ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ကျားသစ်တွေဘာကြောင့်အရေခွံလှ


ကမ္ဘာဦးအစကပေါ့
ကျားသစ်တွေဟာ ခြင်္သေ့တွေလိုပဲ ၊ အရောင်က ညိုညစ်ညစ်နဲ့လှတာမဟုတ်ဘူး သစ်ကုလားအုတ်တွေလို မြင်းကျားတွေလို မလှပတဲ့သူ့ဘ၀ကို တွေးပြီး ကျားသစ်ခမျာ စိတ်လက်မသာမယာဖြစ်နေတယ် . . ဒါပေမယ့် ဒီကိစ္စကို ကျားသစ်က ဘယ်သူ့ကိုမျှ အသိမပေးဘူး . . . သူ့ဘာသူ ကြိတ်ခံစားနေရှာတာ

တစ်နေ့မှာတော့ သူဟာ လမ်းလျှောက်ထွက်လာရင်း မြွေတစ်ကောင်နဲ့က တွေ့သတဲ့ ဒီအခါ မြွေက '"အလို ကိုကျားသစ် လို့ ချည့်နဲ့နဲ့လေသံနဲ့ နှုတ်ခွန်းဆက်သတဲ့. "
"ကျွန်တော် တော်၂လေးနေမကောင်းဖြစ်နေတယ် အခြေအနေမကောင်းဘူး . . ဘယ်သူ့မှလည်း မကူညီကြပါဘူးဗျာလို့ အားငယ်တဲ့လေသံနဲ့ ပြောပြန်တယ်. . . "

"ဒါလားမဆန်းပါဘူးကွာ " လို့ ကျားသစ်က ဂျစ်ကန်ကန်နဲ့ပြန်ပြောတယ် . "မင်းလို အယုတ်တမာကောင်မျိုး အခြားကောင်တွေကကြောက်နေတာကွာ ဘယ်သူက မင်းကို ကူညီမလဲ ဒါပေမယ့် မင်းနေမကောင်းတုန်းတော့ ငါကူညီပါ့မယ်ကွာ . . လို့" ကျားသစ်ကပြောပြီး စေတနာနဲ့က ကူညီပေးတယ် . .

မြွေပြန်ပြီးနေကောင်းလာတဲ့အထိကို စောင့်ရှောက်ပြုစုပေးနေတာ . . ဒီလိုနဲ့မြွေနေကောင်း လာတယ် . . မြွေဟာ ကျားသစ်ကို ကျေးဇူးတင်လွန်းလို့ . "ခင်ဗျားရဲ့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ခင်ဗျား လိုချင်တာတစ်ခုကို ကျွန်တော်ပေးပါရစေဗျာလို့ "ပြောသတဲ့ . . . .

ဒီတစ်ခါ ကျားသစ်က "မင်းမတတ်နိုင်ပါဘူးကွာလို့ ငါက လှလှပပ အရေပြားရှိချင်တာ. . . လှပတဲ့ အရေပြားမရှိတဲ့ ဘ၀မှာ ဘာရရ အဓိပ္ပါယ် မရှိပါဘူး လို့ . . . ညည်းညည်းညူညူ ပြောတယ် ". . .

ဒီအခါ မြွေက "ကျွန်တော်ခင်ဗျားကို လှလှပပ အရေပြား ပေးနိုင်ပါတယ်ဗျာ ခင်ဗျားကို ကျွန်တော်ကိုက်မယ် ဒါပေမယ့် မကြောက်နဲ့နော် ခင်ဗျားကို အဆိပ်မသင့်စေရဘူး . . ခင်ဗျား ကိုယ်ပေါ်မှာ လှလှပပ အစက်အကွက်တွေ ပေါ်လာရုံကိုက်မှာ တစ်ကိုယ်လုံး အ၀ါလေးတွေ ၊ အနီလေးတွေ အညိုလေးတွေ အစပ်ဟပ်တည့်တည့်နဲ့ကို လှနေမှာနော်လို့ "ပြောပြတယ်. . .

