ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။
may16 ရဲ့မွေးနေ့ပွဲ
Happy Birthday May16 !!
Birthday Flower လေးလည်း အရင်ပေးပြီး မွေးနေ့ရှင်ကို အနမ်း ၁၀၀၀ နဲ့နှုတ်ဆက်လိုက်ပါတယ်.. မင်္ဂလာပါ may16
ဒီနေ့ကတော့ ညီမ may16ရဲ့ မွေးနေ့ပါ.
ညီမငယ်may16ရဲ့မွေးနေ့အထိမ်းအမှတ်အတွက်
( ကိုယ်တိုင်ချက်ပြုတ်ထားတာတော့မဟုတ်ပါ ) ညီအကိုမောင်နှမအားလုံးကို အစားအသောက်တွေနဲ့ဧည့်ခံပါတယ်ရှင် ပျော်ပျော်ရွှင်ရွှင်နဲ့စားသွားကြပါနော်
အင်္ကျီလေးရယ် ၊နာရီလေးရယ်၊ ပိုက်ဆံအိပ်ရယ်၊နေကာမျက်မှန်ရယ်. ဒီမွေးနေ့လက်ဆောင်တွေက ကျွန်မ၀ယ်လာခဲ့တာပါ..
မွေးနေ့ကိတ်ကို လည်း သူ့အတွက် Order မှာထားတာပါ
ဒီကိတ်ကို သူကိုယ်တိုင်ခွဲပြီးကျွေးမှာပေါ. အားလုံး ကို အဝေတည့်အောင်ကျွေးမှာပါ မလုနဲ့နော် :P
မွေးနေ့ပွဲလာတဲ့လူတွေရောက်ရောက်ချင်း အမောပြေအောင် အအေးနဲ့ အသီးလေးတွေ
အရင်သုံးဆောင်ပါနော်..
သူငယ်ချင်း အမျိုးသားတွေအတွက်တော့ အရက်နဲ့ဘီယာ ကြိုက်တာသောက်နော်.
အမြည်းကတော့ အာလူးကြော်နဲ့ဆာတေး၊ပုဇွန်ကြော်၊ ကြက်ကြော်၊ထမင်းလိပ်
သီးစုံကြော်နဲ့ ဟော့ပေါ့တွေကို စီစဉ်ထားတယ်..
ကြိုက်သလိုစားပါနော်...
အချိုပွဲတွေလည်းစားအုံးနော် ကျွန်မကြိုက်တာတွေပဲစီစဉ်ထားတယ် (တော်၂ကောင်းတယ်နော်)
ဒူးရင်းသီး၊ချောကလက်၊ ဟမ်ဘာဂါ၊ရေခဲမုန့်
ကျောက်ကျော၊ လက်ဖက် ကိတ်မုန့် ၊နာနာတ်သီးတွေလည်း အားပေးပါအုံးနော်..
ရေခဲမုန့်လည်း အချိုတည်းပါအုံး
ကော်ဖီအေးလေးလဲသောက်ပါ
အသီးနဲ့အစားပိတ် အအေးလေးကိုလည်း အားပေးပါအုံး
မေ၁၆ မွေးနေ့မှာ ပျော်ရွှင်ကြည်နူးမှုအပေါင်းနဲ့ပြည့်စုံပြီးတော့
လိုရာဆန္ဒတွေအားလုံး ပြည့်ဝပါစေလို့ဆုတောင်းပါတယ်ရှင်.
ပန်းကဗျာ
အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ
20 comments:
  1. ကျွန်တော့ဆီမှာတော့ မေ 15 ပဲရှိသေးတယ်ဗျ...အခု မန့် တဲ့အချိန်မှာ...။
    ဘာပဲဖြစ်ဖြစ်ဦးဦး ဖျားဖျား ဆုတောင်းပေးခွင့် ရလို့  ၀မ်း သာ တယ်ဗျာ..။
    Happy Birthday ! ဗျို့ 
    ယနေ့ မှစလို့ 
    လို အင်ဆန္ဒအားလုံးပြည့် ၀နိုင်ပါစေဗျာ...။
    ReplyDelete
  2. ဗိုက်က ဆာနေတာ .. တ၀ပဲ စားသွားပါတယ်နော် .. မေ၁၆ အသက်ရာကျော် ရှည်ပါစေ .. ပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ ..း)
    ReplyDelete
  3. ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ
    မိတ်ဆွေကောင်းများနဲ့
    ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေ
    ReplyDelete
  4. မေ၁၇ ဖြစ်သွားပြီပေါ့နော်။
    မွေးနေ့ပွဲကို လာပြီး နဲနဲစီ စုံအောင် စားသွားတယ်။
    ပန်းကဗျာ မွေးနေ့ရောက်ရင်လဲ ဖိတ်လိုက်ဦးနော်။
    သောက်စရာတွေကို သောက်လိုက်ဦးမယ်။
    Happy birthday to you, May16!!!
    ReplyDelete
  5. မြစ်ကျိုးအင်းMay 16, 2009 at 1:14 AM
    မွေးနေ့မင်္ဂလာပါဗျာ....။နောင်နှစ်ပေါင်းများစွာ...ပျော်ရွှင်ခြင်း...အောင်မြင်ခြင်း....များစွာနဲ့အဆင်ပြေစွာ ဖြတ်သန်းနိင်ပါစေ........။
    ....ခင်မင်သောအားဖြင့်.....
