ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သတိ နှင့် အသိ

သတိ နှင့် အသိ

မြန်မာအစ မြန်မာက
မည်ရသေချာ ရွှေမြန်မာ၌
ရာကျော်ထင်လင်း တိုင်းရင်းသားစု
ညီနောင်ထုလျှင် ပေါင်းစုခိုင်ကျည်
ပြည်ထောင်စုစိတ် တစ်စိတ်တစ်ဝမ်း
အေးချမ်းကျစ်လျစ် ဖြစ်တည်လာရေါ်
ရည်မျှော်တွေးကာ သွေးချွေးရင်းတည်
စည်းလုံးညီခဲ့ ရည်ရွယ်ချက်ကောင်း
လုပ်ရပ်ကောင်းစွာ ကောင်းမွန်ပါ
မြန်မာမွန်မြတ် တည်နေမတ်။

ယခုမှန်လတ် တည်နေမတ်လည်း
ဖြစ်ရပ်အတိတ် အရိပ်အမည်းမိုး
နယ်ချဲ့ဆိုးကို တစ်မျိုးမေ့ကာ
မပေါ့ပါ နှင့် ခွင့်သာမှုချောင်း
စရိုက်ဟောင်းနှင့် ကြောင်းကြောင်းကဲပို
ဆီလိုအပေါက်ရှာ ယုတ်မာဆိုးသွမ်း
မဟုတ်တမ်းတရမ်း လုပ်တတ်ငြားကို
ပြတ်သားသတိ အစဉ်ရှိလျက်
အသိထပ်တူ မပြတ်ကူ
ပြည်သူတစ်ရပ်လုံး ညီစေလော့။ ။

(၆၂)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုလျှက်......
ဒေါက်တာ သန်းဦး
အားလုံးကိုချစ်ခင်လေးစားလျှက်...

may16

5 comments:

  1. Hello
    It has a nice blog.
    Sorry not write more, but my English is bad writing.
    A hug from my country, Portugal

    Salut
    Vous avez un bon blog.
    Désolé de ne pas écrire plus, mais mon français écrit est mauvais.
    Un câlin de mon pays, le Portugal

    ReplyDelete
  2. ကဗျာကောင်း တစ်ပုဒ်ကို ဖတ်ပြီး ရဲရင့်လို့ သတိတွေနဲု့
    ဆင့်ခေါ်မှုတစ်ခု ဖြစ်သွားစေတယ် ..။

    ReplyDelete
  3. ကဗျာကောင်းလေးတစ်ပိုဒ်ကို လာဖတ်သွားတယ်နော်။အသိတွေနဲ့ဆင့်ခေါ်မူတစ်ခုပါပဲနော်။ အဆင်ပြေပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  4. အေးဗျာ အရင်ကတော့ ပြည်ထောင်စုနေ့ကို ကျိုက်က္ကဆံ
    မြင်းပြိုင်ကွင်းမှာနှစ်စဉ် ကျင်းပတာ၊ ခုတော့အဲလိုကျင်းပဖို့
    နေနေသာသာ ပြည်ထောင်စုနေ့ဆိုတာ ဘာမှန်းကို မသိတော့ဘူးဗျ မေ့နေပြီလေ ခုလိုသတိတရနဲ့ ပို့စ်တင်
    ထားတဲ့အတွက် ၀မ်းသားပါတယ်ဗျာ

    ReplyDelete
  5. လာလည်သွားပါတယ်...
    LMK

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။