ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

လောကနီတိ

  • စာပေကျမ်းဂန်မန္တာန်ဂါထာတို့သည် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း မပြုလျှင် ပျောက်ပျက်တတ်၏။
  • ထကြွလုံ့လ ၀ီရိယမရှိလျှင် စည်းစိမ်ဥစ္စာသည် ဆုတ်ယုတ်ကုန်ခန်းတတ်၏။
  • Scriptures and mantras not recited get lost.
  • Wealth, without being industrious may diminished and perish.

  • အဆင်းလှသူအတွက် ပျင်းရိခြင်းသည် အညစ်အကြေးတည်း။
  • တရား အားထုတ်သော ရဟန်းအတွက် မေ့လျော့ခြင်းသည် အညစ်အကြေးတည်း။
  • Laziness is a taint to good appearance.
  • Forgetfulness is a taint to the ascetic.
  • လုံ့လမရှိသော သူတို့၏ ဥစ္စာကား လုံ့လကြီးသူတို့ထံ ဧကန်မလွဲရောက်မြဲဖြစ်၏။
  • လူပျင်းလူညံ့ တို့သည်ကား အပတ်တကုတ် အားမထုတ်ပဲ ရှေးအတိတ်ကံသာ အားကိုးရာ ပဓာနဟု ဆိုစမှတ်ပြုကြကုန်၏။
  • The property of the non-industrious will inevitably get into the hands of the in dustrious.
  • The lazy and stupid usually say that previous fate alone is enough to rely on without making any effort.
  • လူတော်လူကောင်းတို့သည် ပြုဖွယ်ကိစ္စ မှန်သမျှကို လုံ့လစိုက်ထုတ်အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ ဆောင်ရွက်တတ်ကြကုန်၏။
  • ကြံတိုင်းမအောင် ဆောင်တိုင်းမမြောက်ခဲ့လျှင်လည်း ကဲ့ရဲ့ငြိုငြင် ပြစ်တင်ဒေါသ အဘယ်မှာလျှင် ခံရဖွယ်ရှိအံ့နည်း။

  • The good and diligent put their energies into what ever they do.
  • If all endeavours arrive at not fruitful end, no blame or anger is placed on the outcome.
အားလုံးကိုချစ်ခင်လေးစားလျှက်...





6 comments:

  1. အမရေ..
    လာဖတ်သွားတယ်

    ကျေနပ်မိတယ်
    အားရဝမ်းသာမိတယ်

    အခါအခွင့်သင့်လျှင်
    တင်ပေးပါလို့ ထပ်မံတောင်းဆိုချင်ပါတယ်..။

    လေးစားစွာဖြင့်
    စည်သူ။

    ReplyDelete
  2. ခုလိုလေး အင်္ဂလိပ် မြန်မာလိုလေး
    ဖော်ပြပေးတာ တကယ်ကောင်းတယ်ဗျာ
    အားပေးနေတယ်နော်....

    ReplyDelete
  3. မှတ်သားသွားပါတယ် အမတို့ရေ..ပြန်လာရင် မှာထားတာတွေ လာယူကြဦးနော်
    တစ်ယောက်က ခရု၊တစ်ယောက်က ကျောက်ခဲ ဟုတ်တယ်မဟုတ်လား :P

    ReplyDelete
  4. လောကနီတိတွေ လာဖတ်ပါတယ်။ မှတ်သားသွားပါတယ် ခင်ဗျာ၊ ကြိုးစားလိုက်နာ ပါ့မယ်။

    ReplyDelete
  5. သိပ်ကောင်းတယ်အန်တီ

    နောက်ခံ လေးကို တစ်မျိုးထဲထားလို့ ရေးရင် ပိုကောင်းမယ် ခုတစ်ညိုတော်ကြားတစ်ညိုလုပ်နဲ့

    ReplyDelete
  6. မှတ်သားစရာများ မှတ်သားသွားပါကြောင်း....။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။