ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

နယုန်လဖွဲ့

နယုန်လဖွဲ့

နတ်စည်ငယ်ရွမ်းပါလို့၊ ခြိမ့်မွမ်းငယ်သံစုံ၊
ကမြုးငယ် ခုန်သည်၊ လ နယုန် သည်ချိန်မို့၊
မြူတိမ်လွှာ ဆိုင်းပြန်တော့တယ်လေး။
ရာသီငယ် မေထ၊ ဆယ့်နှစ်လမို့၊
ဇေဌပြောင်ရှိန်၊ တောက်လောင်ဝယ် ထိန်သည်၊
ရာဇိန္ဒနတ်ပိဋကတ်မှာ၊ မပြတ်ကယ်ထွက်စံ၊ စာညီလာခံလော့ခါ ၊
ဗိုလ်ခြံတဲ့ ရွှေလယ်မှာ၊ ငွေစံပယ်ဖြူ မုလေးက
မွှေးလှတယ်လေး။
(မဟာအတုလမင်းကြီး၏ ဆယ့်နှစ်လရာသီဖွဲ့လွမ်းချင်း)

နယုန်လ

နယုန်လသည် မြန်မာလများ၏ တတိယလဖြစ်၍ နွေဥတုတွင် ပါဝင်ပြီး မေလနှင့်ဇွန်လတွင်ကျရောက်သည်။ နွေရာသီကုန်ဆုံးရန် ၁၅ ရက်သာကျန်သော့သည့်ဖြစ်၍ "နွေနှောင်းလ၊ နွေစွန်လ" ဟု စာဆိုပညာရှင်များက စာဖွဲ့လေ့ရှိကြသည်.

ဒုတိယအင်းဝခေတ်သာလွန်မင်းတရားကြီး လက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် စာတော်ပြန်ပွဲများကို စတင်ကျင်းပခဲ့သည်. . ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရန်နှင့် ပညာရှင်များ ထွန်းကားလာရန် ဟူသော ဆန္ဒမွန်ဖြင့် စာတော်ပြန်ပွဲကို နယုန်လ၏ ရာသီပွဲအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်. . . မြန်မာမင်းများသည် နယုန်လ စာတော်ပြန်ပွဲတွင် အောင်မြင်တော်မူကြသည်. ပဉ္စင်းလောင်း၊ ရှင်လောင်းတို့ကို ၀ါဆိုလတွင် ခမ်းနားကြီးကြယ်စွာ ပဉ္စင်းခံ၊ရှင်ပြုပွဲများ ပြုလုပ်ပေးလေ့ရှိသည်. . .

ယခုအခါ ပထမပြန်စာမေးပွဲနှင့် ဓမ္မာစရိယစာမေးပွဲများ အပြင် တိပိဋကဓရ ရွေးချယ်ပွဲကြီး၊ အဘိဓမ္မာ စာမေးပွဲနှင့် ၀ိသုဒ္ဓိမဂ်စာမေးပွဲတို့ ကိုလည်း နှစ်စဉ်ကျင်းပပေးခြင်း၊ အောင်ဆုလက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ဖြင့် သာသနာတော် တိုးတက်စည်ကား ပြန့်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်. .

ထို့အပြင် သုံးလူ့ထွတ်တင် ဘုရားရှင်သည် နယုန်လပြည့်နေ့၌ စကြ၀ဠာ တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့ အား မဟာသမယသုတ်တော် ဟောကြားတော်မူခဲ့ခြင်းကို အစွဲပြု၍ "မဟာသမယ အခါတော်နေ့" ပွဲတော်ကို အနှစ်သာရပြည့်စွာ ကျင်းပကြပါသည်. . .

Nayon


Nayon is the third month on Myanmar calendar, in the hot season, and falls in May-June.

In the second Innwwa Period, under the reign of King Thalun, in the year 1000 began the practice of holding examinations in religious scriptures in Nayon with aims at propagation of Pariyatti Sasana.

It was followed by the holding of novitiation and ordination ceremonies in the next month of Waso.

Nowadays, Pahtamabyan examinations, Dhammacariya Examinnations, Tipitaka Dhara Selection Examinnations, Abhidhamma and Vissudhi Magga Examinnations were held every year with presentation of prizes and certificates , for the flourishing of the Sasana.

Moreover, in this month of Nayon , what is called Maha Samaya Day was observed in commemoration of Lord Buddha's preaching of Mah Samay Sutta to celestial beings from ten thousand solar systems.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

7 comments:

  1. အမ.. တန်ဖိုးရှိတဲ့ အသိလေးတွေ ပေးတဲ့ အတွက် ကျေးဇူးပါ... အမ... စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

    ReplyDelete
  2. ပွင့်ပွင့်လင်းလင်းပြောရရင် ကြားတော့ကြားဖူးနေတယ် သေချာမဖတ်ဖူးဘူးဗျ ခုမှပဲ ဖတ်ဖူးတော့တာ ဟီး
    ကျေးဇူးပါဗျာ။

    ReplyDelete
  3. လနယုန်မှာ မိုးကလည်းသဲပေါ့နော်
    ပြီးတော် ဒီရေကလည်းတက်တယ်မမရ
    တောမှာဆို ဖြုတ်အရမ်းပေါတဲ့လပေါ့
    ဒါပေမဲ့ ပျော်ဖို့တော့ကောင်းတယ်
    မိုးအေးအေးနဲ့ ကွေးလို့တော့ကောင်းတယ်
    ဇိမ်ပဲ.......... ဟီးဟီး

    ReplyDelete
  4. ပန်းကဗျာရေ.
    လအလိုက် ရာသီဖွဲ့လေးတွေ တင်ပြပေးတာ ကျေးဇူးပါ။
    မြန်မာလူမျိုးတို့ရဲ့  ရာသီအလိုက် ပွဲတော်လေးတွေ ရိုးရာလေးတွေက ချစ်စရာလေးတွေမဟုတ်လား။ ကျနော်တောင် မြန်မာပြည်ကို ပြန်ပြေးချင်စိတ်ပေါက်မိတယ်။

    ရွှင်လန်းပါစေ။

    ReplyDelete
  5. ကျေးဇူးတင်ပါတယ် ..း)

    ReplyDelete
  6. ဧရာဝတီစာကြည့်တိုက်လေးမှာ မြန်မာ့ရိုးရာ အစဉ်အလာလေးတွေ၊ အချက်အလက်လေးတွေ ပိုပြီး ပြည့်စုံလာလို့ ဝမ်းသာတယ်ဗျာ...။ အားလည်း အားကျမိပါတယ်....

    ReplyDelete
  7. နယုန်မိုးပြေး မြက်သားမွေးလို့ ကြားဖူးပါတယ်။
    အစုံအလင်ဖတ်လိုက်ရလို့ကျေးဇူး။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။