ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘယ်တော့မှမလိမ်တော့ပါ

ကျော်ကျော်သည်လိမ်ပြောတတ်သော အကျင့်ရှိပါသည်။ လိမ်တတ်သောအကျင့် ဘယ်တော့အခါတွင်မှ ပျောက်ပါ့ မလဲဟု မိဘများတွေးပူနေချိန်မှာပင် ကျော်ကျော်အား အလိမ်ပျောက်ရန် ဆုံးမပေးမယ့်သူပေါ်လာ၍လား မသိပါ။
ကျော်ကျော်ကိုယ်တိုင် '' ကျွန်တော်ဘယ်တော့မှမလိမ်တော့ပါ'' ဟု ကတိပေးလာပြီဖြစ်ပါသည်။
တစ်နေ့မှာတော့ ကျော်ကျော်တစ်ယောက် မမျှော်လင့်ပဲနေမကောင်းဖြစ်ကြောင်းကြားရသော အခါ ကျွန်တော်တို့ သူငယ်ချင်းများသည် ကျော်ကျော်အိမ်သို့သွားရောက် လူမမာကြည့်ကြပါသည်။ ကျော်ကျော်သည် အဖျားဒဏ် ကြောင့်လားမသိပါ ကယောင်ကတမ်းဖြစ်နေပါသည်။ တစ်ခါတစ်ရံတွင် အမှန်စကားများပြောသကဲ့သို့ တစ်ခါတစ်ရံ တွင် ဘာတွေပြောမှန်းမသိသော စကားများပြောပါသည်။ သူတို့အိမ်ပေါ်တွင် အရပ်ထဲမှ လူကြီးများလည်း လူနာမေး ရန်ရောက်ရှိနေကြပါသည်။

