ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အိမ်မြှောင်အဆုံးအဖြတ်

တစ်ခါသော် ကျောင်းသားတစ်ယောက်သည် ကျောင်းနံရံမှတွေ့ရသော အကောင်ငယ် တစ်ကောင်ကို လက်ဝါးပေါ်တင်ပြီး တစ်ယောက်က အိမ်မြှောင် တစ်ယောက် က ကျောင်းမြှောင် နှင့် ငြင်းခုံနေကြသည်။

"ကျောင်းမြှောင်ကွ၊ ကျောင်းနံရံတွေမျာ တွေ့တာကြောင့် ကျောင်းမြှောင်ကွ၊ အိမ်နံရံကပ်မှ အိမ်မြှောင်ခေါ်တာ..."

"ဟေ့ ကျောင်းမှာတွေ့ပေမယ့် အိမ်မြှောင်ကွ"

"မင်းဘာပြောပြော အိမ်မြှောင်ဟာ အိမ်မြှောင်ပဲ"

"ကျောင်းမြှောင်....အိမ်မြှောင် "

အဲလို အော်ဟစ်ငြင်းခုံနေကြသည်ကို မောင်ကျဘမ်းက နားစွင့်ရင်း ကြည့်နေလေသည်။

ကျောင်းသားတစ်ယောက်က "ဒါဖြင့်ရင် ဟော ဟိုကျောင်းသားလေးကို သွားပြီး ကျောင်းမြှောင်လား အိမ်မြှောင်လား မေးမယ်ကွ ဟုတ်လား သူပြောတာကို အမှန်ထားမလား "

"အေး"
"ကျောပိုးတမ်းနော်"

ကျောင်းသားနှစ်ယောက်မှာ မောင်ကျဘမ်းထံ အဆုံးအဖြတ်ခံရန် ရောက်လာကြပြီး အိမ်မြှောင်၊ ကျောင်းမြှောင်ဖြင့် အငြင်းပွားပုံကို ပြောကြားလေရာ။

၇နှစ်သားအရွယ်ပညာရှိကြီး မောင်ကျဘမ်းက ဆုံးဖြတ်ပေးလိုက်သည်မှာ...

"ဒီသတ္တ၀ါဟာ ကျောင်းနံရံမှာ တွေ့ရုံနဲ့ ကျောင်းမြှောင်မဟုတ်၊ အများခေါ်သလို အိမ်မြှောင်ဆိုတာလဲမှားတယ်။ အခု လက်ပေါ်မှာ ရောက်နေ၍ လက်မြှောင် လို့သာ ခေါ်ရမယ်..."

ထိုသို့လက်မြှောင်ဟု လက်ပေါ်ကို တင်၍ပြရာ မငြင်းသာပဲ ကျောင်းသားကြီး၂ယောက်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မိမိတို့ နှစ်ယောက်သည် မှန်သူအား မှားသူက ကျောပေါ်တင်ပိုးကာ မူလနေရာသို့ ပို့ ရမည် ဟု အလောင်းအား ပြုထားသောကြောင့် ယခုမောင်ကျဘမ်း၏ အဆုံးအဖြတ်အရ နှစ်ယောက်လုံး ရှုံးနေပြီဖြစ်၍ မှန်သူမောင်ကျဘမ်းအား ၂ယောက်စလုံးက ကျောပိုးရမည်ဖြစ်ရာ ၂ယောက်စလုံး မှာ ဘာမှမပြောသာတော့ပဲ မချိပြုံး ပြုံးရင်း ကျောကုန်းခံလိုက်ရလေတော့သည်။

(ရှင် ဥတ္တမကျော် နှင့် ခုံတော်မောင်ကျဘမ်း စကားစစ်ထိုးခန်း)

အားလုံးပျော်ရွှင်ကြပါစေ...

may16

8 comments:

  1. အိမ်မှာနေလျှင် အိမ်မြှောင်၊ ကျောင်းမှာတွေ့တော့ အိမ်မြှောင် လက်ပေါ်တွေ့တော့ လက်အိမ်မြှောင် .. ကျနော်တော့ ခု ရုံးခန်းထဲမှာတွေ့နေတယ် ဒါဆို ရုံးအိမ်မြှောင်ပေါ့နော့် အဟဲ.. ကျနော်ကို ကျောပိုးတော့ ကျနော်မှန်တယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  2. မြန်မာစကားကလည်း ခက်သားနော် ... တကယ် ကပ်သီးကပ်သပ် ပြောတတ်ကြတယ် ... ရီလည်းရီရတယ် .. :)

    ReplyDelete
  3. ကြံကြံဖန်ဖန်ဗျာ... ဟီး

    ReplyDelete
  4. အဲဒါပဲဗျ မြန်မာစကား နှစ်လုံးထဲနဲ့ဘောင်းဘီ ကျပ်တယ်ဆိုတာ

    ReplyDelete
  5. ပန်းကဗျာကော... ကျောပိုးတမ်း လောင်းဖူးလို့လား။
    ဟဲ ဟဲ...

    ReplyDelete
  6. အီးပုံပြင်ထက်ဆိုးနြေ ပီ

    ReplyDelete
  7. အမရေ.. ကျနော့အဖြေတော့ တစ်မျိုးထွက်မယ်ထင်တယ်..
    ကျောင်းသားနှစ်ယောက်က လက်ပေါ်တင်လာတယ်ဆိုတော့
    ဒီအတိုင်းတော့ ထားလို့ မရဘူး.. လက်နှစ်ချောင်းနဲ့ ညှပ်ချင်ညှပ်.. မညှပ်ရင်တော့ အဖိခံထားရမယ်ထင်တယ်..
    ကျနော်ဆိုရင်တော့.. ညှပ်ဖိမြောင် လို့ပြောမှာ.. :P
    အဖြေမှန်မမှန်ပြန်လာပြောနော်... အမ
    မှန်ရင်တော့ ပုံပြင်ထဲကအတိုင်းပဲ...:P
    အမ ပျော်ရွှင်ပါစေ...

    ReplyDelete
  8. အမပုံပြင်ထဲမှာကျတော့... မှန်ရင်ဂုံးပိုးတယ်လေ...
    ကျနော်အဖြေမှန်တယ်ဆိုတော့ ကျနော်မုန့်ကျွေးရမှာမဟုတ်ဘူးလေ... ပုံပြင်ထဲကအတိုင်းပေါ့.. :P
    စာတွေလာဖတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...
    အမပျော်ရွှင်ပါစေ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။