ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ထိန်းမရတဲ့ကောင်တွေ

လူတွေကို အချိန်ပြည့် ဒုက္ခပေးနေသော အကောင်သုံးကောင်ရှိသည်. . လောဘကောင်ရယ်၊ဒေါသကောင်ရယ် မောဟကောင်ရယ် ဒီသုံးကောင်ပါ. . ဒီသုံးကောင်ကို လုံးဝဥသာုံ ချုပ်ငြိမ်းသွားအောင် လုပ်ဖို့ဆိုတာ တကယ်တော့ မလွယ်၊ တကယ်လုပ်ကြည့်လေ အဟုတ်သိလာလေ၊ ဒီသုံးကောင်မှာ ဘယ်ကောင် အဆိုးဆုံးနည်း . သုံးကောင်စလုံး ဆိုးပါသည်. .
လူတိုင်းလိုလို ပထမဆုံး စတွေ့ရတတ်တာဟာ လောဘကောင်. . . နေရာတိုင်းမှာ လောဘကောင်ရှိသည်. . အလှူအိမ်မှာ မုန့်ဟင်းခါး စားတာကအစ. . လောဘကောင်ရှိသည် . တစ်ပန်းကန်၊ နှစ်ပန်းကန်စားရုံဖြင့် ဗိုက်ဝပါလျက် (အလကားရလျှင် ၀င်သလောက်စားမည်ဆိုပြီး) မဆန့်မပြဲစားခြင်းသည် လောဘဖြစ်သည်. . လောဘကောင်၏ သွေးဆောင်ရာသို့ ကောက်ကောက်ပါအောင် လိုက်မိခြင်းဖြစ်သည်. . .
ကိုက်တတ်သောခွေးကိုထိန်းရတာကမှ လွယ်လိမ့်အုံးမည်. . . ဒီသုံးကောင်ကို ထိန်းရတာ မလွယ်ပါ. . .
ဂုရုကြီး ရေးလိုက်ရင် . . . "ဟိုက်ရှာလပတ်ရည်နဲ့ သွတ်သွတ်တို့၊ ဖွတ်ကလိဒင်္ဂါးတို့ ဒါတွေချည်းပဲ ဂုရုကြီးက ငပေါကြီးပဲ " နောက်သည်ကိုသိပါလျက်နဲ့ ဒေါသထောင်းကနဲထွက်သွားတယ်...
ဒေါသ သိလည်းသိလျက် ထိန်းလည်း ထိန်းနေတဲ့ကြားက ဒေါသသံပါသွားသည်. . ကိုယ့်ကိုကိုယ်လည်း ပိုကြီးမသွားအောင် ထိန်းလိုက်ရသည်. . .
မောဟဆိုတဲ့ အကောင်လည်း မထူးပါ. . လောဘနဲ့ဒေါသနှင့် အတူတူပါ့ ဂုရုကွေး တို့သည် လည်း အသက်အရွယ်အရ တရားဓမ္မတွေလိုက်စားရင်း နိဗ္ဗာန်ရောက်ကြောင်းတရား တွေနာရင်း လောဘကို သတ်ရင်း ခေါင်းထောင်လိုက်ရင်း ဒေါသကိုထိန်းလိုက်၊ ဒေါသကြိုးက ပြတ်ထွက်ပြီး ကိုယ့်ပြန်လျှာထုတ်ပြလိုက်၊ သတ်မရ ထိန်းမရ ကလယ်ကလယ်ဖြစ်နေကြသည်. . .
ဒီလိုပဲ စိတ်လျှော့လိုက်ရမလား ၊ လောဘ၊ ဒေါသ မောဟ လူဆိုးသုံးကောင်ကို လွှတ်ထားလိုက်ရမလား . ထိန်းနေတဲ့ကြားကပင် ဆိုးနေတာ လွှတ်ထားလျှင် ပိုဆိုးမည်.. ထိန်းမရတဲ့ ထိုသုံးကောင်ကို လုံးဝချုပ်ငြိမ်းအောင် မသတ်နိုင်သေးသည့်တိုင် ပါးလျားအောင် နည်းပါးအောင် လုပ်ရတော့မည် မဟုတ်ပါလား . .

အီကြာကွေး (ပေါ်ပြူလာဂျာနယ်)

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

11 comments:

  1. ဟုတ်ပနော်
    နေရာတကာ ဒီသုံးကောင် ရှုပ်ကိုရှုပ်တယ် .. :P

    ReplyDelete
  2. ဟုတ်ပ အမရေ..၊ဘယ်လိုမှ ကို ထိန်းလို့မရသေးဘူး၊
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  3. ထိမ်းဖို့ မကြိုးစား
    မထိမ်းဘဲ ထားတာ ကြာတော့
    သူတို့ကိုတောင် တော် တော် ချစ်တတ်နေပြီ

    ဒါကိုပဲ လူမိုက်လို့ ခေါ်မယ်ထင်တယ်နော်

    ReplyDelete
  4. ဟုတ်တယ် ပန်းကဗျာရေ... ဒီသုံးကောင် တော်တော်ဆိုးတယ်။ ထိန်းရ ခက်မှ ခက်။

    ReplyDelete
  5. ဒီသုံးကောင်ကို မကောင်းမှန်းသိပေမယ့်လည်း ဖယ်ခွါလို့မရနိင်သေးပါဘူး..

    ReplyDelete
  6. ကြယ်ပြာMay 10, 2009 at 4:21 PM

    အင်း ... ဒီသုံးကောင်ကို ထိန်းနေတုန်းပဲ ... အကုန်တော့ရသေးဘူး .. .တခါတခါမနည်းထိန်းရတယ် ...

    ReplyDelete
  7. ဟုတ်ပါ့ဗျာ... ထိန်းမရတာတော့ ပြောမနေနဲ့
    အဲဒီ၃ကောင် အတော်ဆိုးတာဗျ..။ သူတို့လိုပဲ
    နောက်တကောင်ကျန်နေသေးတယ် အဲဒါဘာလဲ
    ဆိုတော့ သမုဒ္ဒရာ ၀မ်းတထွာ ဆိုတာကြီးပဲပေါ့။

    ReplyDelete
  8. ထိန်းမရတဲ့ သုံးကောင်.. မှတ်သားသွားပါတယ်အမ..
    ကျနော်တော့.. ထိန်းမရတဲ့သုံးကောင်ကို ကြိုးနဲ့ချီပြီး ဟိုးအဝေးဆုံးကို နွှင့်ပြစ်လိုက်ချင်တယ်... အမလည်းနည်းနိုင်သမျှနည်းအောင် ကြိုးစားထိန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...

    ReplyDelete
  9. ထိန်းမရတဲ့ကောင်တွေကိုဘယ်လို
    ပညာပေးရပါ့နည်းလမ်းကလဲ
    ရှာလို့ကိုတွေ့ဝူ့းဟူးးးးး

    ReplyDelete
  10. အဲဒီ အကြီး သုံးကောင်ရဲ့ အောက်မှာ အငယ်တစ်ကောင် ကျန်သေးတယ်ဗျ။ သူတို့လေးယောက် တဖွဲ့တည်း။ သူက အငယ်ဆုံး ဆိုတော့ အဆိုးဆုံးးပဲ။ တော်တော် ညှို့ငင်အားပြင်းပြီး လိုက်လျောပေးရတာ များတယ်။ “ဆန္ဒ”...။

    ReplyDelete
  11. ဟုတ်ပါ့ဗျာ ဒီသုံးကောင်က ရှုပ်ကို ရှုပ်တယ်
    ဘေးဖယ်ထားလိုက်း)

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။