ဒါနဲ့ မြွေဟာ ကျားသစ်ကို ကိုက်ခဲလိုက်တယ် . . တကယ့်ကိုပဲ ကျားသစ်ရဲ့ အရေပြားပေါ်မှာ ချက်ချင်း ဆိုသလို လှပတဲ့ အစက်အကွက်တွေ ပေါ်လာပါရော . . ဒီအချိန်ကစလို့ ကျားသစ်တွေမှာ အခြားသတ္တ၀ါတွေထက် လှပတဲ့ အရေပြားတွေရှိလာခဲ့တယ် . . . မြွေနဲ့ကျားသစ်ဟာလည်း တကယ့်ကို မိတ်ဆွေရင်းချာတွေဖြစ် သွားတော့တယ် တစ်ဦးနဲ့တစ်ဦး မကောင်းမကြံကြဘဲ ထာဝရ ခင်မင်ရင်းနှီးသွားကြသတဲ့ကွယ် . . .

စိုးထိုက် (Happy Time မဂ္ဂဇင်း)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

12 comments:

  1. ပုံပြင်လေးကတော့ ဒါပါပဲကွယ် ..း)
    ပုံပြင်လေးတွေ ဖတ်ရတာ ကြိုက်တယ် ..

    မိုးခါး

    ReplyDelete
  2. ပုံပြင်လေးကို နားထောင်သွားတယ် ဒါကြောင့် ကျားသစ်တွေ အရောင်လှတာပေါ့နော့် မြွေကြောက်တဲ့ ကျနော်တောင် အရောင်လေး လှချင်လာပြီ အဟဲ


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. သြော်... ဂလိုကိုး . . . .

    ReplyDelete
  4. အော်... ကျားသစ်တွေ ဘာကြောင့်အဲလို အကွက်လေးနဲ့ လှရလဲ ဆိုတာ အခုမှ သိတော့တယ်..

    ကျေးဇူးပါတီတီရေ
    အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  5. အော်... ဂလိုလား.
    ကျားသစ်တွေလှပတာ မြွေကို ကျေးဇူးတင်စရာကောင်းတယ်နော်။

    ပန်းကဗျာလေးကော ဘာဖြစ်လို့ လှနေပါလိမ့်????

    ပုံပြင်ရှိမယ်ထင်တယ်။ စိတ်ဝင်စားတယ်။
    ဟဲ ဟဲ။ စတာနော်။

    ပျော်ရွှင်ပါစေ။

    ReplyDelete
  6. ပုံပြင်လေး နားထောင်ရင်း အိပ်ပျော်သွားတယ် :P
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  7. ကိုတိုးလေးMay 21, 2009 at 8:40 PM

    ပုံပြင်လေးဖတ်ရင်းနဲ့ ပဲ အိပ်ပျော်သွားတယ်နော်။ ဖတ်လို့ကောင်းပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေနော်။

    ReplyDelete
  8. ဖတ်လို့ တော့ တော်တော်ကောင်းတယ်...ဒါပေမယ့် ယုံရမှာလားဟင်...ယုံရခက်ကြီးပါလားနော်..:P..။

    ReplyDelete
  9. ပုံပြင်ပြောပြတော့လည်းနားထောင်ရမှာပေါ့...။ ပုံပြောကောင်း တဲ့မမပေါ့
    ဟားဟားးး

    ReplyDelete
  10. အပြင်မှာဆို ဘယ်လောက်ကောင်း လိုက်မလဲ၊ အသားအရည်လှတဲ့ ကောင်မလေးဆို ကိုက်လိုက်မှာ ...

    ReplyDelete
  11. အယ်... ပေါက်ကရဗျာ.... သိတော့ဘူး..

    ReplyDelete
  12. ပုံပြင်လေး ဖတ်ရတာ ငယ်ငယ်တုန်းက အချိန်ကို ပြန်သတိရလာမိတယ်... ဖတ်ဖူးတာလေး ပြန်ဖတ်ရင်တောင် ရသမပျက်တာ ပုံပြင်တွေရဲ့ အစွမ်းသတ္တိပဲ ထင်ပါရဲ့... ပြန်ဝေမျှတာ ကျေးဇူးတင်ပါတယ် ညီမလေး ပန်းကဗျာရေ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။