ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကမ္မဋ္ဌာန်း လေးမျိုးနှင့် မျက်နှာသစ်နည်း

ကမ္မဋ္ဌာန်း လေးမျိုးနှင့် မျက်နှာသစ်မည် ဆိုလျှင် လောကီ-လောကုတ္တရာ အကျိုးစီးပွားတို့ကား များပြားလှပေတော့သည်။
တစ်ယောက်တည်းက လေးမျိုးစလုံးကို နေ့စဉ်ပွားရမည်ဆို၍ ခက်ခဲမည် မထင်သင့်။
ဥပမာ-သားသမီးတစ်ယောက်ကို ကောင်းစွာစောင့်ရှောက် မွေးမြူနိုင်သော မိဘသည် ဆယ်ယောက် ရှိလာသော်လည်း ပို၍ မခက်ခဲတော့ပြီ။ ထိုဥပမာကဲ့သို့ပင် ကမ္မဋ္ဌာန်းလေးမျိုးကို ပွားများအားထုတ် ရခြင်းမှာ လည်း တစ်မျိုးတည်းပွားများ ခြင်းထက် ပိုပြီးမခက်ခဲနိုင် ဟုဆိုလိုခြင်းဖြစ်ပါသည်။
နံနက် အိပ်ရာမှထ၍ မျက်နှာသစ်တော့မည် ဆိုပါစို့။ မျက်နှာမသစ်မီ ရေတစ်ခွက် ခပ်ယူပြိးသည်နှင့်-

၁။ဤမျက်နှာသစ်သောရေကို ကိလေသာအပူခပ်သိမ်း အေးငြိမ်းတော်မူသော မြတ်စွာဘုရားရှင်အား ကပ်လှုပါသည် (ဒါန၊ဗုဒ္ဒါနုဿတိ)။

၂။ဤရေကဲ့သို့ သတ္တ၀ါအများ ကြည်လင်အေးမြချမ်းသာကြပါစေ(မေတ္တာ)။

၃။မျက်ဝတ်ထွက်ခြင်း၊ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်တို့ကြောင့် အမြဲတမ်း ဆေးကြောပေးရသော ဤခန္ဒာကိုယ် ကြိးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား(အသုဘ) ။

၎။အင်း----တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ။ထွက်လေမ၀င်ခင်၊ ၀င်လေမထွက်ခင် နံနက်နေ့ည မရွေးသေနိုင် ပေသည်တကား။ (မရဏာ နုဿတိ)။

ဤသို့ ကျင့်ဝတ်လုပ်ထားပါက မြတ်စွာဘုရား၏ တရားတော်သည် အလွန်လွယ်ကူလှပါပေ၏။ ဟို့နှယ် ဒီ့နှယ် အတွေးနယ်ချဲ့ ကာ စိတ်ကူးကောင်းသူများ (လက်တွေ့မလုပ်ဘဲ) နားလည် နိုင်သောအရာ မဟုတ်ပေ။ လက်တွေ့စမ်းကြည့် ပါကပြောပြ၍ မရသောအကျိုးစီးပွားတို့ အမြောက်အများ ရရှိလာပါလိမ့်မည်။
စာဖတ်သူများအားလုံး လောကီလောကုတ္တရာ အကျိုးများစီးပွား အားလုံးတိုးတက်ကြပါစေရန် ဆုတောင်း ရေးသားလိုက်ခြင်းဖြစ်ပါသည်။


အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ



8 comments:

  1. လာလည်သွားတယ်နော် မရောက်ဖြစ်တာ ကြာလို့အခုမှာလာလည်သွားတယ်နော်။ ကမ္မဋ္ဌာန်းလေးမျိုးနှင့်မျက်နှာသစ်နည်းလေးကို ဖတ်မှတ်သွားပါတယ်ဗျာ။အဆင်ပြေပျော်ရွှင်ပါစေဗျာ။

    www.toetoelay.blogspot.com

    ReplyDelete
  2. ကျေးဇူးပါဘဲ အမရေ..ဒီနေ့က စပြီးလုပ်ကြည့်ပါမယ်
    ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  3. ဘုရားစာဆိုပြီးတော့ မျက်နှာသစ်တယ် ဒါလေးလုပ်ကြည့်ဦးမယ် ကျေးဇူးပါနော်

    ReplyDelete
  4. ပုံတူ ပွားသွားပါတယ်၊
    နေ့စဉ် လုပ်ဆောင်နိုင်မယ် ထင်ပါတယ်။
    ကျေးဇူးတင်ပါ၏။

    http://winzaw-mdy.blogspot.com

    ReplyDelete
  5. ဤပိုစ့်ကလေးကို ဖတ်မိပြီးတဲ့အခါ ၀မ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်မိပါတယ်ဗျာ ... အရမ်းကို တန်ဖိုးရှိလှပြီး အကျိုးများစေတဲ့ ပိုစ့်ကလေးမို့ လေးစားမှတ်သားသွားပြီး ကျင့်သုံးနိုင်အောင် ကြိုးစားပါ့မယ်။
    နောင်ကိုလည်း အခုလို ကုသိုလ်တိုးပွား အကျိုးရှိစေမယ့် ပိုစ့်မျိုးလေးတွေကို လက်ကမ်းကြိုဆိုလို့ နေပါကြောင်း ... ။

    ReplyDelete
  6. ကျေးဇူးဘဲနော်

    လုပ်ကြည့်လိုက်ဦးမယ်

    ReplyDelete
  7. ရှဲရှဲပါပဲဗျာ အခုလို ကုသိုလ်ကောင်းမှုလုပ်ဖို့
    ပြောပြတာအထူးအထူးပါပဲ

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်
    အခုဖတ်ပြီးသည်မှ နောက်တစ်ရက်တွင် စပြီးလုပ်ဆောင်ပါမည် ဟီးးး
    ခုက နေ့ခင်းရောက်တွားလို့ :)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။