟားဟား ဟုတ်ပါ့သူပြောမှပဲ မျှော်ကျစ်ဆိုတာ ဝေဠုကော်မှန်းသိတော့တယ်။
    ReplyDelete
  8. သူက ခြေလေးချောင်းမစားဘူးတဲ့။ ဒို့ ကတော့ ဘာသားပဲစားစား ခေါင်းကိုက်တယ်။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။