ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဘုရားခြေတော်ရင်းကို ဦးခေါင်းဖြင့်ပွတ်တိုက်၍ ယသော်ဓရာ ရှိခိုးနေပုံ

ကပိလ၀တ်နေပြည်တော်သို့ သွားရောက်၍ နောက်တစ်နေ့၌ ဆွမ်းခံကြွတော်မူသော ဘုရားရှင်ကို သုဒ္ဓေါဒနမင်းကြီးလာ၍ နန်းတော်သို့ ပင့်ကာ မွန်မြတ်သော အာဟာရတို့ကို ဆက်ကပ် ဘုဉ်းပေးပြီးသည့် အဆုံး ၌ တစ်နန်းတော်လုံး အုံးအုံးကြွက်မျှ ဖူးမြော် ကန်တော့ရောက်ကြသော်လည်း ယသော်ဓရာ မိဖုရားကား " မောင်တော်ဘုရားမှာ ငါ၏ ကျေးဇူးရှိလျှင် ကိုယ်တိုင် ကြွလာလိမ့်မည်. . . ထိုအခါကျမှ အားရအောင် ရှိခိုးမည်ဟု " ပြောဆိုက မထွက်လာဘဲ နေလေသည်. .

ထိုအခါ ဗုဒ္ဓမြတ်စွာသည် ကြွတော်မမူလျှင် ပူပန်အားသဲ၍ ယသော်ဓရာ ရင်ကွဲမည်ကို သိမြင်တော်မူသောကြောင့် ခမည်းတော်အား သပိတ်ပေး၍ အဂ္ဂသာဝက နှစ်ပါးနှင့် အတူ ယသော်ဓရာ နန်းဆောင် သို့ ကြွတော်မူက ခင်းထားပြီးနေရာ၌ ထိုင်တော်မူလေသည်. . . . ထိုအခါ ယသော်ဓရာသည် ကပျာကယာလာ၍ ခြေဖမျက်တော် နှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပွေ့ပြီးလျှင် မျက်နှာ ဦးခေါင်းကို ခြေဖမိုးပေါ်မျာ လှိမ့်ကာ လှိမ့်ကာ အားရအောင် ကန်တော့ရှာလေသည်. .

YASODHARA REVERENCING THE BUDDHA BY PLACING HER HEAD UPON HIS FEET

The day after his arrival at Kapilavatthu the Buddha went on his alms round. King Suddhodana came and conducted him to the palace and served him with food. After the meal, there was great excitement in the palace and all but Princess Ysodhara came to pay their reverence to the Buddha. Yasodhara thought " Certainly if there is any virtue in m, the Nobel Lord Himself will come to my presence. Then will I reverence him as much as I like".

The Buddha saw that if he did not visit her, Yasodhara would break her heart with grief. So he handed his bowl to the King, and accompanied by his two chief disciples entered the chamber of Yasodhara and sat on the prepared seat, saying, " Let the King daughter reverence as she likes". Swiftly she came, clasped his came, clasped his ankles and placing her heard on his feet, reverenced him as she like.

အားလုံးကိုချစ်ခင်လေးစားလျှက်. . . .

6 comments:

  1. ပုံမမြင်ရဘူး ... ပုံတင်ထားလားဟင် ?

    ReplyDelete
  2. မယ်ယသော် ရင်ကွဲမှာစိုးတာလည်း တစ်ကြောင်း၊ ဘဝအဆက်ဆက် အနစ်နာခံ ပါရမီဖြည့်ကျင့်ဘက်ဖြစ်လို့ ကျေးဇူးရှိတာတစ်ကြောင်း။ ဒါကြောင့် ယသော်ဓရာနန်းဆောင်တော်ကို မြတ်စွာဘုရားကိုယ်တော်တိုင် ကြွရောက်တော်မူခြင်းဆို ပိုမှန်မယ်။

    ReplyDelete
  3. Your Question ပုံမမြင်ရဘူး ... ပုံတင်ထားလားဟင် ?

    Here you go http://www.dhammapalace.org/2012/03/blog-post.html

    ReplyDelete
  4. တခုလောက်သိချင်ပါတရ်.
    သိတဲ့သူများရှိရင်ပြောပြပေးပါ
    ယသော်ဓရာ ဆုံးပါးသွားတော့အရပာတဖိုလ် ရသွားလားသိချင်ပါတယ်.

    ReplyDelete
  5. တခုလောက်သိချင်ပါတရ်.
    သိတဲ့သူများရှိရင်ပြောပြပေးပါ
    ယသော်ဓရာ ဆုံးပါးသွားတော့အရပာတဖိုလ် ရသွားလားသိချင်ပါတယ်.

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။