ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဆိုခဲစေမြဲစေ

"စကား စကားပြောပါများ စကားထဲက ဇာတိပြ" ဟူ၍ ဆိုရိုးရှိသည်. . "စကားနောက် တရားပါ" ဟူ၍လည်း ဆိုလေ့ရှိ ကြသည်. . ." ကြမ်းကျွံသော် နုတ်၍ရသည် စကားကျွံသော နုတ်၍မရ "ဟူသော ဆုံးမစာလည်း ရှိသည်. . "နှုတ်ချို သျှိုတစ်ပါး ချီးမွမ်း စေလိုလျှင်လည်း ခံတွင်းလက်လေးသစ်၊ ကဲ့ရဲ့စေလိုလျှင်လည်း ခံတွင်းလက်လေးသစ်" စသည်ဖြင့်လည်း . စကားနှင့် စပ်လျဉ်း၍ အစဉ်အလာ အယူအဆ များရှိကြသည်. . .
ဤသို့လျှင် စကား၏ လေးနက်မှုများကို မြန်မာရှေးပညာရှိတို့က အနည်းနည်း အဖုံဖုံ ဥဒါန်းထားခဲ့ကြပြီးနောက် "ဆိုခဲစေမြဲစေ" ဟူသော ဆုံးမစကားကို ထားရစ်ခဲ့ကြသည်. .
စကားဟူသည် ပြောသူ၏နှုတ်ကထွက်မှ စကားဖြစ်သည်. . မနောတည်းဟူသော စိတ်အာရုံထဲ၌ ရှိနေရုံဖြင့် စကားမဖြစ်၊ နှုတ်မှ ပြောလိုက်မှသာ ၀စီကံမြောက်သည်. . ပြီးလျှင် ကာယကံမြောက် ဆောင်ရွက်မှုပြုရသည်. . .
အရောင်းအ၀ယ်လုပ်ငန်းများတွင် နှုတ်ကတိကို ထား ၍ လုပ်ကိုင်နေကြသူများစွာ ရှိသည် . . နှုတ်ကတိစကားကို အပျက်မခံဘဲ တည်ကြည် ဖြောင့်မတ်စွာ လုပ်ကိုင် သူများသည်. ရေရှည် ကြီးပွားတိုးတိုက်လျက်ရှိကြသည်. .
အချိုးလူများကမူ တစ်နပ်စား ညဏ်ဖြင့် စကားကုလားဖန် ထိုး၍ မရိုးမသား စီးပွားရှာတတ်ကြသည်. . ထိုသူများသည်. . လူလိမ် ဟု သတင်းစကား ပျံ့နှံ့သွားချိန်တွင် လုပ်ကိုင်စားသောက်၍ မရအောင် ပျက်စီးခြင်း သို့တိုင်လေတော့သည်. . .
လူမှုဆက်ဆံရေး နယ်ပယ်၌ စကားတည်သူ၊ ကတိတည်သူဟူ၍ အများလက်ခံခြင်းခံရသူများမှာ မည်သည့် အလုပ်အကိုင်ကိုပင် လုပ်ကိုင်သည်ဖြစ်စေ ဂုဏ်သိက္ခာ ရှိသည် လူအများ၏ ယုံကြည်စိတ်ချ တန်ဖိုးထားခြင်းကို ခံရသည်. . "လူသေသော်လည်း နာမည်မသေ" ဆိုသည်မှာ ထိုသူမျိုးဖြစ်သည် .
လူ့သိက္ခာကို တန်ဖိုးထားကြသူများသည်. . စကားကို လက်လွတ်စပယ် ပြောလေ့မရှိကြ . . . လူ့အဆင့်အတန်း မြင့်မားလာလေလေ. . စကားအပြောအဆိုကို သတိထားရလေလေ ဖြစ်သည်. . .
သို့ဖြစ်ရာ မိမိကျင်လည်ရာ လူ့အသိုင်းအ၀ိုင်းတွင် မိမိ၏ တည်ကြည်ဖြောင့်မတ်မှုနှင့် စပ်လျဉ်းသော သတင်းစကားသည်. မိမိအပြုအမူပေါ်တွင် မူတည်၍ အစဉ်အဆက် ပြောစမှတ် ကျန်နေမည်သာ ဖြစ်သတည်း.....

