ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဖြည့်းဖြည်းလာလေ အို. . . . အဆွေ

ဖြည့်းဖြည်းလာလေ အို. . . . အဆွေ (Slow Dance)

ကလေးများ ချားရဟတ်စီးရင်း
ပျော်ရွှင်မြူးတူးနေကြတာကို
သင်စောင့်ကြည့်ဖူးပါသလား. . .
ဒါမှမဟုတ် မိုးပေါက်များ မြေကြီးပေါ်
သွန်းဖြိုးရွာချနေသံကို
နားစိုက်နားထောင် ဖူးပါသလား..
လိပ်ပြာလေးတစ်ကောင်
ဟိုဟိုဒီဒီပျံသန်းရာကို လိုက်၍ကြည့်ဖူးပါသလား . . .
ဒါမှမဟုတ် နေမင်းကြီး
အနောက်ဂေါယာကျွန်းဆီ ယွန်းသွားသည်ကို
ငေးမောခံစားကြည့်ဖူးပါသလား . .
သင့်အရှိန်ကလေးကို လျှော့ချလိုက်ပါဦး. . .
သင် ကနေသောအကကို မြန်မြန်ကြီးမကပါနဲ့. . .
အချိန်ကသိပ်မကျန်တော့ဘူး . .
ဂီတသံစဉ်ကလေးက ပြီးဆုံးသွားတော့မယ်. . .

သင်ယင်ကောင်ငယ်တစ်ကောင် ပျံသန်းရာနောက်ကို
လိုက်ပြီးကြည့်ဖူးပါသလား . .
တစ်စုံတစ်ယောက်ကို မင်းနေကောင်းရဲ့လားလို့
မေးတဲ့အခါမှာ ပြန်ဖြေသံကို ကြားမိရဲ့လား . .
တစ်နေ့တာအလုပ်တွေပြီးဆုံးချိန်မှာ အိပ်ရာထဲ
လဲလျောင်းရင်း မင်းခေါင်းထဲမှာ နောက်တစ်နေ့
လုပ်ရမယ့် အလုပ်ဝတ္တရားတွေကို တန်းစီပြီး
တွေးတောနေမိတယ် မဟုတ်လား . .
သင့်အရှိန်ကလေးကို လျှော့ချဖို့လိုအပ်နေပြီ
သင့်အကကို မြန်မြန်ကြီးမကလိုက်ပါနဲ့. .
အချိန်ကသိပ်မရှိတော့ဘူး. .
ဂီတသံစဉ်လေးက ပြီးဆုံးသွားတော့မယ်. .

သင့်သားလေး ဖြစ်စေချင်တဲ့ ဆန္ဒလေးတစ်ခုကို
မနက်ဖြန်မှလုပ်ကြတာပေါ့ သားရယ်လို့
အချိန်ဆွဲမိတဲ့အခါ. .
သင်က အလောတကြီးနဲ့မို့ သူ့မျက်ဝန်းထဲက
ဝမ်းနည်းနေတာလေးကို မတွေ့မြင်မိဘူး မဟုတ်လား . .
သင့်မိတ်ဆွေနဲ့ ဝေးကွာအဆက်ပြတ်သွားရတာ
သင်က သူ့ကို တွယ်တာခင်မင်မှုနဲ့ နှုတ်ဆက်ဖို့
အချိန်လေးတောင် မပေးနိုင်လို့ဆိုတာ
သတိထားမိရဲ့လား . .
သင့်အရှိန်လေးကို လျှော့ချဖို့ မုချလိုအပ်နေပြီ. .
သင့်အကကို မြန်မြန်လေး မကလိုက်ပါနဲ့
အချိန်က သိပ်မရှိတော့ဘူး . .
ဂီတသံစဉ်ကလေး က ပြီးဆုံးခါနီးနေပြီ. .

သင်ရည်မှန်းရာ တစ်နေရာကိုရောက်ဖို့
အရှိန်ပြင်းစွာနဲ့ သွားမယ်ဆိုရင် သင်ရောက်သွားတဲ့အခါ
ပျော်ရွင်ခံစားရမယ့် ခံစားမှုကို
တစ်ဝက်လောက်ပဲ ရတော့မှာအမှန်ပါ. .
သင့်တစ်နေ့တာ ကို ပူပင်သောကတွေနဲ့
အလောတစ်ကြီးနဲ့ ကုန်ဆုံးစေမယ်ဆိုရင်တော့
ချစ်သူခင်သူမြတ်နိုးသူက ပေးအပ်လာတဲ့
လက်ဆောင်အထုပ်လေးကို
ဖွင့်မကြည့်ဘဲ အဝေးကို လွှင့်ပစ်လိုက်သလို
ဖြစ်ပါလိမ့်မယ်. . .
ဘ၀ဆိုတာ အပြေးပြိုင်ပွဲမဟုတ်ပါဘူး . .
ဖြည်းဖြည်းဖြတ်သန်းသွားကြပါစို့
တေးသံစဉ်လေး မပြီးဆုံးခင် ဂီတသံလေးကို
ခံစားနားဆင်ကြည့်ကြပါစို့. . .


