ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်

မိန်းမကောင်းအင်္ဂါ (၆၄) ရပ်
ယင်းတို့ ကား
(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
(၃)စိတ်လက္ခဏာ ...................................... ၆ ရပ်
(၄)လက်ဖ၀ါးလက္ခဏာ .................................... ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ်
(၆)အသံလက္ခဏာ ...................................... ၃ ရပ်
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ်
(၈)သွားလက္ခဏာ ...................................... ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင့်  လက်ဖ၀ါးလက္ခဏာ ဖွင့်ဆိုချက်ကို ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့် တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၎။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ့ သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို့ သွားခြင်း
၁၀။သိမ်မွေ့ သော ခါးရှိခြင်း
၁၁။သိမ်မွေ့ သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ့ သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို့ အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို့ မွှေးသောကိုယ်နံ့ ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၎။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန့် နှင့်သာယာသောအသံရှိခြင်း
၃။ဥသြသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့် ဝန်းနှင့် တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၎။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည့် ဖြိုးသောပါးရှိခြင်း
၆။မှဲ့  ၀က်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ့ သို့  နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့် ဖြတ်သည့် အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ ရှိခြင်း
၂။ကြာညိုပန်းနှင့် တူသောမျက်စေ့ (အချို့ မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၎။ပဒုမ္မာကြာကဲ့ သို့  အချို့ မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ့ သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

ဆရာကြီး ဦးထွန်းလှ

အားလုံးကိုချစ်ခင်လေးစားလျှက်...
may16

14 comments:

  1. ထမင်းဟင်းကောင်းကောင်းချက်တတ်တာလည်း မပါဘူး ... (VoV)
    သေသေချာချာဖတ်သွားပါတယ်ခင်ဗျ ... :D

    ReplyDelete
  2. ;no1; အမလေး များလိုက်တဲ့အချက်တွေနော်။ တစ်ခုချင်းစစ်မှ...တိန်...:P

    (ဗိုက်ပူ ဖင်ကောက်၊ လိပ်ခါး ဖားဖင်။ ချိုကျိုး နားရွှက်ပဲ့ ) စစ်ဆေးတွှေ့ရှိပါကြောင်း...

    ReplyDelete
  3. မမကြီးရေ...

    တားတားချာကြည့်တယ်နော်

    အထုချိုရင် နှစ်ရက်ချိတွားဘီး

    အယောက်မှ တွေ့ တွေ့ဒေးဘူး...ဟီးဟီး

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  4. အဲဒါတွေ ရှာမတွေ့တော့ရင် ဘယ်လိုလုပ်ရပါ့

    ReplyDelete
  5. ဖတ်ပီး တစ်ခုချင်းစီ စဉ်းစားမိတယ်။ :)

    ReplyDelete
  6. တချို့အချက်တွေက လတ်တလော ဘယ်လိုမှ မမြင် မဆုံးဖြတ်နိုင်စရာတွေဖြစ်နေတယ်ဗျ ဟတ်ဟတ် :P

    ReplyDelete
  7. အဲလို (၆၄) ရပ်နဲ့ ပြည့်စုံတဲ့ သူမ တစ်ယောက်တော့ မျှော်လင့်ချင်သေးတယ် ... ဟဟ
    အခုခေတ်လို ယောက်ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ရပ်တည်နေတဲ့ အမျိုးကောင်းသမီးတွေမှာ အဲအချက်တွေ အကုန် ရှိပါ့မလားဗျ စဉ်းစားမိတယ် ...း)

    ခင်မင်လေးစားစွာဖြင့်

    ReplyDelete
  8. ကောင်းခြင်းငါးသွယ်မဟုတ်တော့ဘူး..
    ကောင်းခြင်း ၆၄သွယ်ဖြစ်နေပြီ..
    ရှယ်ဘဲ..
    အဲဒီလိုမိန်းကလေးမျိုးရှိရင် လက်တို့ လိုက်ဦးနော်
    ချက်ချင်းပြေးလာခဲ့မယ်..

    ReplyDelete
  9. စိတ်ဝင်တစား ဖတ်သွားပါတယ် ညီမလေးရေ။ ပြန်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ညီမလေး may16...

    ReplyDelete
  10. အ ချက် တွေ ကို တိုက် စစ် ကြည့် လိုက် တော့ ......

    အဟီး အများကြီးလိုသေးတယ် .... ၅၀ ၅၀ လောက်ဆိုလဲ မဆိုးသေးပါဘူးနော် .... :P

    ReplyDelete
  11. တော်ပြီ... လူပျို ကြီးပဲလုပ်တော့မယ်...။ ဒီလောက် ရွေးရခက် မရွေး တော့ဘူးဗျာ... ဟီးး

    စတာပါ... မှတ်သားထားပါတယ်..။ တစ်ချိန်ချိန်တော့ အသုံးဝင်မယ်လို့ မျှော်လင့်မိပါရဲ့

    ReplyDelete
  12. တချို့ဟာတွေကမမြင်ရဘူးလေ
    ဟီးဟီး

    ReplyDelete
  13. ဒီ၁သက်မတွေ.တော.ပါဘူးဂျာဒါပေမယ့်မှတ်ထားတယ်
    ကျေးဇူးတင်ပါတယ်

    ReplyDelete
  14. တယ်ဟုတ်ပါလား အဲဒါတွေ ခုခေတ်မှာ မှန်ပါတော့မလားဗျာ ဘာလို့လဲဆိုတော့ ခုခေတ်က သိတဲ့ အတိုင်းပဲ အမျိုးမျိုး အလှဆင်လို့ ရနေတော့ မိန်းမတယောက်ရဲ့ သူ့မူလ ပုံစံ ခက်မှန်းရခက်နေပြီလေ။ အဲလိုဆိုရင်ရော အကျုံးဝင်တာပဲလား မသိဘူးနော် စဉ်းတော့ စဉ်းစားစရာပါပဲ။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။