ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အလှကမ္ဘာမှာနေကြည့်ပါ..

မိတ်ဆွေများရဲ့များပြားလှတဲ့၏တစ်နေ့တာ အပြေးအလွှားပြုလုပ်နေရသော အချိန်ဇယားကို မီးခလုတ်ပိတ် သကဲ့သို့ ခဏပိတ်ထားပြီး အေးချမ်းတိတ်ဆိတ်သော နေရာလေးကို ရှာကြည့်ကြရအောင်.
၁. သဘာဝအလှတရားနှင့်နီးစပ်မှုရှိပါစေ။
ကမ္ဘာကြီးသည် လှပတင့်တယ်သောနေရာ ဖြစ်သဖြင့် ခေတ်နှင့်အပြိုင် ပြေးနေခြင်းကို လျော့ချပြီး သဘာဝအလှကို ခံစားနားလည်ကြည့်ပါ။ မွန်းကျပ်နေသော သင်၏ကမ္ဘာလေးထဲမှ ထွက်ပြီး ပတ်ဝန်းကျင်မှ ပန်းခြံထဲသို့သွားရောက် အပန်းဖြေပါ။ ပင်လယ်ကမ်းခြေသို့ အနားယူ ခရီးထွက်ပါ။ သို့မဟုတ် အေးချမ်းသော တောနယ်တစ်နေရာသို့သွားလည်ပါ။ လေကောင်းလေသန့်ရရှိရန် မြစ်ကမ်းနားမှာ လမ်းလျောက်ပါ။ မိမိဧည့်ခန်းတွင် ပန်းအိုးလှလှလေး များနှင့် မွှေးကြိုင်လတ်ဆတ်သော ပန်းကလေးများထားခြင်း ဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေပါသည်။ အိမ်ရှိ ခွေးလေး၊ကြောင်လေးများကို ချစ်ခင်ခြင်း၊ ပန်းပင်များကို ပြုစုပျိုးထောင်ခြင်းဖြင့် မိမိ၏တင်းကျပ်နေသော စိတ်များကို လျေားပါးသက်သာ စေပါသည်။
၂. ခွင့်လွှတ်မေ့ပျောက်နိုင်ရန်ကြိုးစားပါ။
လောကကြီးသည် အကောင်းနှင့်အဆိုးဒွန်တွဲနေသည်ကို လက်ခံလိုက်ပါ။ ထိုအချက်ကို နားလည်လိုက်သည်နှင့် သင်ရှေ့လျှောက်ရန် လွယ်ကူသွားပါလိမ့်မည်။ ကုန်လွန်ခဲ့ပြီးသော အတိတ်အိမ်မှာနေနေခြင်းအားဖြင့် သင့်အတွေးများကလည်း အတိတ်ကိုပဲ ပြန်၍သွားနေ ပါလိမ့်မည်။ ဆိုးရွားသော အတိတ်ကာလမှ အဖြစ်အပျက်များကို သိလိုက်ပြီးနောက် မေ့ပစ် နိုင်ရန်ကြိုးစားပါ။ သင့်ကိုယ်သင့်ခွင့်လွှတ်လိုက်ပါ။ သူတစ်ပါးကိုလည်း ခွင့်လွှတ်နိုင်အောင် အားထုတ်ပါ။ သို့မှသာ ခါးသီးသော အတိတ်ဘ၀မှ ရုန်းထွက်နိုင်ပါလိမ့်မည်။

