ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိပ်ဆေး။

လောကတွင် မကောင်းမှုတစ်ခု ပြုလုပ်ပြီးတိုင်း နောင်တ တစ်ဖန် ပူဆွေးရတတ်သည်။ စိတ်ဆင်းရဲရတတ်သည်။ ထိုနောက် ပူပန်ရခြင်း၊ စိတ်ဆင်းရဲရခြင်းတို့ကြောင်း တစ်ညတာ အိပ်ပျော်ဖို့အရေး ဝေးခဲ့ရတတ်သည်။ ထို့အခါ ညတာသည် ရှည်လျားလွန်းသည်ဟု ထင်မိတော့သည်။ထို့ပြင်လောဘ၊ဒေါသတို့၏ အခိုးအငွေ့များကြောင့်လည်း စိတ်ဆင်းရဲရတတ်သည်။ ထိုအချိန်ကာလများတွင် အိပ်ပျော်ဖို့ ခက်ခဲသည်။ ထို့ကြောင့်လည်း ချမ်းသာစွာ အိပ်စက်နိုင်ဖို့ အရေးသည် လူတစ်ဦးအဖို့ အလွန်အရေးကြီးသည်။ ပန်းမွေ့ရာ ရွှေကော်ဇောပေါ်တွင် အိပ်မပျော်နိုင်ဘဲ စိတ်ဆင်းရဲသူများရှိသကဲ့သို့ ပလက်ဖောင်းပေါ်တွင် အုပ်ခဲခေါင်းအုံးပြီး နှစ်နှစ်ခြိုက်ခြိုက် စိတ်ချမ်းသာစွာ အိပ်ပျော်သူများလည်းရှိသည်။

ကျမဖတ်ခဲ့ဘူးသော စာအုပ်လေးရဲ့အဆိုအရ တစ်နေ့လုံးကောင်းသောအမှုဖြင့် ကုန်ဆုံးပြီးသည့် အခါ ညဥ့်အချိန် အိပ်စက်ရခြင်းသည် ချမ်းသာလေစွ။ တစ်သက်တာ ပတ်လုံး ကောင်းသောအမှုဖြင့် အချိန်ကုန်လွန်ပြီးသောအခါ သေရာ ညောင်စောင်းလဲလျောင်းရခြင်းသည်လည်း ချမ်းသာလှလေစွ…။ ဟူ ၍ဆိုပါသည်။ထို့ကြောင့်အိပ်သည့်အခါမှာ စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ပျော်နိုင်ဖို့လိုသလို သေသည့်အခါတွင်လည်း စိတ်ချမ်းချမ်းသာသာဖြင့် သေနိုင်ဖို့လိုအပ်သည်။ ပြုံးသေ မဲ့သေ ၂မျိုးအနက် ပြုံးသေဖို့ ကြိုးသားရမည်။ပြုံးသေဖြင့်သေဖို့ ဆိုလျင် ကောင်းသောအမှုကို မေတ္တာ နှင့်ယှဉ်၍ ပြုလုပ်ရပါမည်။

ကောင်းသောအမှု ပြုသူသည် မေတ္တာအကျိုးကို ခံစားရသူဖြစ်သည်။ မေတ္တာအကျိုး (၁၁)ပါးမှာ-

ချမ်းသာအိပ်နိုး၊ အိမ်မက်ဆိုးခြင်း၊ ချစ်ခြင်းလူနတ်၊ နတ်စောင့်တတ်လျက်၊ လက်နက်ဆိပ်မီး၊ မရောက်ခဲ့ပြီး၊ စိတ်လည်းတည်စွာ၊ မျက်နှာကြည်လင်၊ သေလျှင်မတွေ၊ သေသောအခါ၊ ဗြဟ္မာရွာ၊လားရာမေတ္တာ အကျိုး ဟူ ၍ဖြစ်သည်။

ထို့ကြောင့် မေတ္တာနှင့် ယှဉ် ၍ ကောင်းသော အလုပ်များကို ပြုလုပ်ပြီး ၊ လိုချင်မက်မောသော လောဘ၊ တဏှာ၊ ပူလောင်ပြင်းပြသည့် ဒေါသ များ ရင်ဝယ်ပယ် သတ်၍ ချမ်းသာစွာ အိပ်စက်ခြင်းကို ပြုလုပ်နိုင် ကြပါစေ။


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16



8 comments:

  1. may16
    တန်ဖိုးရှိတဲ့ အသိပညာပေးပို့စ်လေးကို နာယူ မှတ်သားသွားပါတယ်။
    ဆက်လက် ရေးသား တင်ပြနိုင်ပါစေဗျာ။

    ReplyDelete
  2. မှတ်သား သွားပါတယ်ရှင့်

    ReplyDelete
  3. လာဖတ်ရူ သွားပါတယ် ခင်ဗျာ။

    ReplyDelete
  4. စာကောင်းလေးတွေ လာလာဖတ် သွားပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေနော်

    ReplyDelete
  5. စာကောင်းလေးတွေလာဖတ်သွားတယ်နော်။ မှတ်လည်းမှတ်သားသွားပါတယ်နော်။

    ReplyDelete
  6. တန်ဖိုး၇ှိလိုက်တာ..သေချာကိုနာယူမှတ်သားသွားပါတယ်

    ReplyDelete
  7. မှတ်သားသွားပါတယ်ဗျာ ကောင်းမွန်တဲ့ ပို့စ်လေးပါပဲ။

    ReplyDelete
  8. ပညာ တရားပေး ပို့ စ်လေး အတွက် ကျေးဇူးပါ..
    အပြုံးသေ ပဲ ဖြစ်ချင်တယ် ဗျာ ကျနော်တော့...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။