ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ညီအကိုနှစ်ယောက်

မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်. . . တစ်ယောက်က အိမ်ထောင်သည်. . သူ့မိသားစုက ကြီးသည်. . နောက်တစ်ယောက်က လူပျိုလူလွတ်
တစ်နေကုန်အလုပ်လုပ်ပြီး လျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူမျှတူခွဲဝေယူကြသည်. . .
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်. . . "လယ်ယာထွက်သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင့်ဘူး ငါက တစ်ယောက်တည်းသမား . . ငါ့လိုအပ်ချက်ကနည်းနည်းလေး " သည်လိုတွေးက ညစဉ်ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့ အကိုအိမ်က စပါးကျီထဲ သွားထည့်သည်. . .
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်. . . "သီးနှံတွေ၊ ၀င်ငွေတွေကို ညီတူမျှတူ ဝေယူနေကြတာ မမှန်ဘူး . . . ငါက အိမ်ထောင်သည်. . ငါ့မှာ အသက်ကြီးတဲ့အချိန် ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ် သားထောက် သမီးခံရှိတယ်. . . ငါ့ညီမှာ က တစ်ယောက်တည်း မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်မယ့် သူမရှိဘူး" . . ဟူ၍တွေးကာ ညတိုင်း စပါးတစ်အိတ်စီထမ်းပြီး သူ့ညီစပါးကျီထဲ သွားထည့်သည်. . . .
သည်လိုနှင့် နှစ်ညချီ၍ ကြာလာသည်. . ကိုယ့်ကျီထဲ ကစပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်း မရှိသည်ကို နှစ်ယောက်လုံးပင် စဉ်းစာမရဖြစ်နေကြသည်. . .
သို့သော မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကို နှစ်ယောက်ဝင်တိုက်မိကြသည်. . သည်တော့မှ ပင် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်. . .
စပါးအိတ်တွေပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကို တစ်ဦး တင်းတင်းဖက်ထား လိုက်မိကြ လေသည်. . .

ဖေမြင့် ( More Sower's Seeds စာအုပ်မှာ အမည်မသိစာရေးသူ၏ Two Brothers )

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

10 comments:

  1. ဒီ ညီအစ်ကို နှစ်ယောက်လို စိတ်ထားအမြင် ကောင်းသူမျိုးတွေ လောကမှာ များခဲ့မယ် ဆိုရင် လောကကြီး ပိုလို့ သာယာဖွယ်မှာပဲ။ ထားတတ်ကြစေ ဆုတောင်းရင်း လေးလေးနက်နက် မှတ်သားသွားတယ်။ လေးစားအားပေးလျက်..။

    ReplyDelete
  2. လူသားအချင်းချင်းစာနာ ထောက်ထားမူ၊ ဆွေမျိုးအချင်းချင်း သိတတ်နားလည်မူ ညှာတာမူတွေကို တွေ့ရပါတယ်။ ဒီလိုမျိုးစိတ် လူတိုင်းတာ ထားနိုင်ရင် ကမ္ဘာလောကကြီးမှာ သာယာချမ်းမြေ့နေမှာပါ ။ ဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  3. လူတိုင်းသာ ဒီလိုစိတ်ထားမျိုးရှိမယ်ဆိုရင် သိပ်ကောင်းမယ်နော်
    ခုကတော့ ...

    ReplyDelete
  4. အင်း ဒီလိုသာဆိုရင်တော့
    တရားသူကြီးတွေ
    ရှေ့နေတွေ
    အလုပ်ပါးဦးတော့မယ်

    ReplyDelete
  5. မှတ်သားစရာကောင်းတဲ့ ပို့စ်လေးကို ဖတ်သွားပါတယ်ဗျာ အားပေးလျက်ပါ
    အဆင်ပြေပျော်ရွှင်ပါစေ

    ReplyDelete
  6. ကောင်းမွန်တဲ့စာပေလေးတွေ ဖြန့်ဝေပေးတာကျေးဇူး
    အထူးတလည်ရှာဖတ်မနေရတော့ဘူးပေါ့။

    ReplyDelete
  7. ကောင်းမွန်တဲ့စာပေလေးတွေ ဖြန့်ဝေပေးတာကျေးဇူး
    အထူးတလည်ရှာဖတ်မနေရတော့ဘူးပေါ့။ စာကြည့်တိုက်လေး တိုးတက်ပါစေ။

    ညခင်း

    ReplyDelete
  8. လူသားအားလုံး ဒီလို ညီအစ်ကိုလိုမျိုး ဖြစ်နိုင်ကြပါစေ။

    ReplyDelete
  9. ဒါမျိုးကရှိတော့ရှိတယ် ရှားမယ်ဗျ။ ကျနော်သာဆို ညတိုင်း အကိုဆီမှာတိတ်ချင်းတောင် မဟုတ်ဘူး ကားနဲ့
    အချီကြီးခိုးမှာ မိလဲ ညီအကိုချင်း ဆိုတော့
    နောက်တာပေါ့ဗျာ အဟီး

    ReplyDelete
  10. လာမှတ်သားသွားပါတယ်ဗျာ

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။