၃. အကောင်းမြင်တတ်ပါစေ၊ အဆိုးကိုတွေးတတ်သော စိတ်များကို ဖယ်ရှားပစ်ပါ။
ပုံသေသတ်မှတ်တတ်သော မိတ်ဆွေ၏အမြင်ကို ပြောင်းပစ်လိုက်ပါက ဘ၀၏အလင်းရောင် ကို မြင်တွေ့ရပါလိမ့်မည်။ သင့်အလုပ်နှင့် အိမ်တွင်းမှာပါ အောင်မြင်လိုပါက သင်လုပ်ချင်သည့် အတိုင်း သဘာဝကျကျ ပြုမူဆက်ဆံပါ။ မကြာခင်အဆင်ပြေလာပါလိမ့်မည်။ လူတိုင်းတွင် ဒေါသစိတ်၊ အကြောင်းတရား အဆိုးမြင်သည့်စိတ်ရှိတတ်ကြပါသည်။ အရေးကြီးသည်မှာ ထိုစိတ်များ သင့်ကိုလွှမ်းမိုးမသွားစေရန် ဖြစ်သည်။ သင်သည်နေရာတိုင်းတွင် လိုအပ်သည် ထက်ပို၍ စိတ်ပူပင်တတ်သည်ကိုကြည့်၍ အသက်ကိုပြင်းပြင်းရှူ၍ သက်တောင့်သက်သာနေ လိုက်ပါ။
၎.မြင်ကွင်းကျယ်ကျယ်ကြည့်တတ်ပါစေ။
သင်ယခုကြုံတွေ့နေရသည်များ အားလုံးဆိုးဝါးသည်ဟု ထင်မြင်နေပါက ရှေ့လာမည့်နှစ်များ ကိုကြိုတင်မျှော်ကြည့်လိုက်ပါ။ ယခုကြုံတွေ့နေရသော ပြသာနာများသည် ထင်သလောက်မ ဆိုးသေးဘူးဆိုသည်ကို သင်ခန့်မှန်းနိုင်ပါလိမ့်မည်။
၅.လေ့ကျင့်ခန်းလုပ်ပါ။
သင်၏တင်းကျပ်နေသော စိတ်ကို ဆယ်မိနစ်လမ်းလျောက်ခြင်းဖြင့် လျေားသွားပါစေ။ တစ်ပတ်ကို သုံးကြိမ်လမ်းလျောက်ရန်ကြိုးစားပါ။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီး စီးခြင်း၊ ရေကူးခြင်းတို့ကို လုပ်နိုင်ရန်ကြိုးစားကြည့်ပါ။ ပေါ့ပါးသောလေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ခြင်းဖြင့် ဦးနှောက်ကို ကြည်လင်စေပြီး ခန္ဓာကိုယ်အန်ဖိုဒင်း (Endophins) များကို လျော့နည်းစေပါသည်။
၆. ရယ်မောခြင်းဖြင့် ဘ၀ကိုဆက်လျောက်ပါ။
မိတ်ဆွေများနှင့် ရယ်မောပြောဆိုခြင်းသည် အကောင်းဆုံးစိတ်အပန်းဖြေနည်းများဖြစ်သည်။ ဟာသဇာတ်လမ်းများ ကြည့်ရှုခြင်း၊ ဟာသ၀တ္တုများဖတ်ရှုခြင်းဖြင့် သင်၏စိတ်ဓာတ်ကို မြှင့်တင်နိုင်ပါသည်။
၇.ရှုပ်ထွေးလှသော အပြင်လောကနှင့် အဆက်ဖြတ်ပါ။
ကမ္ဘာ့သတင်းစုံကိုသိရသည်မှာကောင်းပါသည်။ သို့သော် သတင်းများက သင့်ကိုမလွှမ်းမိုးစေ ပါနှင့်။ ကြာလျှင်ပင်ပန်းလာပါလိမ့်မည်။ သိသင့်သိထိုက်သည်များကိုသာ ရွေးချယ်ဖတ်ရှု သင့်ပါသည်။
၈. အသက်ရှည်ချင်လျှင် အသက်ရှူပါ။
အလုပ်များကို ခဏထားပြီး မျက်စိကို အသာပိတ်၍ အသက်ရှူခြင်းကို အာရုံစိုက်ပါ. စိတ်ကို ရှင်းရှင်းထားကြည့်ပါ။ တစ်နေ့တွင် မိနစ်အနည်းငယ်မျှလုပ်ရုံဖြင့် သင်၏စိတ်ငြိမ်သက်အေး ချမ်းခြင်းကို ရရှိပါလိမ့်မည်။
၉.ငြိမ့်ညောင်းသော ဂီတကိုခံစားနားဆင်ပါ။
ဂန္တ၀င်တေးဖြစ်စေ၊ နှစ်သက်ရာတေးဖြစ်စေ၊ အဆိုမပါဘဲ အတီးသက်သက်ကို နားထောင်ရန် အချိန်ပေးပါ။ တိုးတိုးဖွင့်၍ နားထောင်ပြီး စိတ်ကိုလွှတ်ထားလိုက်ပါ။
၁၀.အချိန်ကိုသုံးတတ်ပါစေ။
အလုပ်များကို အချိန်မှီ ပြီးစီးပါ့မလားဟု ပူပန်စိုးရိမ်နေခြင်းသည် ဒေါသကိုဖြစ်စေခြင်း၊ သင့်ကိုယ်သင်အပြစ်ရှိသည်ဟုထင်မြင်လာခြင်း၊ ယုံကြည်မှုပျက်ပြားလာခြင်းတို့ကို ဖြစ်စေပါ သည်။ စိတ်ဓာတ်ကျလျှင် ကိုယ်ခံအားကျဆင်း၍ အအေးမိနှာစေးခြင်းကို ဖြစ်စေနိုင်ပါသည်။
၁၁. အစားအသောက်ကို အရသာသိပါစေ။
အစားအသောက်စားရာတွင် ပြီးပြီးရော ဟူ၍ အရသာမသိအောင် မြန်မြန်ကြီးမစားပါနှင့်၊ အချိန်ယူ၍ စိတ်ရွင်လန်းစွာ စားတတ်ပါစေ။ စိတ်ကို တည်ငြိမ်အေးချမ်းစေရန် အထောက်အကူ ပြုသော အစားအစာများမှာ (Minearl) ဓာတ်ပါသော သပျစ်သီး နေကြာစေ့လှော်များနှင့် ပင်လယ်အစားအစာများဖြစ်သည်။
မိတ်ဆွေများ ဒီအချက်များနှင့် စိတ်ဖိစီးမှုများပြေပျောက်ပါစေရန်ရည်ရွယ်၍ ရေးသားတင်ပြလိုက်ပါတယ်....