    ReplyDelete
  6. မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ
    (၆)ယောက်မြောက်ဆိုတော့ နဲနဲဘဲ ကျန်တော့တယ် ကျန်သလောက်လေးလဲ စားသွားပါတယ် ဗျာ :D
    အဆင်ပြေပျော်ရွှင်ပါစေ
    ReplyDelete
  7. မွေးနေ့ လေးမှာ အထူးမင်္ဂလာရှိစွာ လာရောက်ဆုတောင်းပေးကြလို့ ကျေးဇူး အထူးတင်ပါတယ်ရှင့်...။
    မမေ ကို ဆုတောင်းပေး သလိုပဲ တူသော အကျိုးများကို ရရှိကြပါစေလို့ မေတ္တာပို့သပါတယ်။
    မမပန်ကဗျာလည်းကျေးဇူး ...အာဘွား နော်
    အမြဲတမ်း ညီမကို အခုလို ဂရုစိုက်နိုင်ပါစေ။
    မေ၁၆
    ReplyDelete
  8. မွေးနေ့ပွဲလာသွားပါတယ် ညီမလေးရေ ... မုန့်တွေလဲ တ၀ကြီးစားသွားပါတယ်နော .... အဲ့ ဆုတောင်းပေးရဦးမယ် .... စားပြီးပြန်တော့မလို့ အဟဲ ....
    ရင်ဆိုင်ရသမျှအခက်အခဲတွေကို အောင်မြင်စွာ အပြုံးမပျက် ကျော်လွှားနိုင်ပါစေ ....
    ReplyDelete
  9. မွေးနေ့မှသည် လာမယ့် အနာဂတ်တစ်လျှောက်လုံး သာယာချမ်းမြေ့ပါစေ ခင်ဗျာ။ .. ခုထိ ကော်ဖီ တစ်ခွက်ပဲ သောက်ထားရသေးတာ.. ဗိုက်ဆာလာတာနဲ့ အတော်ပဲ။ အားပါးတရ လွေးသွားတယ်ဗျာ။ (..မန့်ပြီးတာနဲ့ canteen ကို ပြေးရမှာပဲ..)..။ :D
    ReplyDelete
  10. Happy Birthday ပါ။
    မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ပျော်ရွှင်ဖွယ်နှစ်သစ်မွေးနေ့ဖြစ်ပါစေ။
    အာလူးကြော်၊ ရေခဲမုန့်၊ ဒူးရင်းသီးစားသွားတယ်။ :P :P
    ReplyDelete
  11. မွေးနေ့မှာပျော်ရွှင်ပြီး
    အောင်မြင်မှူတွေရပါစေ
    ReplyDelete
  12. အမတစ်ယေက် မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...
    ReplyDelete
  13. မွေးနေ့မှာ ပျော်ရွှင်ပါစေကွယ်..
    နည်းနည်းတော့ နောက်ကျသွာတယ်..
    တော်ပါသေးရဲ့ မန္တလေးဘီယာ တစ်ခွက်နဲ့ ကြက်ကြော်တစ်တတုံး ကျန်နေသေးလို့.. ဟီးးး
    (ကိုရင်နော်)
    ReplyDelete
  14. haPpy BiRtHDay ပါ
    အမ မေ ၁၆ ရေ
    ပျော်ရွှင် စရာ မွေးနေ့လေးဖြစ်ပါစေ
    မွေးနေ့မှ စပြီး နောင်နှစ်ပေါင်းများစွာတိုင်
    သာယာချမ်းမြေ့သော
    ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေ
    ခင်တဲ့ ဖိုးဂျယ်
    ReplyDelete
  15. ညီမငယ်ရေ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုတွေ ပိုင်ဆိုင်သောသူဖြစ်ပါစေ
    ခင်မင်စွာဖြင့်
    မလတ်
    ReplyDelete
  16. မေ 16 ရေ
ံHappy Birthday ပါဗျာ..
    ReplyDelete
  17. မေ16 ရဲ့မွေးနေ့ကို မေ18မှ ရောက်လို့ နောက်ကျသွားတာ ခွင့်လွှတ်ပါဗျာ။ ခရီးနည်းနည်း လွန်သွားလို့ပါ။ မွေးနေ့ကနေ နောင်နှစ်ပေါင်းရှည်ကြာစွာ ပျော်ရွှင်နိုင်ပါစေ.. ဆန္ဒတွေလည်း ပြည့်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ကိုဖြိုး
    ReplyDelete
  18. မွေးနေ့ ကို မသိတော့ အချိန်အများကြီးနောက် ကျပြီး မှရောက် လာပါတယ်.. ဘာမှမစားရ လဲ ပန်း ကန်ဆေးမယ်ပေါ့လေ... ။
    နောက်ဆိုရင်တော့ အသိ ပေး စေချင် ပါတယ် ဘာ ဖြစ် ဖြစ် ပေါ့ နော်။
    အခု အချိန်ကအစ ဘ၀တလျှောက်လုံး လုံခြုံ ချမ်းမြေ့ ချောမွှေ့ပါစေ ဗျာ။
    ReplyDelete
  19. အဲ... နောက်ကျသွားပြီ၊ စားထားတဲ့ ပန်းကန်တွေပဲ ဆေးပြီး ပြန်သွားတယ်။ ဟွန်းးးးးးးးးး ;(
    ReplyDelete
  20. ခရီးလွန်နေလို့
    မွေးနေ့ပွဲ မတက်ဖြစ်ခဲ့ဘူး ..
    ဘာဖြစ်ဖြစ် ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်စေဖို့
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
    ReplyDelete
အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .
ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။