ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

အကူအညီ

ကလေးငယ်ကလေး လမ်းလျှောက်သင်နေသည်ကို ဖခင်ဖြစ်သူသည် လှေကားထိပ်မှ ထိုင်ကြည့်နေလေ၏ ကလေးငယ်ကလေးသည် ထိုလှေကားထစ်များကို တစ်ထစ်ချင်း လှမ်းတက်သော်လည်း အောင်မြင်မှုမရသဖြင့် စိတ်ပျက်သွားသည်. . . တခြားအတွေးများလည်းပေါ်လာ၏
သို့နှင့် လှေကားအောက်ဆုံးတွင် ထိုင်နေလိုက်သည်. . လှေကားပေါ်သို့ တက်၍မရသဖြင့် စိတ်ပျက်အားငယ်လျက်ရှိသည်. . . "တော်ပါပြီ" ဟုဆိုကာ တခြားတစ်နေရာသို့ ထွက်သွားလေသည်. . သို့သော်ဖခင်ဖြစ်သူကမူ သူ၏ သားငယ် လှေကားပေါ်သို့ ကြိုးစားတက်သည်ကို တွေ့ချင်မြင်ချင်လျက် ပင်ရှိနေသည်.
ဤနေရာတွင်ဖြစ်သင့်သည်မှာ ဤသို့ဖြစ်သည်. . ကလေးငယ်က စွမ်းအားနည်းနေသော်လည်း စိတ်ဆန္ဒကရှိနေသည်. . . ထိုအခါ ဖခင်ဖြစ်သူက လှေကားပေါ်မှဆင်းလာ၍ သားငယ်ကို ကောက်ယူပွေ့ချီပြီး လှေကားထိပ်သို့ ခေါ်သွားသင့်ပေသည်. .
ထိုနည်းတစ်နည်းသာရှိပေသည်. . .
ကျွန်ုပ်တို့၏ ဘ၀တွင်လည်း ကြိုးစား၍ ပထမဆုံးခြေလှမ်းကို စတင်ချသည့်အခါ နာကျင်မှုများ၊ ယိမ်းယိုင်မှုများရှိမည်ဖြစ်သည် . . ထိုအခါမျိုးတွင် ဖခင်ဖြစ်သူ (သို့) ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း နှင့် မိတ်ဆွေသူငယ်ချင်းများ က လှေကားထိပ်သို့ရောက်အောင် ကူညီခေါ်ဆောင်သွားရမည်ဖြစ်ပါသည်. . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

6 comments:

  1. ဟုတ်တယ်နော် ပန်းကဗျာ။
    လူတိုင်းမှာ တစ်ယောက်နှင့်တစ်ယောက်ဖေးမချင်တဲ့စိတ်ရှိရင် သိပ်ကောင်းမှာဘဲ။

    ရွှင်လန်းပါစေ။

    ReplyDelete
  2. အကူအညီ လိုရင်ခေါ်လိုက်နော်...May I help U... ဟီး။

    ReplyDelete
  3. အင်း..
    လူတိုင်းလူုတိုင်း... တစ်ယောက်အကျိုး တစ်ယောက် သယ် ပိုးပေးနိုင်ရင်တော့ ကောင်းတာပေါ့...။

    စာကြည့်တိုက်ရဲ့ စာလေးတွေ ကိုအားပေးလျက်ပါဗျာ..။

    ReplyDelete
  4. အေးဗျ... ကိုယ့်အနားမှာ ပတ်ဝန်းကျင်ကောင်းရှိဖို့လိုတယ်နော်။ ကောင်းတဲ့ပတ်ဝန်းကျင်ကတော့ ကိုယ့်အတွက်အားဖြစ်စေတယ်ပေါ့။ အင်း ... မကောင်းတဲ့ပတ်ဝန်းကျင်ကတော့ . . . .

    ReplyDelete
  5. မှန်ပါပေတယ်ဗျာ။ ဒါပေမဲ့ ပါတ်ဝန်းကျင်ဆိုတာကတော့ သိပ်မသေချာဘူး ဖခင်ကတော့ သေချာတယ် လှေကားပေါ်ချီခေါ်သွားမှာ

    ReplyDelete
  6.း)
    ဟုတ်တယ်နော် ..
    တနည်းနည်းနဲ့တော့ အားပေးပြီး ဆွဲတင်သင့်တယ် ..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။