ခင်စောတင့်(အမေဆောက်ခဲ့သောရဲတိုက်ကြီးများ)

အားလုံးကိုချစ်ခင်လေးစားလျှက်...

ပန်းကဗျာ



12 comments:

  1. လေ့လာမှတ်သားသွားပါကြောင်း။

    ReplyDelete
  2. ကြိုးစားနေကြည့်ပါမယ်
    မှတ်သွားတယ်နော်

    ReplyDelete
  3. မှတ်သားသွားပါတယ်
    ကျေးဇူးလည်းတင်ပါတယ်
    :)

    ReplyDelete
  4. မှတ်သားရမယ့် အချက်ကလေးတွေပါပဲ..
    မျှဝေပေးတာကျေးဇူးပါ ညီမရေ.

    ReplyDelete
  5. မှတ်သားသွားပါတယ်ဗျာ..။
    ကြိုးစားပြီးတော့လုပ်ကြည့်လိုက်ပါဦးမယ်...။
    ကျေးဇူးပါဗျာ....။

    ReplyDelete
  6. မှတ်သားသွားပါတယ်

    ReplyDelete
  7. အမရဲ့ ပညာပေးလေးကို ညီမချစ်သူနဲ့ အတူဖတ်တာ သူပေးတဲ့ ကွန်မန့်လေးကို စီဘောက်စ် မှာရေးခဲ့တယ်နော်

    ReplyDelete
  8. ဖတ်စေချင်တယ် ... ပြောလိုက်ဦးမယ်ဗျာ

    ReplyDelete
  9. ဒီပို့စ်လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်အခုတစ်လော စိတ်ဖိစီးမှုတွေများနေချိန်မှာ ဒီတန်ဖိုးရှိတဲ့ပို့စ်လေးကို ဖတ်လိုက်ရတာ အများကြီး အကျိုးရှိသွားပါတယ်။ အလှကမ္ဘာမှာနေနိုင်အောင် ကြိုးစားပါဦးမယ်။ ထပ်ပြီး ကျေးဇူး။

    ReplyDelete
  10. မှတ်သားစရာတွေချည်းမို့
    ရေးသားသူကိုရော
    ပြန်လည်တင်ပြသူတွေကိုပါ
    ကျေးဇူးအထူးပါ .. .. လို့

    ReplyDelete
  11. မဖြစ်မနေ လုပ်ဆောင်ရမယ့်
    လိုက်နာနိုင်မယ့်စာလေးကို ကူးသွားတယ်
    ဒီလို စာလေးတွေ အများကြီး
    ရေးသားနိုင်ပါစေ

    ReplyDelete
  12. စိတ်ကျန်းမာရေးကို အကျိုးပြုတဲ့ စာကောင်းလေးပါပဲ။ ကြိုးစား လုပ်ဆောင်သင့်တဲ့ အချက်တွေပါ။ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။