ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သူ့အမှားကိုယ့်အမှား

မြင့်မြတ်တဲ့ သူတွေဟာ
သူတစ်ပါးအမှားကို
မိမိအမှားဖြင့် ပြန်ထေတာမျိုးကို
ဘယ်တော့မှ လုပ်လေ့မရှိဘူး. .

လူတော်တော်များများရဲ့ဘ၀မှာ
ပြောလေ့ရှိတဲ့ အရာတစ်ခုရှိတယ်.

အဲဒါကတော့
မိမိရဲ့အမှားကို သူတစ်ပါးကပြောရင်
သူတစ်ပါးရဲ့အမှားကိုလည်း ပြောလေ့ရှိတယ်

သူအရက်သောက်တာပြောရင်
ကိုယ် ဖဲရိုက်တာ ပြောလိမ့်မယ်
တကယ်တော့ အဲဒီအမူအကျင့်ဟာ
အောက်တန်းကျခြင်းတစ်မျိုးပါပဲ

တစ်ချို့ကတော့ အဲဒီလိုမဟုတ်ဘူး
သူတောင် မကောင်းတာလုပ်တာဘဲ
ငါလည်း ပြန်လုပ်မယ်

သူလုပ်လို့ ငါလုပ်တာလို့ ပြောတတ်ကြတယ်

သေသေချာချာစဉ်းစားကြည့်ရင်
သူတစ်ပါး အလုပ်မလုပ်တိုင်း
ကိုယ်မလုပ်ဘဲ နေမယ်

သူတစ်ပါး အရက်သောက်တိုင်း
ကိုယ်ပါ လိုက်သောက်နေမယ်ဆိုရင်
ဘ၀တိုးတက်မှု
အောင်မြင်တဲ့ အနာဂတ်ဆိုတာ
ဖြစ်လာနိုင်ပါ့မလား
ရလာနိုင်ပါ့မလား

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

5 comments:

  1. ကဗျာကောင်းလေးဖတ်လိုက်ပါတယ်.....
    သူများဘယ်လိုနေနေ ကိုယ်အနေမှန်ဖို့ပဲ
    လိုအပ်တယ်ဆိုတယ်လိုပေါ့နော်....
    ချမ်းမြေ့ပါစေ။

    ReplyDelete
  2. ဟုတ်တယ်နော်။ ဘတပြန် ကျားတပြန် လေကန်ကြရင်း အမှားပေါင်းတစ်ထောင် ပေါ်သွားကြရော။

    ခင်မင်လျက်

    ReplyDelete
  3. လွဲမှားသောတုန့်ပြန်မှုကို ဆင်ခြင်တုံတရားနည်းပါးသူတွေ ပြုမူပြောဆိုတတ်ကြတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. အဲလိုတွေသာ လိုက်လုပ်နေလို့ကတော့ အကုသိုလ်ပြိုင်ပွဲတွေ တရားဝင် ကျင်းပနေသလို ဖြစ်တော့မှာပေါ့။

    ReplyDelete
  5. သဘောကျတယ် ပြန်လည်ဆန်းစစ်သင့်တဲ့ ချက်ပါဘူး
    သူများလုပ်တိုင်းလိုက်လုပ်ဖို့ဆိုတာ မဖြစ်သင့်ပါဘူးနော်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။