တစ်ချို့ကကျော်ကျော်နေမကောင်းသည်ကို အပမှီတာဖြစ်မယ် နေ၀င်မိုးချုပ် ဘယ်သွား သေးလဲ ဟုမေးကြပါသည်။ ကျွန်တော်တို့နေသော ရပ်ကွက်သည် တံတားလေးလမ်းဆုံတွင်ဖြစ်ပြီး မကြာခဏ ကားတိုက်မှုဖြစ်ပြီး သေဆုံးမှုများ လည်းရှိပါသည်။ ရက်ကွက်ထဲ၌ ကလေးလူငယ်များနာမကျန်းဖြစ်သည့်အခါ ''အပမှီတာ- အပမှီတာ'' ဟူသော စွပ်စွဲ ချက်များ ကြားရမြဲဖြစ်ပါသည်။ တစ်ချို့ကလေးများသည်လည်း တတ်ကျွမ်းသူများ၏ မန်းမှုတ်ပေးခြင်း ဖြင့် ပျောက်သွားကြပါသည်။
ယခုလည်းကျော်ကျော်နေမကောင်းဖြစ်သည်ကို ''ဒီကလေးက အဆော့များတယ်၊ လမ်းမှာချော်လဲလို့ မြေဖုတ်ဘီလူး ဖမ်းသလား နေ၀င်မိုးချုပ်သွားလို့ အပမှီသလားမသိဘူး ဒီနေရာကအစိမ်းသေများတော့ ဒါပဲဖြစ်မှာပါ. ကြည့်ပါလား ကလေးက.. ကယောင်ကတန်းနဲ့ ကောက်ခါငင်ခါထဖြစ်တာ ညနေကတောင်ကစားနေတာ အကောင်းဟု'' မိန်းမကြီး တစ်သိုက်ကကောက်ချက်ချ ပြီး ပြောနေသံကို ကြားရပါသည်။
တစ်ချို့ကလည်း ''နတ်ဖမ်းတာဖြစ်မယ်၊ ကြည့်ပါလား နတ်အုန်းကိုဖြစ်သလိုဆွဲထားတာကိုး၊ သူတို့က၀က်မွေးတော့ နတ်ဖမ်းတာပေါ.. နတ်တွေက၀က်ကြောက်တယ် .. ကလေးကကံနိမ့်လို့ခံရတာ. မိဘတွေကြောင့်ဖြစ်ရတာဟု'' ပြောသူကပြောနေကြပါသည်။ မကောင်းဆိုးဝါးဖမ်းစားသည် ဟု ပြောသူကပြော နတ်ဖမ်းသည်ဟု ဆိုသူကဆိုသော ကြောင့် မိဘများမှာ ဘယ်ကနေဘယ်လိုစတင်ကုရမည်ကို မတွေးတတ်အောင် ဖြစ်ရပါတော့သည်။ နောက်ဆုံး ပယောဂ အုပ်စုကအားသာသွားပါသည်။
ပယောဂပညာ ဖြင့်ကုသည့်ဆရာပင့်ရန် တိုက်တွန်းလာသဖြင့် ကျော်ကျော့်ဖခင်မှာ ဘာလုပ်ရမှန်းမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါသည်။ သားယောကျာ်းလေးလည်းဖြစ်ပြန် အသက်(၁၂) နှစ်အရွယ်သား ခုလိုဖြစ်သဖြင့် စွန့်ပစ် ရမည်ကို စိုးရိမ်နေပါသည်။ ထို့ကြောင့် အများအကြံညဏ်ကို လက်ခံပြီး ဆရာကောင်းကောင်း ရှာပေးကြပါရန် ပြောပါတော့သည်။
ရပ်ကွက်မှ ပယောဂဆရာကို သွားပင့်လာပြီး ဆရာကြွလာပါသည်။ ဆရာ အိမ်ပေါ်ရောက်တာနှင့် ''ဘယ်အကောင်လဲ ကွ အနှောင့်အယှက်ပေးနေတာ… ငါဆရာ အိမ်ပေါ်ရောက်ပြီ . ခုချက်ခြင်း ထွက်သွားဟု'' ပြောပြီး လူနာဘေးတွင် ၀င်ထိုင်လိုက်ပါသည်။ ဆရာရောက်မှာလူနာသည် ကယောင်ကတမ်းပိုပြောပါသည်။ ထိုအခါဆရာ က သူ့ကိုပညာ စမ်းသည်ဟုဆိုကာ ကြမ်းပြင်အား ဖနောင့်နှင့်ပေါက်ပြီး ကြိမ်းပြန်သည်။ မရသောအခါ လူနာအား ဒုတ်နှင့်ရိုက်ရန် စီစဉ်ပါတော့သည်။ ထိုအခါ ကျော်ကျော်အဖေက ''ဆရာရယ်ဆရာ့စေတနာကိုလေးစားပါတယ် လူနာကိုတော့မရိုက်ပါ နှင့်'' ဟု တောင်းပန်ပါသည်။
ထိုအခါ ဆရာက …. ''ကျုပ်လူနာကိုရိုက်မှာမဟုတ်ဘူး အောက်လမ်းရှင်ကိုရိုက်မှာဗျ… ဒီမှာကြည့်ဆိုပြီး'' ကျော်ကျော့် ကိုခပ်နာနာလေး ရိုက်ပါတော့သည်။ ကျော်ကျော်၏ '' အား '' ဆိုသော အသံမှာ တော်တော်ကိုကျယ်သည် ဟု ကျွန်တော် ထင်ပါသည်။ ကယောင်ကတမ်းဆိုသော်လည်း ကျော်ကျော်အော်သံမှာ နာ၍အော်ခြင်းဖြစ်ပါသည်။ နောက်ဆုံး ကျော်ကျော်သည်. ''ဆေးရုံ….ဆေးရုံ'' ဟုပြောပြီးသတိလစ်သွားသည်။သတိလစ်သွားတော့မှ လူနာကြည့် နေသော လူအားလုံး ဆေးရုံသို့ပို့သင့်ကြောင်းတိုက်တွန်းပြီး ကျော်ကျော်အား ဆေးရုံသို့ပို့လိုက်ကြပါသည်။
ကျော်ကျော်တစ်ယောက် ဆေးရုံသို့အရောက်စော၍သာ အရောက်မစောပါက……
ကျော်ကျော်ကိုယ်တိုင်က ''ကျွန်တော်ဘယ်တော့မှမလိမ်တော့ပါ''ဟု ကတိပေးပြီးဖြစ်ပါသည်။ အမှန်တော့ ကျော်ကျော် အဆော့သန်ရာမှ သံစူးပြီးဖျားခြင်းဖြစ်ကြောင်း အမှန်မပြော၍ ယခုကဲ့သို့ အရိုက်အနှက်ခံရပြီး ကံကောင်း ထောက်မ၍ အသက်မသေခြင်းဖြစ်သည်။
ထို့ကြောင့် ''မုသားမပါ လင်္ကာမချော'' ဆိုသော စကားရှိသော်လည်း အတတ်နိုင်ဆုံးမလိမ်မိကြစေရန် ဒီပို့စ်လေးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်..

