ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ချိုထောင်ကလေး

"ငါးပါးသီလတွင် သူ့အသက်သတ်ခြင်း၊ ခိုးခြင်း၊ လိမ်ပြောခြင်း၊ သူ့သားမယားကို ပြစ်မှားခြင်းတို့မှာ တစ်ပါးသူကို ထိခိုက်သည် . . . အရက်သောက်ခြင်းမှာ ကိုယ့်ဘာသာကိုယ် အရက်ကိုသောက်ပြီး အေးအေးနေလျှင် တစ်ပါးသူကို မထိခိုက်နိုင်ပါလျက် ဘာကြောင့် အရက်ကို ငါးပါးသီလထဲ၌ ထည့်ထားရပါသနည်းဟု" ဒါယကာ တစ်ယောက်က သင်္ဂဇာ ဆရာတော်ကြီးအား မေးလျှောက်သည်. . .
ဆရာတော်ကြီး က "တစ်ခါက အဘိုးကြီးတစ်ယောက်ရှိတယ်. . နွားလည်း ဆယ့်လေးငါးကောင်ရှိတော့ မြေးကလေးက နွားကျောင်းရတယ်. . ညကျလို့ရှိရင် အဘိုးကမြေးကို ငါ့မြေးရ ချိုထောင်လေးကို ချည်ပြီးပြီလား လို့ အမြဲမေးလေ့ရှိသတဲ့ "ညမှာ နွားခြံပိတ်တိုင်း မေးတော့ မြေးလေးက "အဘိုးကလည်း ချိုထောင်ကလေးချည်း မေးနေတာပဲ ချည်ပြီးပါပြီဗျ" လို့ ပြောသတဲ့
ဒီတော့ အဘိုးက ဓဟဲ့ င့ါမြေးရဲ့၊ တခြားနွားတွေက ကိစ္စမရှိဘူး . . အဲဒီ ချိုထောင်ကလေးကို မချည်ရင် သူက တခြားအိပ်နေတဲ့ နွားတွေကို လိုက်လိုက်ပြီးဝှေ့တယ်ကွယ့်. . .ဒီတော့ တခြားနွားတွေ အိပ်ရေး ပျက်တယ်ကွယ့်. . . လို့ပြောသတဲ့ဓ. . ဒီတော့ ဓဒကာကြီးရေ ဘုရားက သူရာမေရိယဆိုတဲ့ မူးယစ်ဆေးဝါး ချိုထောင်ကလေးကို အချည်ခိုင်းရှာတယ်. . . သူ့ကိုလွှတ်ထားလိုက်ရင် သူလိုက်ပြီးဝှေ့တာနဲက တခြားသီလတွေ အိပ်ရေးပျက်မှာပေါ့ ဒကာကြီးရဲ့" လို့ပြောသတဲ့. . .
အရက်ကလေးကို စပြီးသောက်မိပြီဆိုလျှင်. ချိုထောင်ကလေး လွတ်သွားပြီ၊ ချိုထောင်ကလေးက ချိုထောင်ကြီးကို နိုးတော့မည်. . . အရက်မူးလာလျှင် ဆင်ခြင်ညဏ်စွမ်းအား ကျဆင်းလာမည်. . . သည်ထက်ပိုပြီးပျော်ချင်သည်. . . ဆေးခြောက် ..နံပါတ်ဖိုး အစသဖြင့် ချိုထောင်ကြီး နိုးလာပြီ. . . . .
တခြားသီလတွေ ကိုယ်ကျင့်တရားတွေကကို ဝှေ့ပြီ လိမ်ရမလား . . လိမ်မည် . . . ခိုးရမလား ခိုးမည်. . . သတ်ရမလား . . . သတ်မည် သူ တစ်ပါး သားမယားကို ကြံစည်ရမလား . . အိုဘာမဆို အကုန်လုပ်တော့မည်. . .

ထို့ကြောင့် ချိုထောင်ကလေးကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ကြပါစေ. . . .

