ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ပြည်ထောင်စုနေ့ ဆိုင်ရာအဆိုအမိန့်များ -

၁၂.၂.၂၀၀၉ ရက်နေ့တွင်ကျရောက်မည့် ( ၆၂ ) ကြိမ်မြောက်ပြည်ထောင်စုနေ့ ကိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သော အဆိုအမိန့်များ နှင့် အတွေးအမြင်များကို ဖော်ပြလိုက်ပါတယ်. . .

ပြည်ထောင်စုနေ့ ဆိုင်ရာအဆိုအမိန့်များ -

* ဘယ်သူခွဲခွဲ တို့မကွဲအမြဲစည်းလုံးမည်။ (မြန်မာ ဆောင်ပုဒ်)
* နွားကွဲလျှင် ကျားဆွဲမည်။ (မြန်မာစကားပုံ)
* တစ်ယောက်အားနှင့်ယူသော်မရ ၊ တစ်သောင်းအားနှင့် ယူသော်ရ၏။ (မြန်မာစကားပုံ)
* ညီညွတ်ခြင်းသည် အင်အား။ (မြန်မာစကားပုံ)
* တစ်ယောက်အတွက်အများ ၊ အများအတွက်တစ်ယောက်။ ( ဒူးမတ်စ်)
* အင်အားရှိသမျှစုစည်းထား၊ အန္တာရယ်ဟူသမျှဘေးဖယ်သွား။ ( လောင်းဖဲလိုး )
* စည်းလုံးနေသမျှ ဘယ်တော့မှ မကျဆုံးနိုင် ။ ( အမေရိကန်ဆိုရိုးစကား)
* စည်းလုံးခြင်းဆိုတာ ရင်ချင်းအပ်၊ နှလုံးချင်းထပ်ထားတာ ကိုဆိုလိုတယ်။ ( ဂျီရယ်မီတေလာ)

ခံယူကျင့်သုံးအပ်သည့် အတွေးအမြင်များ

လူသည် ဗီဖအားဖြင့် တစ်ဦးတစ်ယောက်တည်း နေ၍မရ။ အပေါင်းအသင်း၊ အစုအဖွဲ့နှင့်နေရသော သတ္တ၀ါမျိုးဖြစ်သည်။ အပေါင်းအစုအင်အားရှိနေသရွေ့ မိမိ (သို့) မိမိအမျိုးအနွယ်၏ ဘ၀သည်လုံခြုံစိတ်ချမှုကို ဧကန်ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူလောက၌ အိမ်ထောင်စုတစ်စုချင်း၊ လူမျိုးတစ်မျိုးချင်း၊ တိုင်းပြည်တစ်ပြည်ချင်းသည် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင် ကြရန် အရေးကြီးလှသည်။
စညးလုံးညီညွတ်ခြင်းဟူသည်ကား ပါးစပ်က ပြောနေရုံနှင့် ဖြစ်မလာနိုင်ချေ။ အလုပ်နှင့်လက်တွေ့ အကောင်အထည်ဖော်နိုင်ရမည်။ ကွဲပြားခြားနားခြင်း၊ အပေးအယူမမျှတခြင်း၊ အနိုင် ကျင့်ဗိုလ်ကျခြင်း၊ အထင်အမြင်သေးခြင်းစသည်တို့သည် စည်းလုံးညီညွတ်ခြင်း ၏ ရန်သူများဖြစ်၍ ထိုသဘောထားများကို သတိပြုရှောင်ကြဉ်လျှင် စည်းလုံးညီညွတ်ခြင်းကို မုချရရှိနိုင်မည်သာဖြစ်သည်။
စည်းလုံးခြင်းလောက် ကြီးမားခိုင်ခံ့သော အားသည်မရှိချေ။ မိမိတို့အမျိုး၊ မိမိတို့နိုင်ငံအပေါ်ကျရောက်လာမည့် အန္တရယ်ဟူသမျှကို စည်းလုံးခြင်းအားနှင့် ဟန့်တားချေမှုန်းနိုင်သည်။ ထို့ကြောင့်မိမိအကျိုး၊ မိမိတိုင်းပြည် အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲသွားစေလို လျှင် စည်းလုံးညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ထား နိုင်ရမည် ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16
ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

6 comments:

  1. ပြည်ထောင်စုနေ့ဆိုတာ ပြည်တွေအချင်းချင်းကို စုစည်းခဲ့တဲ့နေ့ကို ဆိုလိုတာဖြစ်တယ်လို့ ယူဆပါတယ်။
    လူတွေအားလုံးရဲ့ မေတ္တာစိတ်တွေလဲ ပြည်ထောင်တွေစုထားသလို စုထားနိုင်ရင် အရမ်းကောင်းမှာ သေချာပါတယ်။

    အေးမြချမ်းသာဝမ်းသာကြပါစေ။

    ReplyDelete
  2. အတွေးအမြင်လေးတွေ ဖတ်သွားပါတယ်။

    ReplyDelete
  3. စည်းလုံးခြင်းလောက် ကြီးမားခိုင်ခံ့သော အားသည် မရှိချေ။.. မှတ်သား သွားပါတယ် ခင်ဗျာ။ အဆိုအမိန့်များကိုလဲ မှတ်သားသွားတယ်။

    ReplyDelete
  4. အနှစ်သာရပြည့်ဝတဲ့ (မူ)တွေ က အစဉ်အဆက် သိပ်ကို ကောင်းမွန်ပါတယ်။
    (လူ)တွေက မထီမဲ့မြင်နေလို့သာ
    အနှစ်သာရ မဲ့မဲ့သွားရတာ အလွန်နှမြောမိပါတယ်။
    ဖော်ပြပေးလို့ ကျေးဇူးပါ (အစ်မမေ)
    လေးစားလျက်

    ReplyDelete
  5. မှန်တာပေါ့ရှင်
    စည်းလုံးဖို့က ကြိုးစားသလောက် အရာမထင်သလိုပဲ ခံစားမိပါတယ်

    ReplyDelete
  6. ပြည်ထောင်စုနေ့ရောက်တိုင်း ကျိုက်က္ကဆံ မြင်းပြိုင်ကွင်း
    မှာနှစ်စဉ်ကျင်းပ ခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို
    အရမ်းသတိရမိတယ်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။