ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

"လောကနီတိ"

  • ဆူးကို အဘယ်သူချွန် ၍ ထက်သနည်း၊
  • သမင်မျက်လုံးကို အဘယ်သူ မျက်စဉ်းခတ်၍ကြည်လင်သနည်း၊
  • ရွှံညွန် ၌ပေါက်သော ကြာပန်းကို အဘယ်သူ ရနံ့ထည့်၍ ထုံမွှေးသနည်း။
  • သူ့သဘာဝအလျောက်သာဖြစ်ကြကုန်၏။
  • အမျိုးကောင်းသားအမျိုးကောင်းသမီးတို့မည်သည်သူတစ်ထူးအကူမရ မူလည်း
  • မိမိဘာသာကြိုးအားထုတ်ရာ၏။
  • Who sharpens the thorne to be pointed?Who put eyedrops the deer's
  • eye to be shiny? Who put scent in the lily growing in mud to
  • be fragrant?
  • Those may happen by nature.
  • The good descendents should themselves try without help.

  • ကျီးတို့ ၏ အလယ်၌ ရောနှောခြင်းဖြင့် ဟသာင်္မင်းအတွက် မတင့်တယ်။
  • နွားအုပ်အတွင်း ရောနှောနေ ခြင်းဖြင့် ခြင်္သေ့မင်းအတွက် မတင့်တယ်။
  • မြည်းအုပ်အတွင် ရောနှောနေခြင်းဖြင့် သိန္ဒောမြင်းအတွက် မတင့်တယ်။
  • သူမိုက်တို့ အလယ်၍ ရောနှောနေခြင်းဖြင့် ပညာရှိသူတော်ကောင်း အတွက် မတင့်တယ်။
  • A hamsa is out of place among crows.
  • A lion is out of place among cattle.
  • A horse is out of place among donkeys.
  • A learned man is out of place among the bad.

  • အရသာပျက်ကြောင်းတရားလေးပါ။ တို့သည်ကား-
  • ထုံးမပါသောကွမ်း။
  • ဆားမပါသောဟင်း၊
  • ဥစ္စာပစ္စည်းမရှိဘဲ ၀တ်စားတန်ဆာ ပလွှားမော်ကြွား ၀တ်ဆင်ခြင်း၊
  • ပညာမတတ်ဘဲ ပျို့၊ ကဗျာ ၊ လင်္ကာ ဖွဲဆိုခြင်းတို့ ပေတည်း။
  • What causes unsavouriness are:-
  • A betel-quid without lime.
  • Curry without salt.
  • Dressing up flauntingly without wealth.
  • Composing verse without education.

  • အကြီးအမှုး လူကြီးမိဘ တို့၏ နာယက ဂုဏ်ခြောက်ပါးသည်ကား-
  • က) သည်းခံခြင်း၊
  • ခ) နိုးကြားခြင်း၊
  • ဂ) ထကြွလုံလရှိခြင်း၊
  • ဃ) ဝေဖန်ပိုင်းခြားတတ်ခြင်း၊
  • င) သနားကြင်နာခြင်း၊
  • စ) အမြော်အမြင်ကြီးခြင်း တို့ပေတည်း။
  • Patience, aLertness, tenacity, reasoning, compassion, farsightedness are the parental and leadership virtues.

အားလုံးကိုချစ်ခင်လေးစားလျှက်...
မေ၁၆

6 comments:

  1. ပေါ့ပေါ့ပါးပါး
    မှတ်သားစရာလေးတွေကို
    ဖတ်သွားပါတယ်
    ရှယ်ပေးလို့ ကျေးဇူး...

    ReplyDelete
  2. စာကြည့်တိုက်ဆိုတဲ့
    နာမည်နဲ့လျှော်ညီတဲ့ ရသ၊ ဗဟုသုတတွေ
    ဖတ်ရလို့ ၀မ်းသာမိတယ်။
    ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  3. လောကကြိးမှာ မှတ်စရာသားစရာတွေ
    တပုံတပင်ပါလားနော် မှတ်သားသွားပါတယ်ဗျာ

    ReplyDelete
  4. လာရောက်ဖတ်ရှုမှတ်သားသွားပါတယ်
    ဝေမျှပေးတာကျေးဇူးပါဗျာ...

    ReplyDelete
  5. မှတ်သားစရာတွေကို ဝေမျှပေးခြင်းအတွက်
    ကျေးဇူးတင်ပါတယ် မမေ၁၆

    ReplyDelete
  6. ပေါ့ပေါ့ပါးပါးနဲ့ အဆီအနှစ် အပြည့်ပါတဲ့ လောကနီတိလေးတွေကို ဗဟုသုတ ရယူသွားပါတယ်ဗျာ.. မျှဝေပေးတာ ကျေးဇူးပါ..။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။