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

15 comments:

  1. မှတ်သွားပါတယ်ရှင်
    အရမ်းလည်းနှစ်သက်ပါတယ် .. ဒီလိုပုံပြင်တိုလေးတွေနဲ့ အသိပေးတဲ့စာလေးတွေကို ..း)

    ReplyDelete
  2. အရက်သောက်တာ အကုသိုလ် မဖြစ်ကြောင်း.. သောက်ပြီး နောက်ဆက်တွဲမှာ ဖြစ်ပေါ်လာတဲ့ ကံသုံးပါးကြောင့်တော့ အကုသိုလ်ဖြစ်နိုင်တယ်။ ဖြစ်နိုင်ဖို့ ရာနှုန်းလဲ ပိုများလာတယ်။ ချိုထောင်ကလေး ဖြစ်တော့ ကြိုးချည်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ စွဲမြဲ မှတ်မိစေတဲ့ ဒီပုံပြင်ကောင်းလေး ပါပဲ။

    ReplyDelete
  3. စာတွေက အမြီးမောက် မတည့်တော့ဘူး။ အရက်သောက်ရုံမျှနဲ့ အကုသိုလ် မဖြစ်ဘူး ဆိုတာက.. ဆရာသော်တာဆွေ ထင်တယ်.. သူနဲ့ ဆရာတော် တစ်ပါး အမြင်ချင်း ဖလှယ်တာလေး ဖတ်ဖူးလို့ပါ။ ပျော်ရွှင်ချမ်းမြေ့ပါစေ မမေ၁၆.။

    ReplyDelete
  4. လေးစားပါတယ် အတတ်နိုင်ဆုံး ဂျိုထောင်လေး မလွတ်အောင် ထိန်းပါမယ်ဗျာ..


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  5. ရှောင်လေဝေးဝေး ဂျိုထောင်လေး....
    ....တနေ့ထက်တနေ့ပိုပိုပြီး တန်ဘိုးရှိလာတဲ့ နေရာလေးပါပဲ..

    ReplyDelete
  6. ချိုထောင်လေးကို အတော်ခိုင်တဲ့ ကြိုးနဲ့ သေချာ ချည်ထားပါတယ်။ အဟီး...

    ReplyDelete
  7. အိုကေ ဂျိုထောင်လေးကို ထိန်းထားမယ်

    ReplyDelete
  8. အိုကေ ဂျိုထောင်လေးကို ထိန်းထားမယ်

    ReplyDelete
  9. ကျနော်က ဂျိုထောင်လေး မလုပ်ဖူးနော်။
    သူများတွေ အိပ်ရေးပျက်မှာ စိုးလို့။

    ReplyDelete
  10. ပန်းကဗျာ မေ၁၆ တို့ရေ..

    မှတ်သားသွားပါတယ်ဗျာ..

    ReplyDelete
  11. မှတ်သားစရာလေးတွေပါပဲဗျို့

    ReplyDelete
  12. စာတွေလာဖတ်သွားပါတယ်
    ပျော်ရွှင်ပါစေ

    ReplyDelete
  13. မှတ်သားစရာပါပဲဗျာ ခိုင်နှိုင်းသွားပုံလေး သဘောကျတယ်။ ဟုတ်တယ်ဗျ ကျနော်ဆို လုံးဝကိုမသောက်တာ သောက်ရင်လဲ တထိုင်ထဲနဲ့ အလဲသောက်တာလေ...ဟိ
    ဆိုတော့ကာ.. ဘာဂျိုမှမထောင်ဘူး နောက်နေ့
    ကျတော့ အရက်နာကျပြီး တော်ပြီမသောက်တော့ဘူးဆိုပြီး လုပ်ပြန်ရော..
    ဟိဟိ

    ReplyDelete
  14. အရက်လား
    သောက်လို့ မကောင်းပါဘူးဗျာ...။
    ဘီယာလောက်ဆိုဟုတ်တုတ်တုတ်...။ဟီးး
    စတာပါ...။

    ဥပမာပေး ပုံးသဘောကျတယ်..။
    မှတ်သားပါဧ။်

    ReplyDelete
  15. အိုး..ကောင်းလိုက်တာ.. ကျေးဇူးတင်လိုက်တာ.. ဒီလို ရှင်းရှင်းလေးတွေ တင်ပေးတာ..း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။