ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
အမေများနေ့ ဂုဏ်ပြုကဗျာ
မြန်မာသက္ကရာဇ် ၁၃၇၀ခုနှစ် ပြာသိုလပြည့်နေ့တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုလျက်..
မေမေသို့
နွေအလွန် ၀သန်ရဲ့အစ
မိုးဦးကျ ဒီလလေးမှာ
ကမ္ဘာမြေအတွက် ပန်းကလေး တစ်ပွင့်ကို
မေတ္တာရှင်မွေးမေမေ က
ယုယစွာ မျိုးစေ့ချခဲ့တယ်။
ရှင်သန်ရာ ဘ၀လမ်းတစ်လျှောက်
ပေါင်းမြက်သင် စိုက်ကာပျိုးလို့
မေတ္တာရည် မိုးရေအောက်မှာ
ပျိုးပင်လေး ကြီးထွားလာခဲ့ပြီနော်။
ပညာသင်ချိန် ပညာပေးလို့
ဘ၀အရေးကိုလည်း သွန်သင်
လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။
ဘ၀ရဲ့ဒဏ် ဘ၀ရဲ့မာန်
ကြံ့ကြံ့ခံ သူ့နှလုံးသားနှင့်
အရှူံးတရားကို စစ်ခင်း
မြစ်တစ်စင်းလို ရဲရင့်ခဲ့တော့
အမေဆိုတာ.....
သမီးတို့အတွက် သူရဲကောင်းပေါ.။
ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ
ကုန်ဆုံးသွားခဲ့ရတဲ့ ပျိုမျစ်ခြင်းတွေနှင့်
ပေးဆပ်ရင်းသာ ရှိနေဦးမှာမို့
စုန်ရေလို့ တင်စားခဲ့ကြသလားမေမေ။
ဤကမ္ဘာပေါ်ရှိ အမေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနှင့် ပြည့်စုံပါစေရန် ကဗျာ ဖြင့် ဆုတောင်းလိုက်ပါသည်။
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
15 comments:
  1. အမေများနေ့ကဗျာလေးဖတ်သွားတယ်နော်။ ကဗျာစပ်ထားတာလေးတော်တော်လေးကိုကောင်းတယ်နော်။ အမေများနေ့မှာ အမေတွေအားလုံးကျန်းမာကျပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ လာလည်သွားတယ်နော်။
    ReplyDelete
  2. အမေများနေ့ ကဗျာလေးကို ဖတ်ရှုသွားပါတယ် .....
    ဖတ်ရင်းနဲ့ ခံစားသွားရပါတယ် ...
    ဆက်လက်ရေးသားနိုင်ပါစေ
    ReplyDelete
  3. ရင်နဲ့ ခံစားဖတ်ရှုသွားပါကြောင်း
    မိဘမေတ္တာကဗျာတွေကတော့ ဘယ်အချိန်ဖတ်ဖတ် ရိုးမသွားတဲ့ ကဗျာတွေ
    ပါပဲဗျာ
    ReplyDelete
  4. “လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
    ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။”
    တကယ့် ဗိုင်းကောင်းကျောက်ဖိ ကဗျာတစ်ပုဒ် ပါပဲခင်မျာ။
    ReplyDelete
  5. တုနှိုင်းမမီတဲ့ အမေ့မေတ္တာကိုဖော်ကျူးတဲ့
    အမေများနေ့ ဂုဏ်ပြုကဗျာလေးကို
    လေးစားစွာနဲ့ လာဖတ်သွားပါတယ်။
    http://winzaw-mdy.blogspot.com
    ReplyDelete
  6. ကဗျာရဲ့ အသုံးအနှုန်း တွေက ထိမိတယ်
    ချိန်လည်း ချိတ်ဆက်မိတယ်..
    ကဗျာကောင်း တစ်ပုဒ်ပါ
    အမေများနဲ့ ပတ်သက်လို့ အနှစ်သာရပြည့်တဲ့
    ကဗျာပါ ..။
    ဆက်လက် ရေးသားနိုင်ပါစေ
    ReplyDelete
  7. တောင်းပန်ပါတယ်ဗျို့။
    ကော်မန့်လေး နောက်ကျနေတာ။
    လူက ညဆို ၁ ညလုံးချောင်းဆိုးနေလို့
    အိပ်မပျော်ဘဲ မနက်မှ အိပ်ရတာကြောင့်
    လိုက်ကိုမလည်နိင်ဘူး။
    ကဗျာကောင်းလး...ကဗျာကောင်းလေး
    ReplyDelete
  8. နင့်သွားတာပဲ
    အမေ့ကိုလွမ်းနေချိန်မှာဖတ်မိလို့လေ
    ကောင်းလိုက်တဲ့ကဗျာလေးဗျာ
    ReplyDelete
  9. အမေ့အတွက်ဖွဲ့ထားသော ကဗျာလေး အမေကြားသိလို့ ပြုံးပျော် ပိတိဖြစ်နိုင်ပါစေဗျာ..
    ReplyDelete
  10. လွန်နေရင် ဘယ်အရာမှ မကောင်းတာမို့
    ဗိုင်းကောင်းဖို့ ကျောက်ဖိခဲ့တယ်။
    အရှူံးတရားကို စစ်ခင်း
    မြစ်တစ်စင်းလို ရဲရင့်ခဲ့တော့
    အမေဆိုတာ.....
    သမီးတို့အတွက် သူရဲကောင်းပေါ.။
    အဲဒီစာသားလေးတွေက...ရင်ဘတ်ထဲကိုပဲ့တင်ထပ်သွားစေတယ်ဗျာ...
    အမေကဗျာလေးနဲ့အမေတွေကိုဂုဏ်ပြုပေးတာ
    ReplyDelete
  11. အမေ့ ကဗျာ လာဖတ်ပါတယ်။ တကယ်ကို ကောင်းမွန်ပါ၏
    ReplyDelete
  12. ကောင်းလိုက်တဲ့ အမေများနေ့ ကဗျာလေးဗျာ ...ကဗျာဆရာဟာ
    မိခင်တစ်ယောက်ရဲ့ မေတ္တာဘွဲ့ကို လှုပ်လီလှုပ်လဲ့နဲ့ နှလုံးသားထဲ တသဲ့သဲ့ဝင်ရောက်လာအောင် ရေးနိုင်စွမ်းရှိသူပါပဲ ... ဖတ်ရှုအပြီးမှာ ရင်ထဲ တသိမ့်သိမ့် ထိရှခံစားလိုက်ရပါတယ် ... နုညံ့သိမ်မွေ့ပြီး ကြည်နူးဖွယ် ကဗျာရသကို ပါ တစ်ပါတည်း ခံစားလိုက်ရလို့ လေးစားမိပါတယ်ဗျာ ...။
    ReplyDelete
  13. အမရဲ့အမေများနေ့ ကဗျာလေးကို နောက်တစ်ကြိမ် ပြန်လာဖတ်တယ်နော် :)
    ReplyDelete
  14. နောက်ကျနေပေမယ့် အမေများကိုဂုဏ်ပြုတဲ့ကဗျာကို အားပေးသွားပါတယ်
    ReplyDelete
  15. အမေ့မေတ္တာ၊ အမေ့ကျေးဇူးကို ထိထိမိမိ ဖော်ကျူးနိုင်တဲ့ ကဗျာကောင်းလေးပါပဲ.. ဖတ်ပြီး ရင်ထဲ တစ်မျိုး ခံစားရတယ်.. အမေကို အောက်မေ့တမ်းတ မိတယ်.. ကဗျာကို နှစ်သက်မိပါတယ်..
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။