ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မျက်စိညောင်းညာခြင်း

ကျွန်မတို့ကွန်ပျူတာအသုံးပြုသူများသည် မျက်စိကို အလွန်အမင်း အားစိုက် အသုံးပြု ရ၍ မျက်လုံးများ အမြဲ ညောင်းညာနေတတ်ပါသည်. . . . လူတိုင်း လူတိုင်းသည် မိမိ၏ မျက်စိနှင့်ပက်သက်သော စစ်ဆေးမှု အကုန်အစင်ကို တစ်နှစ်တစ်ကြိမ် ပြုလုပ်သင့်၍ ကွန်ပျူတာသမားများ အနေဖြင့် နှစ်စဉ် မျက်စိ စမ်းသပ်မှုသည် အရေးကြီးဆုံး မလုပ်မဖြစ် စစ်ဆေးမှု များ ပြုလုပ်ရန် လိုအပ်ပါသည် . .

ကွန်ပျူတာ အသုံးပြုလျှင် ကွန်ပျူတာ Screen နှင့် မျက်နှာကို အနည်းဆုံး 20 လက်မခန့် ခွာထားရပါမည်. . . မိနစ် ၂၀ ပြည့်ပြီးတိုင်း တစ်ခါ အနားပေးပြီး အခန်းပတ်လည် လှည့်ပတ်ကြည့်ပေးခြင်း ၊ အဝေးရှိ အရာဝတ္တု ပစ္စည်းများကို ကြည့်ပေးခြင်းများ ပြုလုပ် အသင့်ရှိပါသည်.. ပုံမှန် လေ့ကျင့်ခန်းသဘောမျိုး လေ့ကျင့်ပေးပါလျှင် မျက်စိညောင်းညာမှုကို ကာကွယ်နိုင်ပါသည်. . . . မိမိရုံးလုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ စာရွက်စာတမ်းများကိုလည်း Screen နှင့် တူညီသော အကွာအဝေးမှာ ထားပေးလျှင် မျက်လုံးတွင် မကာ ဇက်၊ လည်ပင်းများ ညောင်းညာမှုများ ကို လွတ်စွာ မှ သက်သာစေနိုင်ပါသည်. . .

မိမိကွန်ပျူတာ Screen အရောင်သည် အလွန် စူးရှ တောက်ပနေပါလျှင် အလင်းရောင် လျှော့ချပေးသော အကာအရံတစ်ခု Screen ရှေ့တွင် တပ်ဆင်ထားပါ. . . ၄င်းအကာအရံသည် မှုန်ဝါးဝါး ၊ မပီမသ ဖြစ်ခြင်းများ မရှိစေရပါ. . ဖြစ်နိုင်လျှင် ပြတင်းပေါက်မှ အလင်းရောင်များ၊ မီးချောင်းရောင်များ ရောင်ပြန်ဟပ်မှုမှ ကင်းဝေးအောင် Screen ကို လိုသလို ထိန်းညှိပေးနိုင်သော စားပွဲမျိုးကို သုံးပါ. . .

မိမိထိုင်သည့် ထိုင်ခုံကိုလည်း နေရာတကျနှင့် သက်တောင့် သက်သာရှိသော၊ လိုသလိုပြင်ဆင်မှု ပြုနိုင်သော ထိုင်ခုံမျိုးကို ရွေးချယ်ပါ. . . ကွန်ပျူတာ Keyboard ကို Screen အောက် လက်မ အနည်းငယ်ခန့် နှိမ့်ထားပါ. . .

ကွန်ပျူတာမော်နီတာကိုလည်း မျက်လုံးနှင့် တစ်တန်းတည်း မထားဘဲ မျက်စိအောက် ၃၅ ဒီဂရီခန့် နှိမ့်ထားရပါသည်. . . . .သို့မှသာ မျက်ရည်ခြောက်ခြင်း ဖြစ်မှုကို တားဆီးပေးနိုင်ပါသည်. . . . ကွန်ပျူတာ အသုံးပြုသူများသည် မျက်စိကြည်လင်ဆေးရည်များ ရံဖန်ရံခါ ဆိုသလို ခတ်ပေးဖို့လိုပါသည်. .သို့မှသာ မျက်စိနီရဲခြင်း၊ ယားယံခြင်ျးား လျော့နည်းနိုင်ပါသည်. . . .

ကွန်ပျူတာ ကို တစ်နေ့တာလုံး အသုံးပြုရသူများသည် မျက်စိမကြာဏ အနားပေးခြင်း အနေဖြင့် အခန်းတွင်း ၊ အခန်းပြင် လှည့်လည်လျှောက်ခြင်း၊ ကွန်ပျူတာ အလုပ်မဟုတ်သော အခြား ကိစ္စများဆောင်ရွက်ခြင်းများကို နှစ်နာရီခြား(သို့) သုံးနာရီခြားတစ်ခါ တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် လုပ်ဆောင်ပေးခြင်းဖြင့် မျက်စိ ညောင်းညာခြင်းမှ ကာကွယ်နိုင်ပါသည်. .

လွတ်လပ်စိုး


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

4 comments:

  1. ကျွန်မ ကျတော့ဘယ်လိုလုပ်မလဲ
    ၃ တန်းကျောင်းသူဘ၀ ကစပြီးမျက်မှန်တပ်ရတာခုထိလေ
    ခုလဲ တစ်နေကုန်စာဖတ်ရင်ဖတ် မဖတ်ရင် ကွန်ပြူတာရှေ့မှာပဲ
    မျက်ရည်ပူတွေနေ့တိုင်းကျတယ်...
    ဒီကြားထဲ ကိုးရီးယားကားကြည့်ရသေးတယ်....
    အကြံပြုပါဦး....

    ReplyDelete
  2. ခေတ်နဲ့အညီ ကွန်ပျူတာသုံးသူများတော့ အခုလို ပညာပေးလေးတွေ မျှဝေပေးတာကောင်းတယ်။ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အေဗျာ ကျွန်တော်ကလည်း ကွန်းပျူတာရှေထိုင်ပြီဆိုရင်
    အနည်းဆုံး လေးနာရီလောက်ကြာလေတော့ဆင်ခြင်မှတော်
    ရော့မယ်ဗျာ.....

    ReplyDelete
  4. @Jasmine ရေ အကို ရဲ့နည်းထုံး ထဲက ၂ခုပေးလိုက်မယ် မုန်လာဥ အနီ ၂တောင့်နဲ့ ပန်းသီးတလုံးကို အခွံခွါပြီးေ၇အစား နေတိုင်းသောက်ပါ ၁လအကြာ သိသာသာကို ကောင်းလာပါလိမ့်မယ် နောက်တနည်းက တပတ်အနဲဆုံး ရေနွေးကန်ထဲမှာ ဒိုင်ဗင်ထိုးပါ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။