ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

၅.လုမ္ဗနီဥယာဉ်၌ ဘုရားအလောင်း ဖွားမြင်တော်မူပုံ။


၅။ လုမ္ဗနီဥယာဉ်၌ ဘုရားအလောင်း ဖွားမြင်တော်မူပုံ။

ဘုရားအလောင်းပဋိသန္ဓေနေ၍ ဆယ်လပြည့်ရာ ကဆုန်လပြည့်အခါဝယ်၊ မယ်တော်မာယာ သည် ဆွေတော်မျိုးတော်များ၏နေရာ ဒေ၀ဒဟပြည်သို့ သွားလိုပါကြောင်း သုဒ္ဓေါဒနမင်း အားခွင့်တောင်းလေသည်. . သုဒ္ဓေါဒနမင်းသည် ကပိလ၀တ်ပြည်မှ ဒေ၀ဒဟ ပြည်သို့ သွားသောလမ်းတစ်လျှောက်လုံး တန်ဆာဆင်စေ၍ မင်းခမ်းမင်းနားဖြင့် ထွက်တော်မူစေလေရာ ခရီးအကြား၌ လုမ္ဗနီအင်ကြင်းဥယာဉ်တော်ကို ခေတ္တ၀င်တော်မူ လေသည်. . .
ထိုအချိန်မှာ ဥယာဉ်တစ်ခုလုံး၌ အင်ကြင်းပန်းတွေပွင့်နေသဖြင့် အလွန်သာယာလှပေသည်. . . မယ်တော်မာယာသည် အင်ကြင်းကိုင်း ကို လက်တော်ဖြင့် လှမ်းလိုက်တုန်းမှာ ၀မ်းတော်လှုပ်လာသောကြောင့် အ၀တ်အကာအရံကို ကာရံစေကာ မတ်တပ်ရပ်လျက်သာလျှင် ဘုရားအလောင်းတော်ကို ဖွားမြင်စေလေသည်. . ထိုအခါ ဗြဟ္မာမင်းများက ရွှေဇာတဘက်ဖြင့် ခံယူ၍ မယ်တော်ရှေ့၌ပြကာ "ဘုန်းတန်ခိုးရှိသော သားရတနာ ဖွားဖြင့်ပါပြီ "ဟု ပြောဆိုကြလေသည်. . .

5. Birth of the Future Buddha In the Lumbini Grove

Queen Maha-Maya carried the future Buddha in the her womb for ten months; and on the full moon day in May (Vesak) she said to Kind Suddhodana " I wish , O King to go to Devadaha, the city of my family". The king approved and caused the road from Kapilavatthu to Devadaha to be made smooth and adorned, and sent her with a great retinue. Between the two cities there was a pleasure grove of sal trees, called Lumbini Grove .
She entered the grove for a rest. And at this particular time, this grove was one mass of flowers presenting a very preety scene. She went to the foot of a great sal tree and reached out her hand to seize hold of one of its branches. She was at once shaken with the pains of the birth. Thereupon the people hung a curtain about her, and her delivery took place while she was standing up. Athe that monent came four Mahabrahmas (higher gods) with a golden net; and receiving the Furture Buddha with it , they placed him before his mother and said, " Rejoice, O Queen!. A mighty son has been born to thee."


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

6 comments:

  1.း)
    စာလာဖတ်သွားပါတယ်နော် ..

    ReplyDelete
  2. ဘုရားဖြစ်တော်စဉ်လေးတွေဖတ်ရတာ တန်ဖိုးရှိလှပါတယ်။ ကုသိုလ်တွေ မျှဝေယူသွားတယ်နော်။
    ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

    ReplyDelete
  3. သိသင့်သိထိုက်တဲ့ အကြောင်းရာလေးတွေ အတွက် ကျေးဇူးပါဘဲ အမရေ
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  4. အမရေးထားတဲ့ စာလေး ကောင်းပါတယ်.. ကျေးဇူးတင်ပါတယ်...
    အမပြောတဲ့ ကွန်မန့် ရိုက်တာလေးလည်းပြင်ထားပါတယ်...
    အဲ့လိုလေးလိုအပ်တာလေးတွေ ပြောပြပေးတာ ကျေးဇူးပါအမ...
    အမ စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ...

    ReplyDelete
  5. ဒီလိုဗုဒ္ဓ၀င်တွေ pdf နဲ့ရနိုင်ရင် ကောင်းမယ် ..

    ReplyDelete
  6. သိပြီးသာပေမဲ့ မေ့တေ့တေ့ဖြစ်နေလို့ ဖတ်သွားပါကြောင်း

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။