ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မိတ်ဆွေကောင်းမိတ်ဆွေမြတ် အင်္ဂါ ၇ - ပါး

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား မိတ်ဆွေကောင်း မိတ်ဆွေမြတ်၏ အင်္ဂါ (၇) ပါးကို ဟောတော် မူသည်။
"ရဟန်းတို့ ဤလောက၌ မိတ်ဆွေကောင်း၊ မိတ်ဆွေမြတ်၏ အင်္ဂါခုနှစ်ပါး ရှိသည်။ ယင်းတို့မှာ.....
၁။ သူတစ်ပါး တို့ပေးနိုင်ရန်ခက်ခဲသော အရာဝတ္တုကို ပေးတတ်၏။
၂၊ သူတစ်ပါး တို့ ပြုနိုင်ရန် ခက်ခဲသော အမှုကို ပြုတတ်၏။
၃။ သည်းခံရန် ခက်ခဲသော အရာ၌ သည်းခံတတ်၏။
၎။ မိမိ၏ လှို့ဝှက်သော အမှုကိစ္စကို အဆွေခင်ပွန်းအား ပြောကြားကာ အကြံတောင်း၏။
၅။ အဆွေခင်ပွန်း၏ လှို့ဝှက်သော အမှုကိစ္စကို လှို့ဝှက်ထား၏။
၆။ ဘေးရန်အန္တရာယ် ကြုံကြိုက်လာလျှင် အဆွေခင်ပွန်းကို မစွန့်ပစ်တတ်။
၇။ အဆွေခင်ပွန်းတွင် ပစ္စည်းဥစ္စာ ကုန်ခန်းပျက်စီးသော်လည်း မလေးမစား မပြု၊ တတ်အား သမျှ ကူညီတတ်၏။
ဤကဲ့သို့ အင်္ဂါ ခုနှစ်ပါးနှင့် ပြည့်စုံသော မိတ်ဆွေကောင်းကို ပေါင်းသင်း ဆည်းကပ်ထိုက်၏ " ဟု ဟောတော်မူသည်။

ကျမ်းကိုး ။ အင်္ဂုတ္တရ၊ သတ္တကနိပတ်၊ ဒေ၀တာဝဂ်၊ ပထမမိတ္တသုတ်။

ဦးငွေအောင်မွန်( ဓမ္မစရိယ၊ ပါဠိပါရဂူ ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
မြတ်မင်္ဂလာစာစောင် (၂၀၀၈ -စက်တင်ဘာလ)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



3 comments:

  1. ၁ နဲ့ ၂ နှစ်ချက်ကိုက အဓိပ္ပါယ် ကျယ်ပြန့် နက်ရှိုင်းပြီး လိုက်နာနိုင်ဖို့ တော်တော် မလွယ်နိုင်ဘူးနော်။ ကြိုးစားလိုက်နာ သင့်တာတွေပဲ။ ပြောရရင် ၇ ချက်လုံးကို ရာနှုန်းပြည့် မလိုက်နာနိုင်တောင် အတတ်နိုင်ဆုံး လိုက်နာ နေထိုင်ကြသင့်တယ်။ ဒါမှလဲ အားလုံး အကျိုး ဖြစ်ထွန်းလိမ့်မယ်။

    ReplyDelete
  2. မိတ်ဆွေမိတ်မြတ်ဆိုတာလည်း
    လူတစ်ယောက်အတွက်အရေးကြီးတာပဲနော်
    မှတ်သားသွားပါတယ် မမပန်းကဗျာ
    မျှဝေပေးတဲ့အတွက် ကျေးဇူးပါ
    နောင်များလည်းဆက်လက်မျှဝေနိုင်ပါစေ

    ReplyDelete
  3. အစ်မရေ
    မိတ်ဆွေကောင်းတွေရှိရမယ့်
    အင်္ဂါရပ်တွေကို မှတ်သားသွားပါတယ်။
    ဆက်လက် မျှဝေနိုင်ပါစေ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။