ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • သူတော်ကောင်းတို့ကိုသာ ပေါင်းဖော်ရာ၏ . . .
  • သူတော်ကောင်းတရားကို သိရ၍ မြင့်မြတ်၏. . .
  • Associate only with the virtuous.
  • Knowing Dhamma from the virtuous is virtuous.
  • သူယုတ်မာတို့နှင့် ပေါင်းဖတ်ခြင်းကို စွန့်လွှတ်လော့ . . .
  • သူတော်ကောင်းကို ပေါင်းဖက်အပ်သူကို သာ ဆည်းကပ်လော့ . . .
  • ကုသိုလ်ကောင်းမှုကို အစဉ်အမြဲ ပြုလော.့ . .
  • မမြဲသော အဖြစ် (သင်္ခါရတရား) ကို အစဉ်အမြဲ အောက်မေ့ဆင်ခြင်လော့ . . .
  • A bandon association with the wicked.
  • Approach only the virtuous who should be associated with
  • Always do good deeds.
  • Always be mindful of the law of impermanence (Sandhara Dhamma).
  • သူယုတ်တို့သည် ရေသဖန်းသီးမှည့်နှင့် တူ၏ အပြင်ပန်းအားဖြင့် အဆင်းရှိသော်လည်း အတွင်း၌ မူကား ပိုးလောက်များဖြင့်သာ ပြည့်ကုန်၏. .
  • The wicked are like ripe figs goodlooking outside but full of worms inside.
  • ပိန္နဲသီးမှည့်တို့သည် ပြင်ပ၌ဆူးများ ရှိသော်လည်း အတွင်းအရသာမူကား ချိုမြိန်လှပေ၏. .
  • သူတော်ကောင်းတို့၏ စိတ်နှလုံးသည်လည်း ထို့အတူပင်ဖြစ်၏. . .
  • Though jack fruits have thorns outside the taste is sweet.
  • So also are the hearts of the virtuous
  • ပညာရှိသူတော်ကောင်းသည် ဘေးဒုက္ခဆင်းရဲသို့ ကျရောက်ငြားသော်လည်း သူတော်ကောင်း တရားကို မစွန့်.
  • The wise and virtuous does not abandon virtue even when in trouble.
  • င်္ခြသေ့တို့မည်သည် ငတ်မွတ်ဆာလောင်သော်လည်း မြက်သစ်ရွက်ကိုမူ မစား. . .
  • ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကို လက်မခံ အကျင့်သီလကို စောင့်ထိန်းကြကုန်၏
  • Lions, though hungry will not eat grass.
  • The learned and virtuous though faced with poverty will not accept badness but always upholds virtue

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

10 comments:

  1. ဖတ်မှတ်သွားပါတယ်ဗျာ.... :-)

    ReplyDelete
  2. မျှဝေပေးတာကျေးဇူးပါ

    လိုက်နာဖို့တော့တော်တော် ကြိုးစားရဦးမယ်

    ... အင်္ဂလိပ်နဲ့ မြန်မာစာ အရောင်လေးတွေခွဲလိုက်ပါလား

    ReplyDelete
  3. ဟီး.... အညားကြီးပြင်ရဦးမှာ။

    ReplyDelete
  4. တန်ဖိုးရှိတဲ့စာပေတွေကို မျှဝေဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  5. လောကနီတိတွေကို ဖတ်ရတော့ ပိုပြီး ခံစားရတယ်ဗျာ... (လောကနီတိတွေကို စာအုပ်တွေထဲမှာပဲ ရှိနေသေးတယ်လို့ မြင်လာလို့)

    ReplyDelete
  6. နိတိ တွေ တင်တိုင်းကူး ကူး ထားတယ်နော်...။
    ရတယ်ဟုတ်

    ReplyDelete
  7. မှတ်သားစရာလေးတွေ မှတ်သားသွားပါတယ် အမရေ
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  8. နီတိတွေကို မှတ်သားသွားပါတယ်..
    လိုက်နာဖို့တော့ ထုံးစံအတိုင်းပေါ့လေ..
    ကြိုးစားရအုံးမယ်..

    ReplyDelete
  9. ပညာရှိ သူတော်ကောင်းတို့သည်လည်း ဆင်းရဲဒုက္ခကြုံရသော်လည်း မကောင်းမှုဒုစရိုက်ကိုလက်မခံအကျင့်သီလကို စောင့်ထိန်းကြကုန်၏ မှတ်သားသွားတယ်ဗျို.

    ReplyDelete
  10. မှတ်သားစရာ လောကနီတိတွေ ထပ်ယူသွားတယ်
    ကျေးဇူးကမ္ဘာပါ ..

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။