ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ချမ်းသာခြင်း

No man is happy who does not think himself so.

စိတ်မချမ်းသာဘူးလို့ ထင်နေသမျှ
ဘယ်သူမျှ ပျော်ရွှင်မှုကို ရမှာ မဟုတ်ဘူး။

လူတွေရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေထဲမှာ
ပျှော်ရွှင်မှုမပါတဲ့ ဆက်ဆံရေးဟာလဲ
ခြောက်ကပ်ကပ် နိုင်လှပါတယ်။

ပျော်ရွှင်မှုမပါတဲ့ အလုပ်ဟာလဲ
လူကို ပိုပြီးတော့ ငြီးငွေ့စေပါတယ်။

ပျော်ရွှင်မှုမပါတဲ့ အောင်မြင်ရေးဟာ
လူကို ပိုပြီး အထီးကျန်စေပါတယ်။

ဒီတော့ လူဟာ
ပျော်ရွှင်မှုကို ရှာကြံပြီး ယူရပါတယ်။

ရှာကြံပြီး ပျော်ရွှင်မှုကို ယူတယ် ဆိုလို့
အပျက်သဘောကို မတွေးရပါဘူး။

စိတ်ကြည်လင်အေးချမ်းမှုကို ပြောတာပါ
ပျော်ရွှင်မှုကို တခြားမှာ သွားရှာစရာမလိုပါဘူး။

မိမိတို့ နေ့စဉ် လုပ်နေတဲ့ အလုပ်
မိမိတို့ နေ့စဉ် သွားနေတဲံ လမ်းကြောင်း
အဲဒီ ဖြတ်သန်းမှုတွေထဲမှာပဲ စိတ်အေးချမ်းမှုကို ရှာရမှာ ဖြစ်ပါတယ်။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ပူလောင်မှု မရှိတဲ့ စိတ်ကိုခေါ်တာပါ။

မိမိတို့အနေနဲ့ ကိုယ့်ဘဝ
ပျော်ရွှင်အော်င်
ငြိမ်းချမ်းအောင်
တိုးတက်အောင်
စိတ်အေးချမ်းသာစွာဖြင့် လုပ်ရင် ပိုပြီးတော့ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။

အိန်ဂျယ်လ်



အားလုံးကိုချစ်ခင်လေးစားလျှက်. . . . 

 

4 comments:

  1. ပျော်ရွင်မှုမပါတဲ့ နေ့စဉ်ဖြတ်သန်းမှုတွေက ဘာအလုပ်ပဲဖြစ်ဖြစ် တကယ်ခြောက်ကပ်ကပ်နိုင်လှပါတယ်လေ...။ မှတ်သားစရာလေးပါ...။

    ချမ်းမြေ့ပါစေဟု
    ချယ်ရီမြေ

    ReplyDelete
  2. ဟုတ်ကဲ့ပါ ပန်းကဗျာ ... ။ ပျော်ရွှင်မှုကို နေ့စဉ် လူနေမှုတွေထဲက တွေ့အောင် ရှာကြည့်ပါဦးမယ် ... :)

    ReplyDelete
  3. ဒီအပိုဒ်လေးကို သဘောကျတယ်။
    "မိမိတို့ နေ့စဉ် လုပ်နေတဲ့ အလုပ်
    မိမိတို့ နေ့စဉ် သွားနေတဲံ လမ်းကြောင်း
    အဲဒီ ဖြတ်သန်းမှုတွေထဲမှာပဲ စိတ်အေးချမ်းမှုကို ရှာရမှာ ဖြစ်ပါတယ်။"

    ReplyDelete
  4. မိမိရဲ့ပျော်ရွှင်မှု စိတ်ဆင်းရဲမှုကို မိမိကလွဲပြီး တစ်ခြားသူဖန်တီးလို့မရဘူးလို့ ယူဆတယ် မေရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။