ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နေရာသိတာက


ကုမ္ပဏီတစ်ခုတွင် ၀န်ထမ်းများအားလုံး အသုံးပြုနေသော မိန်းဖရိန်ကွန်ပျူတာကြီးမှာ ရပ်သွားလေသည်. . . ၀န်ထမ်းများလည်း တတ်သလောက်မှတ်သလောက် နှင့် ကွန်ပျူတာစက် ပြန်လာအောင် လုပ်ကြသော်လည်း မည်သို့မှ လုပ်၍မရဖြစ်နေသည်. သို့နှင့် နောက်ဆုံးတွင် ကျွမ်းကျင်သူပညာရှင်တစ်ယောက်ကို ခေါ်၍ပြရလေတော့သည်. . .

ပညာရှင်ရောက်လာပြီး ကွန်ပျူတာကို စစ်ဆေးကြည့်ရှုပြီး တူအသေးလေးတစ်လက်ကို ထုတ်၍ ကွန်ပျူတာ အနှံ့အပြားကို လိုက်ခေါက်ရာ မိနစ်အနည်းငယ်ကြာသော် ကွန်ပျူတာကြီးမှာ ပြန်ကောင်းသွားလေသည်. . . ရက်အနည်းငယ်ကြာသောအခါ ထိုကုမ္ပဏီ မန်နေဂျာထံသို့ ကျွမ်းကျင်သူပညာရှင်၏ ငွေတောင်းခံလွှာတစ်စောင် ရောက်လေသည်. . .

ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ တောင်းထားခြင်းဖြစ်သည်. . . ထိုအခါ မန်နေဂျာသည် ပညာရှင်နှင့် သွားတွေ့ပြီး ပြောလေသည်. . .

"ဒီမှာ ခင်ဗျ ၊ ကွန်ပျူတာပြင်ခ ဒေါ်လာ ၁၀၀၀ ဆိုတာ သိပ်များပါတယ် . . ငါးမိနစ်လောက် တူကလေးနဲ့ ဟိုခေါက် ဒီခေါက်လုပ်ပြီး ကွန်ပျူတာကောင်းသွားတာပဲ၊ ဒီလောက် ယူဖို့မကောင်းပါဘူး၊ ငွေတောင်းခံလွှာကို ပြန်ပြင်ပေးပါ. . . "

နောက်တစ်နေ့တွင် ငွေတောင်းခံလွှာအသစ်ရောက်လာရာ

"ကွန်ပျူတာအား တူနှင့်ခေါက်ခ ၁ဒေါ်လာ . . မည်သည့်နေရာကို ခေါက်ရမည်ကို သိသည့် အတွက် ၉၉၉ ဒေါ်လာ၊ စုစုပေါင်း ဒေါ်လာ ၁၀၀၀ ဟူ၍ဖြစ်လေသည်. . . "

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

14 comments:

  1. ဖြစ်သင့်ပါတယ်.....
    အဲ့လိုနေရာ သိဖို့ ဘယ်လောက်ကြိုးစား ထားရသလဲဆို တာ ပိုင်၇ှင်က မသိလို့ ပါ

    မှတ်ထားတယ် ..ဒီက စာတွေကို... အခွင့်သင့်ရင် အကြောင်း အကျိုးနဲ့ သူများ ကိုပြန်ပြောပြလို့ ရအောင်

    ReplyDelete
  2. ပန်းကဗျာ မေ 16 တို့ရေ..

    မှတ်သားစရာစာလေးတွေ လာဖတ်သွားပါတယ်ဗျာ..
    အရင်ရက်က မဖတ်ဖြစ်တာတွေပါ ဖတ်သွားတယ်...


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  3. လာဖတ်ပါတယ်နော်
    ခင်မင်လျက်

    ReplyDelete
  4. ဟုတ်တယ်ဗျ။
    သိမှုအတွက် အဲဒီလောက်တော့ ပေးသင့်ပါတယ်။ ဒါမှသိမှုရဲ့ တန်ဖိုးကို လူတွေသိလာမှာ။

    ReplyDelete
  5. ကိုယ်မသိတော့လဲ ဘယ်ါလောက်ဖြစ်ဖြစ်တန်တာပဲ တခုခုထပ်ဖြစ်ရင် သူ့တာဝန်ပဲလေ ဟုတ်ဘးလား။

    ReplyDelete
  6. သိပ်ကောင်းတဲ့ပို့စ်လေးပဲ...။ဟုတ်တယ် ပညာရှင်က သာ အားနာပြီ ငွေတောင်လွှာမှာနည်းခဲ့ရင် သူ့ကို တန်ဘိုးထားမှာမဟုတ်ကြတော့ဘူး....။နေရာလေး သိဘို့ သူကြိုးစားခဲ့ရတာ အကြာကြီးဖြစ်မှာပဲလေ..။

    ReplyDelete
  7. မှန်တယ် တီတီရ.. ကိုယ်တတ်သည့်ပညာ မနေသာ ဆိုသလိုပါပဲ...

    ပညာရဲ့ အစွမ်းတွေလေ...သိတဲ့သူအတွက်တော့.... ဟဲဟဲ..

    ReplyDelete
  8. ပညာတစ်ခုဟာ အဖိုးတန်လှတာတော့ အမှန်ပဲ။ သူလဲ ဒီပညာကို သိမြင်အောင် အချိန်များစွာ မဆုတ်မနစ် သင်ယူလေ့လာခဲ့ရမှာပဲ။ ပို့စ် ကောင်းလေးပါပဲ။ လေးစားလျက်..။

    ReplyDelete
  9. "ကောင်းတယ်ဗျာ" လို့ပဲ ပြောချင်တယ်။

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ပညာရဲ့တန်ဖိုးကို ဟာသလေးစွက်ပြီး ပြသွားတာလေး တော်တော်ကောင်းပါတယ်...

    ReplyDelete
  12. ဟုတ်တာပေါ့နော် ..း)

    ReplyDelete
  13. စာကောင်းလေးကိုဖတ်သွားတယ်

    ReplyDelete
  14. အဟဲ ဒီ Post လေး သဘောကျတယ်ဗျ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။