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

11 comments:

  1. လူအများ လိုက်နာ သင့်ဆုံး နဲ့

    မလိုက်နာ နိုင်ဆုံး အကျင့်ကလေး တစ်ခု ပါ

    တတ်နိုင်သလောက်ကြိုးစားနေကြည့်မယ်
    ခုလို မျှဝေပေးတာ ကျေးဇူးပါဗျာ

    ReplyDelete
  2. ဟုတ်ပါ့ မှန်လိုက်တဲ့စကားတွေဗျ ကျနော်တို
    အဲဒီစကားကြောင့် တိုင်ပါတ်ခဲ့ရပေါင်းများပြီ
    ဒါလဲ အမှတ်မရှိသေးဘူး..ဟီး

    ReplyDelete
  3. မှန်တယ် ပန်းကဗျာ။
    စကားအပြောအဆိုက လူ့အဆင့်အတန်းကို သတ်မှတ်ပေးတယ်ဆိုတာ။ ပညာရှိတွေ စကားပြောတဲ့အခါ တကယ်တည်ငြိမ်အေးဆေးပြီး မှတ်သားစရာ အရမ်းကောင်းတယ်။ ဆိုခဲစေမြဲစေ ဆိုတဲ့အတိုင်း စကားတစ်ခွန်းပြောတော့မယ်ဆိုရင် သတိထားပြီး ပြောသင့်ပါတယ်။

    အလွန်ကောင်းတဲ့ ပို့စ်လေးပါ ပန်းကဗျာ။

    ReplyDelete
  4. ဖတ်ရတာ အနှစ်တွေ ဖြစ်လိုက်တာ..
    ကောင်းလွန်တဲ့ ပိုစ့်လေးတစ်ပုဒ်ပါ..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ReplyDelete
  5. မှန်လိုက်တာ...
    တချို့လူများကြတော့ ပညာဘယ်လောက်ပဲတတ်တတ် စကားအပြောအဆို အဆင့်အတန်း တော်တော်ကို နှိမ့်ကျတာ တွေ့ရတယ်..... သူတို့ စကားက သူတို့ အဆင့်အတန်း ဘယ်လိုဆိုတာ ဖော်ပြတာကိုတွေ့ရတယ်....စကားပြောရင် မည်သူ့မည်သူကိုမှ မထိခိုက်အောင် ပညာရှိတွေ ကျင့်ကြံပြောဆိုတဲ့အတိုင်း ပြောသင့်ပါတယ်နော်.....တီတီရေးတဲ့ ပို့စ်လေးက အင်မတန် တန်ဖိုးရှိလိုက်တာဗျာ.. မှတ်သွားပါတယ်တီတီရေ

    ကျေးဇူးပါ

    အာဝါးးးးးးးးးးးးးနော်

    ReplyDelete
  6. ကျွန်တော့် အယူအဆနဲ့တော့ ကိုက်ညီပါတယ်။ စကား မတည်တာတွေ အများကြီး ကြုံခဲ့ရဖူးပြီး စိတ် အနှောင့်အယှက် တော်တော်လေး ဖြစ်ခဲ့ဖူးပါတယ်။ အဆိုးဆုံးက ကိုယ်လေးစား ကြည်ညိုပြီး ချစ်ခင်ရတဲ့ လူတစ်ယောက်က ပြောထားသလို မလုပ်တာပါပဲ။

    ReplyDelete
  7. ဟုတ်တယ်ဗျို့.. စကားကတော့ အတော့်ကို သတိထားပြောနေရတယ်..

    ReplyDelete
  8. မှတ်သားသွားပါတယ် အမရေ အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  9. ကောင်းလိုက်တာဗျာ...
    မှတ်သားဖွယ်ရာတွေပါ
    စာကြည့်တိုက်လို့မပြောရဘူးနော်
    ငါ့အမကတကယ်တော်တာပဲ..... :)

    ReplyDelete
  10. အပြောလွယ်သလောက် လက်တွေ့မှာအကောင်အထည်ဖော်နိုင်ဖို့အတော်ခဲယဉ်းတဲ့အလုပ်ပါ၊ လူတိုင်းလုပ်နိုင်ကြပါစေ။

    ReplyDelete
  11. ဟုတ်တယ် ညီမလေးရေ... စကားရဲ့အရေးပါပုံကတော့ လူ့လောကထဲမှာ ကျင်လည်ရတာများလေ ပိုသိသာလေပါပဲ။ ဒီအကြောင်းအရာတမျိုးထဲကိုပဲ ပြောတဲ့လေယူလေသိမ်း စကားအသုံးအနှုန်းကွာတာနဲ့ အဓိပ္ပါယ်တွေပါ လိုက်ပြောင်းကုန်တတ်တာကိုလည်း ပိုပိုသိလာရပါတယ်။ တန်ဖိုးရှိတဲ့ပို့စ်လေးပါ ညီမလေး ပန်းကဗျာရေ...

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။