ပညာဒါနအတွက် ဧရာဝတီစာကြည့်တိုက်သို့ စာအုပ် စာတမ်းများ၊ အလှူငွေများ၊ ပရိဘောဂများ လှူဒါန်းလိုပါက ၊ ဧရာဝတီစာကြည့်တိုက် မြို့တော်ခန်းမ ကမ်းနားလမ်း ပုသိမ်မြို့သို့ ပေးပို့ လှူဒါန်းနိုင်ပါသည်။

စိတ်ပူပန်မှု


လူတိုင်း စိတ်ထဲမှာ ပူပန်ကြောင့်ကျဖြစ်ရတဲ့အခါ နေမထိထိုင်မသာ ဖြစ်တတ်ကြပါတယ်.. . စိုးရိမ်စိတ်ကြီးမားသူတွေရဲ့ စိတ်ဟာ အမြဲပူပင်နေတတ်ကြတယ် . . . စိတ်ပူပင်တယ်ဆိုတာ သံယောဇဉ်ရဲ့ အပိုင်းအစတစ်ခုလည်း ဖြစ်ပါတယ်. . . .
စိတ်ပူတယ်ဆိုတာ စိုးရွံ့ခြင်းတစ်မျိုးလည်းဖြစ်ပေသည်. . . . ငါဒီအလုပ်လုပ်လို့ အောင်မြင်နိုင်ပါ့မလား ဆိုတဲ့ သံသယစိတ်၊ ဒွိဟစိတ်နဲ့ စိုးရိမ်ပူပန်နေမယ့်အစား ဖြစ်အောင်လုပ်မယ်ဆိုသည့် ဇွဲစိတ်ကို မွေးကြရမည်ဖြစ်ပါတယ်. . . ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း နှလုံးသွင်းရမှာဖြစ်ပါတယ်. . .
စိတ်ထဲမှာ သံယောဇဉ်ရဲ့ အင်အားတွေ ကြီးမားနေတဲ့အခါမှာလည်း စိတ်ပူပန်တတ်ကြပြန်တယ်. . . သူတစ်ပါးအတွက် ကိုယ့်မှာ ပူပင်နေရတာမျိုးပေါ့ . . . . တစ်ကယ်တော့ ပူပင်စိတ်ဆိုတာ ဘယ်လိုမှ မအေးမြနိုင်ပါဘူး. . . . . စိတ်ပူနေရမှတော့ စိတ်ချမ်းမြေ့နိုင်မှုမရှိနိုင်တော့ပါဘူး. . .
စိတ်ပူတယ်ဆိုတာ ကိုယ့်စိတ်ကိုယ် ဒုက္ခပေးခြင်း တစ်မျိုးပါပဲ. . . စိတ်ပူတဲ့ ခံစားမှုဟာ ဘယ်သူ့ကြောင့်မှ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး. . . ကိုယ့်ကိုယ်ကိုယ် ပေးတဲ့ သောက တစ်မျိုးပါ. . .
လောကဇာတ်ခုံကြီးပေါ်မှာ ကံဇာတ်ဆရာ အလိုကျ လူတွေဟာ ကပြကြရတာဖြစ်ပါတယ်. . . .သူစေရာ သွားရမှာပါ. . . သူဖြစ်ချင်ရာ ဖြစ်ရမှာပါ. . . စိတ်ပူနေရုံနဲ့ ကိုယ့်အတွက် ဘာမှ မထူးလာပါဘူး . . . စိတ်ဆင်းရဲရတာပဲ ဖြစ်မှာပါ. . .
ဒါကြောင့်စိတ်ကို အေးအေးထားတတ်အောင် လေ့ကျင့်ကြရမယ်. . . အချိန်တန်ရင် ဖြစ်သင့်တာတော့ ဖြစ်လာမှာပါ ကြိုးစားရမှာ က မိမိတို့ရဲ့တာဝန်ပါ. . . အားပေးခြင်းသာ ကိုယ့်စေတနာဖြစ်ပါတယ်. . . .

စိတ်ပူခြင်းများကို အတတ်နိုင်ဆုံးလျှော့ချနိုင်ပါစေ. .
ဖြိုးသာရ

အားလုံးကိုချစ်ခင်လေးစားလျှက်...
ပန်းကဗျာ

6 comments:

  1. ဘာပဲ ပြောပြော ပူပန်ကြောင့်ကြ စိတ်တော့ ဘယ်သူမှ ဖျောက်ဖျက်မရလောက်ပါဘူး။ ပုထုစဉ်တွေ ဆိုတော့လဲ ဒီလိုပါပဲ ပူပန်စိတ် အနဲနဲ့ အများပဲ ကွာဟ သွားမှာပါ။ ဖတ်မှတ်သွားပါကြောင်း။

    ReplyDelete
  2. ဟုတ်ပါတယ်ဗျာ..။

    စာထဲကအတိုင်းပဲလို့

    ပြောပါရစေ..။

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  3.း)
    မှတ်သွားပါတယ်
    အမြဲတမ်း လာလိုက် ဖတ်လိုက် မှတ်လိုက်ပါပဲ
    အိမ်သိပ်မလည်ဖြစ်ဘူး
    စိတ်မဆိုးနဲ့နော်း)

    ReplyDelete
  4. ဟုတ်ပ..ပူနေရတာပဲ တနေကုန်.. ဟိုအတွက်ဒီအတွက် စုံနေတာပဲ...

    ReplyDelete
  5. စိတ်ပူတတ်တဲ့ အစ်မတော့ သေချာ ဖတ်မှတ်သွားပါတယ်။ ကျေးဇူးညီမလေးရေး)

    ReplyDelete
  6. မှန်ဧ။်။
    အားလုံးကို လိုက်ပူနေရရင် တော့..မလွယ်ဘူး.. အေးဆေးနေလွန်းပြန်တော့လည်း.. အပြောခံရဦးမယ်.။

    ရှုပ်ဧ။်။။။။

    ReplyDelete

အကြံပြုပေးခဲ့သူများ အားလုံးကို အထူးကျေးဇူးတင်လျှက်ပါ. . . .


ဧရာဝတီစာကြည့်တိုက်(ပုသိမ်မြို့)ဘလော့လေးမှ နှုတ်ခွန်းဆက်သပါသည်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။