(ဒီကဗျာလေးကိုရေးသူဟာ ကုလို့မရတဲ့ ကင်ဆာရောဂါကို ခံစားနေရပြီး ဘ၀မကူးခင်မှာ လူ့လောကမှာ ဆက်လက်နေထိုင်ခွင့်မရတော့ပေမယ့်. . သူများကိုတော့ ဘ၀ကို ပြည့်ပြည့်၀၀ အဓိပ္ပါယ်ရှိရှိနေသွား စေချင် ပါတယ်.)

ခင်စောတင့်

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

11 comments:

  1. မြစ်ကျိုးအင်းMay 5, 2009 at 12:37 PM

    ဖတ်နေရင်းနဲ့ အချိန်မကျန်တော့တာကို ပြောချင်မှန်း သိပေမယ့် ထူးထူးခြားခြား မဖြစ်မိသေးဘူး...
    အောက်ဆုံးမှာ ကဗျာရေးသူက ကုမရတော့တဲ့ ကင်ဆာ ရောဂါသည်ဆိုတာသိလိုက်ရတော့ ကဗျာလေးက ပီပြင်
    သွားတယ်...အဲဒီတော့မှ နောက်တခေါက်ထပ်ဖတ်တာ
    နာကျင်ခံစားလိုက်ရပါတယ်...
    ....ခင်မင်သောအားဖြင့်...

    ReplyDelete
  2. တကယ့်ခံစားချက်လေးနဲ့ရေးသွားတဲ့ ကဗျာတစ်ပုဒ်ပါဘဲ.။ရေးသားသူအတွက်တော့စိတ်မကောင်း
    ဖြစ်မိပါတယ်..

    ReplyDelete
  3. အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးနေတယ်
    ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ကြိုါ်စားရမယ်
    ကျေးဇူးပါနော် ..

    ReplyDelete
  4. ကဗျာလေးကို အထပ်ထပ် ပြန်ဖတ်ပြီး တရွေ့ရွေ့ကုန်ဆုံးနေတဲ့ အချိန်အကြောင်း စဉ်းစားမိသွားတယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ အချိန်တွေ များများပိုင်ဆိုင်ပြီး အေးချမ်းနိုင်ကြစေ ဆန္ဒထားမိတယ်။

    ReplyDelete
  5. ကျန်ရှိနေတဲ့ အချိန်လေးမှ အေးအေးဆေးဆေးလေး ဖြတ်သန်းတယ်လို့
    ခံစားသွားရတယ်ဗျာ။ စိတ်အေးချမ်း သာယာပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  6. အဓိပ္ပါယ် ပြည့်စုံသော ... စုစည်းအားကောင်းသော . ရည်ရွယ်ချက် မြင့်မားသော ကဗျာလေး ... ရင်နှင့်ရင်း၍ ခံစားခဲ့ပါသည် ..

    ReplyDelete
  7. ဖတ်ကြီးပြီးတော့ စာရေးသူကို တော်တော်ကျေးဇူးတင်မိပါတယ်...
    အတွေးလေးတွေ အများကြီးပါပြီး.. စေတနာနဲ့ပြောတဲ့ စကားတွေ မလို့ ပါ...
    ကဗျာစာရေးသူကိုတော့ မေတ္တာပို့ ပေးလိုက်ပါတယ်...
    စိတ်ချမ်းသာပါစေ....
    အမလည်း စိတ်ချမ်းသာပါစေ...

    ReplyDelete
  8. ထိတယ်ဗျာ ....
    စိတ်မကောင်းလဲဖြစ်မိတယ် .....

    ReplyDelete
  9. အင်မတန်ကောင်းတဲ့ အရေးအသား အတွေးအခေါ်တွေပါပဲ

    ReplyDelete
  10. ကဗျာလေးကောင်းလိုက်တာ။
    လာရောက်ဖတ်ရှုပါတယ်။

    ReplyDelete
  11. ကဗျာလေးခံစားသွားပါတယ်ဗျာ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။