ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

တောထွက်လာသော အရှင်မဟာကဿပ အလောင်းအား ဘုရားကြိုဆိုနေပုံ

ဘုရားပရိနိဗ္ဗာန်  စံတော်မူပြီးနောက် သာသနာကို စောင့်ရှောက်ရစ်မည့် ရှင်မဟာကဿပအလောင်း "ပိပ္ပလိ" သတို့သားသည် အလုပ်သမား ရွာပေါင်း ၁၄ ရွာနှင့် စစ်တပ် အစိတ်ကို ပိုင်ဆိုင်လျက် ကုဋေများစွာ ဥစ္စာကြွယ်ဖြိုး သူဌေးမျိုးမှ သူဌေးကတော်နှင့် အတူ ရဟန်း ပြုလာခဲ့သည်။ သူတို့နှစ်ဦးလမ်းခွဲသော နေရာ၌ ကမ္ဘာမြေ တုန်လှုပ်သံကို အရင်းခံ၍ ဆင်ခြင်တော်မူသော ဘုရားရှင်လည်း အကြောင်းအရာကို ကောင်းစွာ သိမြင်တော်မူနှင့်လေသည်။

ထိုခဏ၌ပင် ဝေဠုဝန် ကျောင်းတော်မှ ၃ ၀ါ ဂုတ်မျှ ဝေးကွာသော ပြည်ညောင်ပင်သို့ ကြွတော်မူ၍ ခရီးကြိုဆို ကာ ရောင်ခြည်တော် ခြောက်ဖြာ ထွက်စေကာဖြင့် ထိုင်နေတော်မူနှင့် လေသည်။ ကဿပ အရှင်သည် ဘုရားကိုမြင်လျှင် ငါ့ဆရာပင်တည်း ဟု ဆုံးဖြတ်၍ ဘုရားခြေတော်တွင် ဦးခေါင်းတင်ကာ တပည့်ဖြစ်ပါကြောင်းကို လျှောက်ထားလေသည်။ ဘုရားရှင်သည် သံဃာပရိသတ် အလယ်၌ မကြာ မကြာ တန်းတူထား၍ မြှောက်စားတော် မူလေသည်။ 

THE BUDDHA WELCOMING THE PERSON WHO HAD RETIRED FROM THE WORLD AND WAS TO BECOME THE VENERABLE MAHAKASSAPA

Pippali was destined to become Venerable Mahakassapa who would protect the dispensation of the Dhamma after his death. He was in charge of 14 villages of workmen and a section of the fighting forces. He belonged to a very rich famil worth several crores of money and together with his wife retired from home-life to lead a religious life. There was a mighty earth-quake at the place where Pippali parted with his wife on retirement from the  world. The Buddha surveryed with his Buddha-eye and saw the cause of the earth-quake.

Immediately thereafter the Buddha went to the giant banyan tree about 3 gavuas away (about sis miles) to welcome Pippali. He then sat at the foot of the tree causing the six resplendent rays of light to issue forth from his body. Pipaali, who later came to be known as Mhahakassapa, saw the Blessed one and coming to this decision. He indeed is my master, placed his head upon the feet of the Blessed one and said, Lord, I'm your disciple. The Buddha often honored him before the assembly of monks by treating him as a member of the Holy order of a standing equal to him.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

 

2 comments:

  1. ကိုကိုမောင်(ပန်းရနံ့)November 30, 2012 at 7:46 PM


    ဗုဒ္ဓ၀င်အပိုင်းအစလေးတွေ တတ်အားသမျှ တင်ပေးတာ ကောင်းပါတယ်။ ကုသိုလ်တိုးတာပေါ့။

    ReplyDelete
  2. အင်္ဂလိပ်လိုပါ တင်ပေးတော့ ဘာသာတရားအသိတစ်ခုတည်းမဟုတ်ပဲ ဘာသာစကားတစ်ခုနဲ့ပါ လေ့လာခွင့်ရလို့ ပိုပြီးကောင်းပါတယ်။
    ဆက်လက်အားပေးနေပါမယ်...။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။