ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လက်ထပ်ထိမ်းမြားခြင်း

လက်ထပ်ထိမ်းမြားတယ်ဆိုတာ
ကိုယ့်ကိုယ် ကို လူလားမြောက်ပြီလို့ ကြွေးကြော်တာ
လောကဓံကို စိန်ခေါ်လိုက်တာပဲ
ဒီအချိန်ကြမှ
တစ်ယောက်မျက်နှာ တစ်ယေက်
အမြဲတမ်းကြည့်နေလို့ မဖြစ်တော့ဘူး။

အောင်မြင်တဲ့သူတွေဟာ
သူတို့ဘ၀ရဲ့ အိမ်ထောင်ရေးကိုလည်း
အောင်မြင်အောင် ဖန်တီးယူကြတယ်။

တစ်ယောက်ကို တစ်ယောက်
ဘ၀တစ်သက်တာအတွက် ရည်မှန်းပြီး
နှစ်ကိုယ့်တစ်စိတ်ဘ၀နဲ့
အတူလက်တွဲ ရင်ဆိုင်ဖို့
ခြေလှမ်းစကြတာ

ဝမ်းသမုဒ္ဒရာ မခန်းခြောက်ရအောင်
အူသိမ်အူမဆိုတဲ့ မြစ်ချောင်းတွေ
မှန်မှန်စီးဆင်းနိုင်အောင်
ရုန်းကန်လှုပ်ရှားရမယ့် အချိန်မှာ
တူညီတဲ့ ခံယူချက်
တူညီတဲ့ ယုံကြည်ချက်နဲ့
လက်တွဲခဲ့ကြတာဖြစ်လို့

တစ်ယောက်နဲ့ တစ်ယောက်
နားလည်မှု အပြည့်နဲ့
ခွင့်လွှတ်နိုင်စွမ်းရှိကြရင်
အောင်မြင်အေးချမ်းနဲ့
မိသားစု ဘ၀ကို ရကြမှာပေါ့။

အိန်ဂျယ်(လ်)

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

  

5 comments:

  1. သိပါဘူး။ ခေါင်းစဉ်ဖတ်ပြီး ပန်းကဗျာတစ်ယောက် မင်္ဂလာတွေ ဘာတွေများ ဆောင်တော့မှာလားလို့။း)

    ReplyDelete
  2. အထင်မကြီးပါနဲ့ ရှင် ပန်းကဗျာ ကမပြောင်းလဲပါဘူး အရင်အတိုင်းပါပဲ :)

    ReplyDelete
  3. မရောက်တာအတော်ကြာပြီ သတိရပါသည်။

    ခင်မင်လျှက်
    မိုး

    ကိုယ်စိတ်နှစ်ပါးအေးချမ်းပြီးသာယာချမ်ေးမြ့သောဘဝကိုပိုင်ဆိုင်ပါစေရှင်းးး..

    ReplyDelete
  4. အေးချမ်းသာယာတဲ့မိသားစုဘ၀ကို ပိုင်ဆိုင်ခွင့်ရဘို့ဆိုတာ
    နှစ်ဦးနှစ်ဖက်နားလည်မှု ယုံကြည်မှု ချစ်ခင်လေးစားမှုတို့ရှိဘို့လိုတာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကျွန်တော် ပြန်ပေါ်လာပြန်ပြီဗျို့။

    http://zoxy.myanmarwebstudio.com.

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။