ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

သမီးလေးဖတ်ဖို့



သမီးရေ

မနေ့က လမ်းမပေါ်မှာ ကားရပ်ပြိး
ဘယ်ထွက်သွားမှန်းမသိတဲ့
ကားမောင်းသူ တစ်ယောက်ကြောင့်
တစ်လမ်းလုံး ကားတွေ ပြည့်ကြပ်
ကားဟွန်းသံတွေ ဆူညံ
လူတွေ ပူညံပူညံဖြစ်နေတာ
ဖေဖေမြင်တွေ့ခဲ့ရတယ်

ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက်မှာကို
ဂရုမစိုက်တတ်တဲ့ လူတစ်ယောက်ကြောင့်
လူအများ စိတ်ဒုက္ခရောက်ကြရတယ်.

အဲဒီလို ကိုယ်လုပ်ချင်တာကို လုပ်ပြီး
သူများကို ဒုက္ခရောက်စေတဲ့
ကိုယ်ချင်းစာစိတ် ကင်းမဲ့တဲ့
အတ္တသိပ်ကြီးတဲ့
ခပ်ညံ့ညံ့ သတ္တ၀ါကြောင့်
လူ့လောက ကြီးဟာ စိတ်ပျက်စရာကောင်းအောင်
အရုပ်ဆိုး အကျည်းတန်စေနိုင်တယ်ဆိုတာ
သမီးလေးကို သိစေချင်တယ်
အဲ့ဒီလူမျိုး သမီးမဖြစ်ပါစေနဲ့. .

ဖေဖေ

ကောင်းသန့်


အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

6 comments:

  1. ကိုယ့်ကြောင့်ဆိုရင်တော့ မသိဟန်ဆောင် ဆင်ခြေတွေ ပေးတတ်ကြပေမဲ့ သူကြောင့်ဖြစ်လာရင်တော့ ရစရာမရှိအောင် ပြောဆိုတတ်ကြတာကိုက ဓမ္မတာတစ်ခုများ ဖြစ်နေတာလား။ အတော်များများက အဲလိုတွေ ဖြစ်နေကြလို့ပါ..

    ReplyDelete
  2. ဟုတ်တယ်။ ဘာလုပ်လုပ် ပတ်ဝန်းကျင်ကို မထိခိုက်ဖို့ ပိုအရေးကြီးပါတယ်။

    ခင်မင်လျက်

    ReplyDelete
  3. 'ဘယ်သူသေသေ ငတေမာပြီးရော' ဆိုသလိုပေါ့ကွယ်။
    အသိစိတ်ဓာတ်လေးတွေ လူတိုင်းကိုယ်စီသာရှိသင့်တယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ကောင်းလိုက်တဲ့ စာစုလေး
    အဲဒီလို အတ္တကြီးနေတဲ့ လူတွေရှိတယ်လေ
    ကမ္ဘာကြီးကိုတောင် ဖြစ်နိုင်ရင် ရောင်းစားချင်နေတဲ့ လူတွေပေါ့

    ReplyDelete
  5. ဘာပဲလုပ်လုပ်ရပါတယ်ဒါပေမယ့် ကိုယ့်ရဲ့လုပ်ရပ်ကိုတော့
    ကိုယ်ပြန်ကြည့်ဖို့လိုတယ်။
    အဲတာ ပတ်ဝန်းကျင်ကိုထိခိုက်နစ်နာမှု
    မရှိဖို့ပဲလေ....အရမ်းကောင်းတဲ့စာစုလေးပါ။
    ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  6. ကောင်းလိုက်တာ


    စိတ်ရောကိုယ်ပါကျမ်းမာလို့ 
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။