ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့


ကဆုန်လသည် အပူဓာတ်လွန်ကဲသောလဖြစ်သည်. . . မြစ်ချောင်းအင်းအိုင်များ ခန်းခြောက်ချိန် ဖြစ်သည်. . သို့ရာတွင် လကုန်ပိုင်းတွင် မုတ်သုံလေဆော်သွေး၍ မုန်သုံမိုး တစ်ပြိုက်၊ နှစ်ပြိုက် ရွာသွန်းတတ်သည်.. . မိုးရေ စွတ်စိုသော မြေပြင်သည် တစ်မူထူးခြားသော မြေသင်းနံ့ သင်းပျံ့ပျံ့ကို ရှူရှိုက်ရသောလ ဖြစ်သည်.. ရှေးမြန်မာများကိ ကဆုန်အတွင် မြေသင်းပျံ့ပျံ့ မိုးနှံ့နှံ့ဟု ဆိုရိုးပြုခဲ့ကြသည်. .
ကဆုန်လကို မြန်မာမှုအရ ပြိသာရာသီခေါ်၍ ထိုလတွင် စန်းပြည့်နက္ခတ်မှာ ၀ိသာခါနက္ခတ်ဖြစ်သည်.. ယှဉ်သော တာရာမှာ တံငါတာရာဖြစ်သည်. . . ရာသီရုပ်မှာ နွားထီးရုပ်ဖြစ်သည်. . . ရာသီပန်းကား စံကားပန်းဖြစ်၍ ရာသီပွဲ တော်ကား ညောင်ရေသွန်းပွဲတော် ဖြစ်သည်. . . .
ဗုဒ္ဓဘာသာ မြန်မာတို့သည် ကဆုန်လပြည့်နေ့ ထူးမြတ်သောနေ့အဖြစ် သတ်မှတ်ယူစကြသည်. . . . . "ဗျာဒိတ်၊ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန်" ဆိုသည်နှင့် အညီ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓ၀င်ဆိုင်ရာ ထူးခြားသော သမိုင်းမှတ်တိုင်များ ရှိခဲ့သည်. . . .
(၁) ဘုရား အလောင်းတော် သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ထံမှာ ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်တော် ခံယူရရှိသည့် နေ့သည် ကဆုန်လပြည့်နေ့ဖြစ်သည်။
(၂) မဟာသက္ကရာဇ် ၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊နံနက်၊ တစ်ချက်တီးအချိန်၊ ၀ိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒေဟပြည်အကြား လုဗ္ဗိနီသာမော အင်ကြင်းတောဝယ် . . . သုဒ္ဓေါဓနမင်းကြီး၏ ရှုမငြီးသော ကြင်ယာတော် မယ်တော်မာရာ၏ ၀မ်းကြာတိုက်မှ ဘုရားလောင်းတော်ကို မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်. . .
(၃) ဘုရားလောင်းတော်သည်. . သက္ကရာဇ် ၁၀၃ ခုနှစ၊်ကဆုန်လပြည့်နေ့တွင် သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ရောက်ရှိခဲ့သည်. . .
(၄) ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ္က၊ ဗုဒ္ဓဟေဆိုသည်နှင့် အညီ ဖွားဖက်တော်ခုနှစ်ပါးတွင် ပါဝင်သော ညောင်ဗုဒ္ဓဟေ (ဗောဓိပင်) သည်လည်း ကဆုန်လပြည့်နေ့တွင် ပင် ပေါက်ရောက်ခဲ့သည်.
(၅) သက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ၀ါတော် ၄၅၀ါ ၊ သက်တော် ၈၀ ၌ဘုရားရှင်သည် နယ်မာလာတိုင်း ၊ကုသိနာရုံရှိ အင်ကြင်းတောဝယ် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ခြင်းဖြစ်သည်. . .
မြတ်စွာဘုရား ဘုရား အဖြစ်သို့ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်း တွင်ပင်ဖြစ်သည်.

မြတ်ဗုဒ္ဓနှင့်ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအဖို့ အလေးအနက် ကြည်ညိုလေးစားဖွယ်ဖြစ်လာသည်. . . ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ကျင်းပသည်ဟု ယူဆရပါသည်. . .
ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပဒေသရာဇ်ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲဖြစ်သည်. . . ဤသို့ ဗုဒ္ဓနေ့ကို အကြောင်းပြု၍ မြို့ကြီးပြကြီးမှသည်. . . တောလက်ကျေးရွာဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမှုအတွက် ကောင်းမြတ်သော အစဉ်အလာဖြစ်ပါသည်...

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

11 comments:

  1. တန်ဖိုးရှိတဲ့ ပို့ စ်ကို ဖတ်ပြီး...မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ်...။ နောက်ကိုလည်း အခုလို တန်ဖိုးရှိတဲ့ ပို့ စ်တွေ များများရေးနိုင်ပါစေဗျာ..။

    ReplyDelete
  2. မှတ်သားလည်းသွားပါတယ် လွမ်းလည်းလွမ်းသွားပါတယ်..
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  3. လွမ်းတယ်ပဲခူးကို

    ReplyDelete
  4. ကဆုန်လ က ကောင်းတယ်နော်
    မွေးလ မို့ လေ

    ReplyDelete
  5. ကြည်ညို စွာဖတ်ရှုသွားပါတယ်။
    ဆက်လက်မျှဝေနိုင်ပါစေ။

    ReplyDelete
  6. မှတ်သားသွားပါတယ်ရှင် ..း) ကျေးဇူးလည်းတင်ပါတယ် ..

    ReplyDelete
  7. မြန်မာနိုင်ငံမှာ ညောင်ရေသွန်းပွဲတော်တွေ ခြိမ့်ခြိမ့်သဲနေရာပေါ့နော်။ အမှတ်ရတယ်ဗျာ။

    ReplyDelete
  8. ဒီလိုနေ့မျိုး ရပ်ကွက်မှာ ညနေပိုင်း ဘဲသားဆန်ပြုတ် ကျွေးလေ့ရှိတယ်ဗျ...သတိရမိသေး

    ReplyDelete
  9. ဒီလိုနေ့မျိုးမှာ အရမ်းပူနေတယ်ဗျာ....။ နေကလည်း ပူ၊ စိတ်ကလည်းပူ...ပဲ..။

    ReplyDelete
  10. လာရောက်ဖတ်မှတ်ပါတယ်ဗျာ (ရဲကြီး)

    ReplyDelete
  11. ဘယ်နေ့လဲဟင် ကဆုန်လပြည့်နေ့က ကျနော့်ဘ၀မှာ အမှတ်တရအဖြစ်ဆုံးနေ့ဗျ။
    အဟိ......
    သြော်... စာတွေထဖတ်သွားတယ်နော် ခုလိုသတိပေးတာ ရှဲ့ရှဲပါနော်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။