ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချမ်းသာလိုက်ပုံများ


တစ်ခါက မြို့တစ်မြို့မှာရှိတဲ့ ဒေါက်တာအေးမောင် ဆိုတဲ့ ဆရာဝန်တစ်ယောက်ရှိသတဲ့….. အဲဒီဆရာဝန်ဟာ တစ်နေ့မှာ သူတို့တစ်မြို့တည်းမှာရှိတဲ့ သူငယ်ချင်း ဆရာဝန်လင်မယား ဖြစ်တဲ့ ဒေါက်တာစိုးချစ်….ရဲ့ အိမ်မှာ ကျင်းပတဲ့ ညစာစားပွဲတစ်ခုကို သူ့မိန်းမနဲ့သွားပြီးအဲဒီညစာ စားပွဲကိုတက်သတဲ့ … ညစာစားပွဲဆိုတော့ မိတ်ဆွေတွေကလည်းများ လူစုံတက်စုံနဲ့ တေးဂီတရော အဖျော်ယမကာ တွေ စုံစုံလင်လင်နဲ့ကျင်းပတဲ့ပွဲပေါ. ….
ဒီတော့ ဒေါက်တာအေးမောင် တို့လင်မယားလည်း သောက်လည်း သောက်စားလည်းစားပေါ့……

ညစာစားပွဲအပြီးမှာ အိမ်ပြန်ရောက်လာတဲ့ ဒေါက်တာအေးမောင် က သူ့မိန်းမကိုပြောတာက…
ဒေါက်တာအေးမောင်… " မိန်းမရေ.. ဒေါက်တာစိုးချစ် တို့က အရမ်းချမ်းသာတာပဲကွာ ငါ ညက အရက်တွေသောက်ပြီး အိမ်သာသွားတာတောင် သူတို့အိမ်က အိမ်သာကရွှေနဲ့လုပ်ထားတာ ကွလို့ပြောလိုက်တယ် … "
အဲဒီမှာ သူ့မိန်းမကချက်ခြင်း ဒေါက်တာစိုးချစ်အိမ်ကို ၀မ်းသာအားရနဲ့ဖုန်းဆက်ပြောတာပေါ.
ဒေါက်တာအေးမောင်မိန်းမ…."သူငယ်ချင်းရယ် ငါ့ယောကျာ်းကပြောတယ် ရှင်တို့အိမ်ကချမ်းသာ တာကတော့ အိမ်သာကိုတောင်ရွှေနဲ့လုပ်ထားတယ်လို့ကျွန်မကို ပြောတယ်ဆိုပြီး ပြောလိုက် တယ် ……"
အဲဒီမှာ ဖုန်းလာကိုင်တဲ့ ဒေါက်တာစိုးချစ်မိန်းမ ကဘယ်လိုပြန်ပြောလည်းဆိုတော့…
ဒေါက်တာစိုးချစ်မိန်းမ……… အော် … "ခုမှပဲ ကျွန်မယောကျာ်းရဲ့ ဓာတ်ပြားစက်ထဲကို အပေါ့သွားတဲ့လူကို သိတော့တယ်တဲ့……….."
(ဓာတ်ပြားစက်ဆိုတာ ရှေးခတ်ရေဒီယိုပါ..(ရွှေရောင်နှင့်) မြန်မာရုပ်ရှင်တစ်ချို့မှာပါပါတယ် . ပုံကိုအနီးစပ်ဆုံးရှာ ပြီးတင်ပေးထားပါတယ်.. )

အားလုံးကိုချစ်ခင်လေးစားလျှက်...



12 comments:

  1. အမ ဓါတ်ပြားစက် အကြောင်းလာဖတ်သွားတယ် ဟီးဟီး

    ReplyDelete
  2. မူးမဲ့မူးပြီး ပေါက်တော့လည်း :P

    ReplyDelete
  3. တော်သေးတာပေါ့ အပေါ့မို့ အလေးသာ သွားလိုက်ရင်တော့

    ReplyDelete
  4. နှစ်သက်စွာဖတ်သွားတယ် အစ်မ။
    ရှာဖွေတင်ပြပေးလို့ ကျေးဇူးတင်တယ်။

    ReplyDelete
  5. မူးမှ ကျွဲခိုးပေါ်တာမဟုတ်ဘူး
    အမူးပြေမှ ကျွဲခိုးပေါ်တာ
    ဘ၀အမောတွေကြားက
    ဖြေသိမ့်စရာ အပျော်လေး လာဖတ်ပါတယ်။

    ReplyDelete
  6. ဓါတ်စက်ကြီး ဖွင့်လို့ရသေးရဲ့လားဟင်
    :)

    ReplyDelete
  7. ကိုဖားကြီးရေ ဓာတ်စက်ဘာဖြစ်သွားလည်းတော့မပါဘူးရှင့် ဟီး၂ ကိုဖားကြီးပြောမှသတိရတယ်.

    ReplyDelete
  8. ဇာတ်လမ်းကတကယ့်အဖြစ်ပျက်နဲ့တူုတယ်နော်
    တော်တော်ရီရပါတယ်...။

    ReplyDelete
  9. တရားခံဘယ်သူလဲဆိုတာသိပြီ .. :P

    ReplyDelete
  10. အော် ခုမှပဲ
    ဟီးးး ဟာသလေးကကောင်းတယ်
    အားပေးလျက်ပါ :)

    ReplyDelete
  11. ဟားဟားဟား ..ပေါက်ပေါက်ရှာရှာဗျာ ဟုတ်လည်း ဟုတ်မှာပါ အတော်လည်းတူသကိုး
    ဗျ

    ReplyDelete
  12. ဟီးးး ဟားး ရယ်ရတယ်ဗျာ ကြံကြံဖန်ဖန်ဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။