ကလေးအတွေးစိတ်ဓာတ်နှင့်အားမန် (မောင်စိုးထိုက် (သုံးဆယ်) )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ


8 comments:

  1. ကျနော်တို့ မြန်မာတွေရဲ့ အစွဲတမျိုးပေါ့နော့် နယ်ဖက်တွေမှာ တွေ့ရတာ ပိုများပါတယ် နဲနဲ နေမကောင်းတာနဲ့ အမှောင့်မှီတာတွေဘာတွေနဲ့

    ကလေးစရိုက်နဲ့ ဘ၀မှာဖြစ်တတ်တဲ့ သဘောလေးကို လာရောက်ခံစား ဗဟုသုတ ယူသွားပါတယ်။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. တော်သေးတာပေါ့ မေးခိုင်ပိုးဝင်ပြီး မဂိသွားတာ
    ခုတော့ အဲလို အယူတွေ ရှိချင်မှ ရှိတော့မှာပါ
    ဒါပေမဲ့ မကောင်းဆိုးရွားတွေလဲ မရှိဘူးလို့ ဘယ်
    သူမှ မပြောနိုင်ပါဘူး ရှိပါတယ်။ရှိတာမှ ဘုရား
    ရှင်လက်ထက်ကထဲက ရှိတာပါလို့ စာအုပ်တွေ
    ထဲ ဖတ်မှတ်ဖူးပါတယ်။

    ReplyDelete
  3. ကိုတောင်ပေါ်သားပြောသလိုပေါ့နော် ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ အစွဲလေးတစ်ခုပေါ့နော် အထူးသဖြင့်တော့နယ်တွေမှာ ဖြစ်တာများပါတယ်နော်။ လာရောက်ဖတ်မှတ်သွားပါတယ်နော်။

    ReplyDelete
  4. ဟုတ်ပါတယ်ရှင်...
    တတ်နိုင်သမျှ မလိမ်တာ မညာတာ အကောင်းဆုံးပါပဲ...
    အယူတွေ အစွဲတွေ အစွန်းရောက်မှုတွေဟာ ဒုက္ခပေးနိုင်ပါတယ်...
    ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်... :)

    ReplyDelete
  5. ကျွန်တော်တို့ ရှမ်းပြည်ဘက်မှာတော့
    ၂-၃ ရက်လောက် နေမကောင်းဖြစ်ရင်
    အောက်လမ်းဆရာအိမ်သွားတာပဲ
    ဟိုရောက်ရင် ၀င်ပူးတာတွေဖြစ်ပြီး၊ ၀င်ပူးတဲ့ (အပ)အတွက် ကောင်းကျိုးချမ်းသာ ကုသိုလ် လုပ်ပေးလိုက်ရင် နေကောင်းသွားတယ်။
    မယုံရခက်၊ ယုံရခက်ပါနော်။
    စာကောင်းလေး ဖတ်သွားပါတယ်။.

    ReplyDelete
  6. ကျွန်တော်တို့ ရှမ်းပြည်ဘက်မှာတော့
    ၂-၃ ရက်လောက် နေမကောင်းဖြစ်ရင်
    အောက်လမ်းဆရာအိမ်သွားတာပဲ
    ဟိုရောက်ရင် ၀င်ပူးတာတွေဖြစ်ပြီး၊ ၀င်ပူးတဲ့ (အပ)အတွက် ကောင်းကျိုးချမ်းသာ ကုသိုလ် လုပ်ပေးလိုက်ရင် နေကောင်းသွားတယ်။
    မယုံရခက်၊ ယုံရခက်ပါနော်။
    စာကောင်းလေး ဖတ်သွားပါတယ်။.

    ReplyDelete
  7. ဗဟုသုတရတာပေါ့ဗျာ..
    အယုံအကြည်တော့မရှိဘူး

    ReplyDelete
  8. စာလေးတွေ ပုံမှန် လာဖတ်ဖြစ်ပါတယ်။ မလာဖြစ်တဲ့ရက်တွေအတွက် စာကြွေးတွေ ဖတ်သွားတယ်နော်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။