ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စကားလှလို့ အသားရခဲ့သူ

စကားလှလို့ အသားရခဲ့သူ
ဟိုးရှေ့ရှေ့တုန်းက…
ဗာရာဏသီပြည်မှာ သူဌေးသားသူငယ်ချင်းလေးယောက် လမ်းဆုံလမ်းခွမှာ ထိုင်ပြီး လူငယ်တို့သဘာဝအတိုင် ထွေရာလေးပါး စကားဆိုနေကြတယ်။
အဲဒီအချိန်မှာ…
အမဲသားတွေ တင်ဆောင်လာတဲ့ လှည်းတစ်စီးဟာမောင်းနှင် လာတယ်။ သူဌေးသားတစ်ယောက်က လှည်းနားကပ်သွားပြီး ။
***ဟေ့….မုဆိုး ငါ့ကို အမဲသားပေး***။ လို့အသံခပ်မာမာနဲ့တောင်းတယ်။ ဟင်….မင်းက တောင်းတဲ့သူလည်းဖြစ်သေး။ စကားပြောတော့ မာရည်ကြောရည်နဲ့ မင်းစကားသံက အမြှေးနဲ့တူတယ်။ လို့ မုဆိုးက ပြန်ပြောကာ၊ အသားရဲ့ အပေါ်ယံမှာ ကပ်နေ တဲ့ အမြှေးတွေကို ခွာပေးလိုက်တယ်။
နောက်တစ်ယောက်က…***အစ်ကိုကျွန်ုပ်အားအမဲသားပေးပါ***။ လို့တောင်းလိုက် တယ်။ လောက မှာ အစ်ကိုဆိုတဲ့စကားက ကိုယ်အင်္ဂါကို အစွဲပြုပြီး ခေါ်ဝေါ်နေကြတာ သင့်ရဲ့စကားက ကိုယ်ခန္ဒ္စာနဲ့ တူတယ်။ လို့ မုဆိုးကဆိုပြီး ၊ကိုယ်ခန္ဒ္စာမှ အသားတုံးကို လှီးပေးလိုက်တယ်။

နောက်တစ်ယောက်က…***အဖ ကျွန်ုပ်အား အမဲသားပေးပါ***။လို့တောင်းလိုက်တယ်။အဖ ဆိုတာ ဖခင်ရဲ့ နှလုံးသားကို တုန်လှုပ်စေပါတယ်။ မင်းရဲ့စကားဟာ နှလုံးသားနဲ့တူတယ်။ လို့မုဆိုးကဆိုပြီး၊ နှလုံးသားကို လှီးပေးလိုက်တယ်။
နောက်ဆုံးတစ်ယောက်က….တော့***မိတ်ဆွေကြီး ကျွန်ုပ်ကို အမဲသားပေးပါ***လို့ တောင်းလိုက်ပြန်တယ်။ ရွာထဲမှာနေပြီး မိတ်ဆွေအပေါင်းအသင်းမရှိရင် တောထဲမှာ နေရတာနဲ့ အတူတူပဲ။ သင့်ရဲ့စကားဟာ တစ်ကိုယ်လုံးနဲ့တူတယ်။ ဒီတော့ အမဲသားအာလုံးကို သင့်အိမ်လိုက်ပို့ပေးမယ် ငါ့လှည်းပေါ်တက်။ ဟုဆိုပြီး မုဆိုးက ပြန်ပြောလိုက်တယ်။
သူဌေးသားလူငယ်ဟာ လှည်းပေါ်တက်ပြီး အိမ်ရောက်အောင်မောင်းခိုင်းလိုက်တယ်။ အိမ်ရောက်တဲ့အခါမှာ မုဆိုးကို ကျေးဇူးတင်တဲ့အနေနဲ့ ပစ္စည်း ဥစ္စာများ ပေးကမ်းတယ်။မုဆိုးရဲ့ ဇနီးမိသားစုကိုပါ ခေါ်ယူစေတယ်။မုဆိုးအလုပ်ကို စွန့်လွှတ်ခိုင်းတယ်။ သူနဲ့အတူနေထိုင်စေတယ်။အဆွေခင်ပွန်း အဖြစ် ရာသက်ပန် နေထိုင်သွားခဲ့ကြပါတော့တယ်။ (သဗ္ဗမံသလာဘဇာတ်)
သင်ခန်းစာ
စကားချိုသာတာကို လူတိုင်း နှစ်သက်ကြတယ်။
နောက်ပြီး ချိုသာတော့ လိုရာရတာပေါ့။

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16



6 comments:

  1. ဟုတ်ကဲ့ မမေ၁၆
    မှတ်သားသွားပါတယ်
    ခုက chinese new year ဆိုတော့ ...
    မမချောချော ညီမလေးကို မုန့်ဖိုးပေးပါ :)

    ReplyDelete
  2. သင်ခန်းစာလေး ရယူသွားပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ စကားချိုသာဖို့ အမှတ်ရ စေတာအတွက်..။ ပျော်ရွှင်ပါစေ.။

    ReplyDelete
  3. သင်ခန်းစာလေးရယူသွားပါတယ်ဗျာ။ လာရောက်မှတ်သားသွားပါတယ်ဗျာ။ စကားပြောချိုသာသောကို လူတိုင်းကနှစ်သက်ကျတယ်တဲ့ ခင်မင်ကျတယ်တဲ့ဗျာ။ အခုလိုမျှဝေပေးတာကျေးဇူးပါပဲနော်။

    ReplyDelete
  4. ဟုတ်တယ် မှန်တယ်ဗျ

    ReplyDelete
  5. မှတ်သားစရာတွေ မကုန်နိုင် မခမ်းနိုင် တာမို့ ကျေးဇူးတင်ပြီးရင်း တင်ပါတယ်။
    ဖော်ပြပေးလို့ ကျေးဇူးပါ။
    အမ်ပေါင်းလဲ ပေးဘူး .. ..

    ReplyDelete
  6. ငယ်ငယ်က ဖတ်ဖူးတယ်ဗျ ခုမှ ပြန်သတိရတယ်
    ကျေးဇူးပါဗျား

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။