ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

ဝါခေါင်လဖွဲ့

ဝါခေါင်လဖွဲ့

မျှော်ရောင်သာပန်းတော့တယ်၊

သောင်ကမ်းငယ်ပြည့်လျှံ၊ နဒီငယ်ခြံသည်၊

ပြည်မင်းစံရွှေဘုံက၊

အကုန်ထူးတဲ့လ ကိုလေး။

ရာသီသိဟ်ငယ်၊ နေမိန္ဒရ

ဝါခေါင်လမို့၊ တောင်များထွတ်စွန်၊

သရ၀ဏ်လဲ၊ ရောင်ဝှန်တေဇာ၊

ပန်းခတ္တာနှင့်၊ ခိုင်ညှာပွင့်ကြူ၊

တိုင်းပြည်သူတို့၊ လှူစာရေးတံ၊

သဘင်စုံခံဆဲမို့၊ လွမ်းရန်ဖွဲ့ သည်ချိန်ကို၊

ဒေ၀ရိန်ပဇ္ဖုန်မှူးငယ်က၊ မြူးလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

ဝါခေါင်လ

ဝါခေါင်လသည် မြန်မာများ၏ ငါးလမြောက်ဖြစ်ပြီး မိုးဥတုတွင်ပါဝင်ကာ ဇူလိုင်၊ သြဂုတ်လ၌ ကျရောက်သည်။ မိုးများစွာ ရွာသွန်းသော လဖြစ်၍ မြစ်ရေ၊ ချောင်းရေတို့ တိုးကာ ကမ်းလုံးပြည့် လျှံတက်လေ့ရှိသည်။ ထို့ကြောင့် "၀ါဆိုဝါခေါင်ရေဖောင်ဖောင်" ဟု ပညာရှင်များက စာဖွဲ့ကြသည်။
အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူ၏။ ထိုစဉ် အခါဝယ် အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တာရယ် ဖြစ်ပေါ်ခဲ့သည်။ ဆွမ်းအလှူရှင်များသည် တစ်ကျောင်းလုံးရှိ သံဃာတော်များကို လှူဒါန်းရန် အခက်အခဲရှိနေ၍ မြတ်စွာဘုရားအား လျှောက်ထားကြရာ ဘုရားရှင်က စာရေးတံမဲချ၍ လှူဒါန်းစေခဲ့ရာမှ စာရေးတံမဲပွဲတော် စတင်ပေါ်ပေါက်ခဲ့သည်။
ရှေးမြန်မာများက ၀ါခေါင်လတွင် သံဃာတော်များ စုဝေးတည်ရှိ ၀ါကပ်နေချိန် ဆွမ်းကိစ္စ လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် စာရေးတံမဲပွဲတော်ကို ၀ါခေါင်လတွင် ကျင်းပခဲ့ဟန်တူပေသည်။ ထို့ကြောင့် စာရေးတံမဲပွဲသည် ၀ါခေါင်လ၏ ရာသီပွဲတော်ဖြစ်လာခဲ့သည်။

Wagaung

It is the fifth Myanmar month. It is in July-August, the rainy season, when rivers are in spate.
In the time of Buddha, when the Lord was staying at Weluwun Monastery in Yazagyo, some disciples supplicated to him the matter of individual disciples having some difficulty to donate meals and alms for all the Sangha at the monastery at the same time, whereuponBuddha laid down a way of disciples drawing lots to determine which monk to offer meals and alms.
Thus began the practice at the time of the year to hold lot-drawing offerings of meals and alms to the Sangha, although the exact time for such offerings is not definitely prescribed.


အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

7 comments:

  1. ထိုကဗျာလေးအရ ၀ါခေါင်လတွင်

    မြစ်ကမ်းတွေ ရေလျှံ၊
    ပန်းခတ္တာ ခိုင်ညှာပွင့်စုံနဲ့
    ရာသီ သိဟ်မှာမို့
    စာရေးတံ အလှူပွဲ ခဲလို့ညံ၊

    မှတ်စုလေး ထုတ်သွားပါတယ်။

    ReplyDelete
  2. အင်း..ရာသီဖွဲ့လေးကို ကြည်ကြည်နူးနူးလေး ဖတ်သွားပါတယ်ဗျာ...

    ReplyDelete
  3. အစ်မရေ.. စာတွေလာရောက်ဖတ်သွားပါတယ်..
    ဘာသာရေးနဲ့ပတ်သတ်လို့ မြန်မာမိန်းကလေးတွေ အရေးအသားနည်းတာ တွေ့ရပါတယ်.. အစ်မခုလိုမျိုး စိတ်ဝင်တစားရေးသားပေးတဲ့အတွက်လည်း သာဓုခေါ်ပါတယ်ဗျာ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ... အစ်မ

    ReplyDelete
  4. ကိုကောင်းပြောသလိုပဲ မှတ်သားဖွယ်ရာစာစုလေး
    တွေကို အစဉ်မပြတ် တင်ပေး နေတာ ချီးကျူးမိပါတယ်.။

    ReplyDelete
  5. ကဗျာလေးကို ခံစားရင်း မှတ်သားသွားပါတယ်ခင်ဗျာ
    ဆက်လက်ရေးသားနိုင်ပါစေ

    ReplyDelete
  6. လာရောက်ဖတ်ရှုသွားပါတယ်အမရေ

    အခုမှပဲ စာရေးတံမဲပွဲကို သတိရမိတော့တယ်
    အခုလို ဘာသာရေးလဲပါတော့လေ ဖတ်လိုက်တ်ာနဲ့
    စိတ်ထဲကနေပြီး အေးချမ်းသွားတယ်အမရေ..

    ပျော်ရွှင်ဝမ်းမြောက်စွာဖြင့်
    စည်သူ။

    ReplyDelete
  7. ဝါဆိုဝါခေါင် ရေဖောင်ဖောင် လို့ပဲ ကြားဖူးတယ်။ ခုလိုကဗျာတော့ ခုမှပဲ ဖတ်ဖူးတယ်။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။